အလုပ်နဲ့ ပတ်သတ်တဲ့ presentation ဖြစ်စေ၊ ကျောင်းက လုပ်ခိုင်းတဲ့ presentation ဖြစ်စေ ဒီနေ့ခေတ်မှာ အလွယ်တကူ ဖန်တီးနိုင်နေပါပြီ။ အရင်ခေတ်က presentation တစ်ခုဖန်တီးဖို့အတွက် Powerpoint ရှိမှ အလုပ်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရွေးချယ်စရာတွေက အများကြီးရှိလာပါတယ်။ Google product ဖြစ်တဲ့ Google Slides ကို အသုံးပြုပြီး presentation တွေဖန်တီးနိုင်သလို Canva ကို အသုံးပြုပြီး အလွယ်တကူ presentation slide တွေဖန်တီးလို့ရပါတယ်။
Canva က photo content တွေကောင်းကောင်းလုပ်လို့ရတဲ့ tool တစ်ခုဖြစ်ပါတယ်။ Photoshop မရှိပဲနဲ့ computer နဲ့ website ရှိရုံနဲ့ ပြင်လို့ရတဲ့ tool ဆိုလည်း မမှားပါဘူး။ ဘယ်လောက်ထိအဆင်ပြေလဲပြောရင် facebook post မှာ ကိုယ်တင်ဖို့အတွက် profile, cover နဲ့ အခြား post အတွက် size ပါ ချိန်ထားပြီးသား ဖြစ်တာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် သင်အပြင်မှာကြော်ညာ poster အတွက် ဖန်တီးချင်လည်း တန်းပြီး ဖန်တီးလို့ရပါတယ်။ Free version နဲ့ Paid version နှစ်မျိုးရှိပြီး paid version မှာတော့ creation ကောင်းကောင်းနဲ့ ပုံတွေကို ယူသုံးနိုင်ပါတယ်။ Presentation ကို Canva မှာသုံးချင်ရင် canva website ထဲကို အရင်သွားပါ။ Canva website ထဲမှာ presentation လုပ်ချင်ရင် presentation ကို ထောက်ပါ။ ဒါဆိုရင် သင် presentation ကို စလုပ်လို့ရပါပြီ။
Templates တွေက ဘယ်ဘက်အခြမ်းမှာရှိပြီး ညာဘက်မှာ သင်လုပ်တဲ့ sheet ရှိပါတယ်။ သင်လိုချင်တဲ့ design နဲ့ color ကို စိတ်ကြိုက် ပြင်ဆင်လို့ရပါတယ်။ ဒါ့အပြင် note မှာတ်ချင်ရင်လည်း note ကို မှတ်နိုင်ပါသေးတယ်။ နောက်ထပ် slide တစ်ခုအသစ်ကို လုပ်ချင်ရင် +Add a new page ကို နှိပ်ပြီး slide တွေ ဖန်တီးလို့ရပါတယ်။ အစမ်းသဘောကြည့်ချင်ရင်တော့ ညာဘက်ထိပ်ဆုံးထောင့်မှာ present ဆိုတဲ့ icon လေးကို ထောက်ပြီး အစမ်းကြည့်နိုင်ပါတယ်။ Graph စာရင်း ဇယားတွေလုပ်ချင်ရင်လည်း လုပ်လို့ရပါသေးတယ်။ Graph design ကို ဖန်တီးဖို့ template ထဲမှာရှိတဲ့ graph ပုံပါတဲ့ sheet ကို select လုပ်ပြီး ဖန်တီးလို့ရပါတယ်။ Graph ကို ပြင်ဆင်ချင်တယ်ဆိုရင်တော့ graph နေရာကို click နှစ်ချက်ထောက်ပြီး သင့် data တွေကို ထည့်သွင်းပြင်ဆင်နိုင်ပါတယ်။ အားလုံးပြီးဆုံးသွားရင်တော့ presentation ကို download လုပ်နိုင်သလို cloud ထဲမှာ သိမ်းထားနိုင်ပါတယ်။
Comments