Pinterest ဆိုတာဘာလဲ။ ပိုက်ဆံ ဘယ်လိုရှာပါသလဲ။
Pinterest ကို အင်တာနက်သုံးတဲ့လူတော်တော်များများ သိကြမှာပါ။ Company တန်ဖိုးကအခုဆို ကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုး ရှိပါတယ်။ Pinterest ကို Google နဲ့ Facebook မှာလုပ်ခဲ့တဲ့ ဝန်ထမ်းဟောင်းတွေဖြစ်တဲ့ Ben Silbermann နဲ့ Evan Sharp တို့က ၂၀၁၀ မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အဓိက Pinterest ရဲ့ လုပ်ဆောင်ချက်က ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို bookmark လုပ်သလို လုပ်လို့ရပြီး save ထားလို့ရပါတယ်။ ဥပမာ သင်က fashion design တွေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားလို့ search မှာ fashion, design လို့ရိုက်ပြီးရှာရင် နောက်တစ်ခေါက် pinterest ဝင်ကြည့်တဲ့အခါ fashion design တွေနဲ့ပတ်သတ်တာတွေ တွေ့ရပါလိမ့်မယ်။ ဒီမှာ မေးခွန်းမေးစရာ ရှိပါတယ်။ Google မှာ ဒီလိုတွေလည်း လုပ်လို့မရဘူးလားဆိုတာပဲ ဖြစ်တယ်။ Google မှာ သင်ရှာကြည့်တဲ့အခါမှာ စုံစုံလင်လင်နဲ့တွေ့ရမှာ မဟုတ်ပါဘူး။ Pinterest မှာတော့ သင်ရှာတဲ့အပေါ်မူတည်ပြီး တစ်ကမ္ဘာလုံးက လူတွေရဲ့ တင်ထားတဲ့ ပုံတွေကို တစ်ခါတည်း တွေ့ရမှာပါ။ အနယ်နယ် အရပ်ရပ်က ပညာရှင်တွေရဲ့ ဖန်တီးချက်တွေကို စက္ကန့်ပိုင်းအတွင်း မြင်ရပြီး လေ့လာနိုင်ပါတယ်။ ဒီထက်သင်ပိုလေ့လာချင်ရင် သင်ကြိုက်တဲ့ ပုံကို ထောက်လိုက်တာနဲ့ မူရင်း post တင်ထားတဲ့သူရဲ့ website ကို တန်းရောက်သွားပါတယ်။ သဘောက link ချိတ်ပေးထားတာပါ။ Pinterst ကို သုံးတဲ့လူအများစုက မိန်းမတွေဖြစ်ပြီး … Continue reading Pinterest ဆိုတာဘာလဲ။ ပိုက်ဆံ ဘယ်လိုရှာပါသလဲ။
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed