HardwareProduct Reviews

PlayStation 5 ကို ဒီနှစ်ထဲ မိတ်ဆက်နိုင်မှာ မဟုတ်နိုင်တော့ကြောင်းပြောလိုက်တဲ့ Sony

0

Playstation လို့ပြောလိုက်တာနဲ့ ဂိမ်းဆိုင်တွေမှာ ပလတ်စတစ်ခုံတွေနဲ့ ဆော့နေကြတဲ့ ကလေးတွေကိုပြေးမြင်မိမှာ ဖြစ်ပါတယ်။ ဂိမ်းလောကမှာ ဆရာတစ်ဆူဖြစ်တဲ့ Playstation ကို Sony က မိတ်ဆက်ခဲ့တာ ဆယ်နှစ်ကျော်ပြီး အခုဆို playstation 4 တောင်ရောက်နေပြီဖြစ်ပါတယ်။ နည်းပညာတွေ နာရီပိုင်း မိနစ်ပိုင်း တိုးတက်လာတဲ့ခေတ်မှာ playstation ကလည်း အခုဆို  ရုပ်ပိုင်းဆိုင်ရာ Graphic တွေနဲ့  resolution 4K အထိဆော့နိုင်နေပြီ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ sony က မိတ်ဆက်ပွဲ မလုပ်ပေမယ့် Ps5 ကို နောက် ၁၂လလောက်ထိ မြင်ရမှာ မဟုတ်ကြောင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်​ Ps5 မှာပါလာမယ့် spec တွေကိုတော့ ပြောကြားခဲ့ပါတယ်။ Ps5 မှာဆိုရင် 8K Graphic အထိ support လုပ်နိုင်မှာဖြစ်ပြီး 3D Audio နဲ့ SSD Storage တွေပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် 8core CPU နဲ့လာမှာဖြစ်ပါတယ်။ Performance ပိုင်းတွေက အရင်က playstation တွေထက် အများကြီးသာလွန်လာပြီး speed ပိုင်းလည်း မြန်ဆန်လာတာကို တွေ့ရမှာလို့ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် Game Developer တွေအတွက် ပြင်ဆင်မှုတွေပိုကောင်းအောင် လမ်းတွေဖွင့်ပေးလာမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အလားတူ Playstation ရဲ့ပြိုင်ဖက် X-Box ကလည်း Playstation မှာပါတဲ့ specs တွေအတိုင်း X-Box new version ကို မကြာခင် မိတ်ဆက်မယ်လို့လည်း သိရပါတယ်။ အခုဆိုရင် Sony က  Playstation4 ရောင်းရတဲ့ အရေအတွက်က  ၉၆.၈ မီလီယံရှိသွားပြီး ၁၀၀ မီလီယံပြည့်ရင် playstation4 အရောင်းပိတ်မယ်လို့ပြောကြားခဲ့ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

iPhone စွဲနေသူတွေကို သတိပေးလိုက်တဲ့ Apple CEO Tim Cook

Previous article

ငွေရေးကြေးရေး app တွေက ပိုက်ဆံဘယ်လိုရှာသလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Hardware