Pinterest ကို အင်တာနက်သုံးတဲ့လူတော်တော်များများ သိကြမှာပါ။ Company တန်ဖိုးကအခုဆို ကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုး ရှိပါတယ်။ Pinterest ကို Google နဲ့ Facebook မှာလုပ်ခဲ့တဲ့ ဝန်ထမ်းဟောင်းတွေဖြစ်တဲ့ Ben Silbermann နဲ့ Evan Sharp တို့က ၂၀၁၀ မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အဓိက Pinterest ရဲ့ လုပ်ဆောင်ချက်က ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို bookmark လုပ်သလို လုပ်လို့ရပြီး save ထားလို့ရပါတယ်။ ဥပမာ သင်က fashion design တွေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားလို့ search မှာ fashion, design လို့ရိုက်ပြီးရှာရင် နောက်တစ်ခေါက် pinterest ဝင်ကြည့်တဲ့အခါ fashion design တွေနဲ့ပတ်သတ်တာတွေ တွေ့ရပါလိမ့်မယ်။ ဒီမှာ မေးခွန်းမေးစရာ ရှိပါတယ်။ Google မှာ ဒီလိုတွေလည်း လုပ်လို့မရဘူးလားဆိုတာပဲ ဖြစ်တယ်။ Google မှာ သင်ရှာကြည့်တဲ့အခါမှာ စုံစုံလင်လင်နဲ့တွေ့ရမှာ မဟုတ်ပါဘူး။

Pinterest မှာတော့ သင်ရှာတဲ့အပေါ်မူတည်ပြီး တစ်ကမ္ဘာလုံးက လူတွေရဲ့ တင်ထားတဲ့ ပုံတွေကို တစ်ခါတည်း တွေ့ရမှာပါ။ အနယ်နယ် အရပ်ရပ်က ပညာရှင်တွေရဲ့ ဖန်တီးချက်တွေကို စက္ကန့်ပိုင်းအတွင်း မြင်ရပြီး လေ့လာနိုင်ပါတယ်။ ဒီထက်သင်ပိုလေ့လာချင်ရင် သင်ကြိုက်တဲ့ ပုံကို ထောက်လိုက်တာနဲ့ မူရင်း post တင်ထားတဲ့သူရဲ့ website ကို တန်းရောက်သွားပါတယ်။ သဘောက link ချိတ်ပေးထားတာပါ။ Pinterst ကို သုံးတဲ့လူအများစုက မိန်းမတွေဖြစ်ပြီး fashion, design တွေနဲ့ပတ်သတ်ပြီး လေ့လာတဲ့လူ ပိုများပါတယ်။ အကယ်၍ သင်က နည်းပညာကို စိတ်ဝင်စားတဲ့လူဆိုပါက နည်းပညာနဲ့ပတ်သတ်တဲ့ tips တွေကို pinterest မှာ အမြဲတွေ့ရမှာပါ။ လူတော်တော်များများ အသုံးတည့်တဲ့ app တစ်ခုလည်းဖြစ်ပါတယ်။ ဖုန်းတွေမှာတော့ app အနေနဲ့သုံးနိုင်ပြီး desktop မှာတော့ website အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Pinterest လည်ပတ်နည်းကတော့ ကြော်ညာနဲ့ဖြစ်ပါတယ်။ ပြောရမယ်ဆို fb နဲ့ ပုံစံ ဆင်တူပါတယ်။ သင်ကိုယ်တိုင် product ကိုကြော်ညာချင်ရင် ကိုယ်ပိုင် website လေးရှိရုံနဲ့ pinterst မှာ ကြော်ညာလို့ရပါတယ်။ ဒါ့အပြင် ကိုယ့် collection တွေကို အခြားလူတွေနဲ့ မျှဝေနိုင်ပါတယ်။ အဓိကကတော့ pinterest သုံးတဲ့လူတော်တော်များများက ကိုယ်လုပ်မယ့် အလုပ်အတွက် idea တွေ အမြင်တွေကို လာကြည့်ကြတာ များပါတယ်။ လုပ်ငန်းခွင်နယ်ပယ် အသီးသီးကလူတွေအားလုံးလည်း သုံးရတာ အဆင်ပြေပြီး အကြံကောင်းဉာဏ်ကောင်းတွေ ရနိုင်ပါတယ်။ ဥပမာ သင် စဉ်းစားရကြပ်နေတဲ့အရာတွေကို pinterest မှာ ဝင်ကြည့်လိုက်ရုံနဲ့တင် အကြံဉာဏ်တွေရပြီး သင့်အတွက် များစွာ အထောက်အကူပေးပါတယ်။ အခုဆိုရင် Pinterest ကို သုံးတဲ့ အသုံးပြုသူတွေက လတိုင်း ၂၅၆ မီလီယံနဲ့ချိ ရှိတယ်လို့လည်း ဆိုပါတယ်။ Pinterest ကို ဒီနှစ်အတွင်းမှာ အများပိုင် company အဖြစ်ရှယ်ယာတွေရောင်းမယ်လို့လည်း NewYork stock exchange မှာ ကြေညာထားပါတယ်။
Comments