ပထမဆုံး Phone Application လုပ်မယ်ဆို ဘယ်ဖုန်းအတွက်ဆိုတာကို သင်ရွေးချယ်ရမှာပါ။ သင်က iPhone တွေအတွက် Application လုပ်မယ်ဆိုရင်တော့ Macbook (သို့) i-mac computer တစ်လုံးလိုပါတယ်။ Application လုပ်ဖို့လိုအပ်တဲ့ language တွေကတော့ Java, Python နဲ့ Objective-C တွေ တတ်မြောက်ထားဖို့လိုပါတယ်။ ဒါတွေအားလုံးကို Android Studio မှာ ရေးသားပြီး ဖန်တီးရတာဖြစ်ပါတယ်။ Android Phone တွေအတွက် app တွေကိုတော့ ကြိုက်တဲ့ ကွန်ပျူတာပေါ်မှာ ရေးသားနိုင်ပါတယ်။
Website တွေရေးဆွဲဖန်တီးမယ်ဆိုရင် HTML, CSS နဲ့ အခြေခံ Javascript တွေကို သိထားရပါမယ်။ ဒီ language သုံးခုသိထားရင် websites တွေကိုကောင်းကောင်းဖန်တီးနိုင်ပါတယ်။ Frontend လို့လည်းခေါ်ပါတယ်။ ဒါတွေအားလုံးကို သိထားရင် website design ကို ကောင်းကောင်းရေးဆွဲနိုင်ပေမယ့် အနောက်က အလုပ်လုပ်တဲ့ backend အပိုင်းကိုတော့ မလုပ်နိုင်သေးပါဘူး။ Backend အပိုင်းဆိုတာက data တွေကို ထိန်းသိမ်းပေးတဲ့ server တွေကို ကိုင်တွယ်ပေးတာနဲ့ website အလုပ်လုပ်အောင် အမြဲစောင့်ကြည့်ပေးနေရတဲ့ အပိုင်းကိုခေါ်ပါတယ်။ Frontend ရော Backend ရော နှစ်မျိုးလုံးကို လုပ်တဲ့လူကို Full stack developer လို့ခေါ်ပါတယ်။ Back end အပိုင်းကို လုပ်မယ်ဆိုရင် Php, Python နဲ့ Ruby တို့လို programming language တွေတတ်ထားရပါမယ်။
အားလုံးကို ချုံလိုက်မယ်ဆိုရင် Designer နဲ့ Developer နှစ်မျိုးပဲရှိပါတယ်။ Designer ဖြစ်ဖို့က အမြင်နဲ့ ဖန်တီးနိုင်မှုစွမ်းရည် အများကြီးလိုအပ်ပါတယ်။ Developer ဖြစ်ဖို့က အတွေ့အကြုံနဲ့ လေ့ကျင့်မှုများစွာလိုအပ်ပါတယ်။ မျက်မှောက် ၂၁ရာစုရဲ့ အကောင်းဆုံးအလုပ်ထဲမှာ developer နဲ့ designer အလုပ်က အကောင်းဆုံးဖြစ်ပြီး ကွန်ပျူတာတစ်လုံးနဲ့ အင်တာနက်ရှိရုံနဲ့ ဘယ်နေရာမှာမဆို အလုပ်လုပ်နိုင်ပါတယ်။
Comments