You are here
Home > Hardware > Oppo Find X

Oppo Find X

ဘေးဘောင်အနားသတ်မဲ့ Screen မျက်နှာပြင်ပြည့် Display ၊ ဖုန်းရဲ့ပြင်ပကိုယ်ထည်မှာ ရှေ့/နောက်ကင်မရာတွေတစ်ခုမှ မပါဝင်တော့တဲ့ Oppo Find X စမတ်ဖုန်းကိုမိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းမှာ ဖုန်းရဲ့အောက်ခြေကနေ အပေါ်ဆုံးထိပ်ဘောင်အနားသတ်အထိ Screen အပြည့်ဖြစ်ပြီး ဖုန်းရဲ့ရှေ့ Selfie Camera နဲ့ အခြား Sensor တွေဟာလည်း ဖုန်းရဲ့ Screen ထိပ်မှာမပါဝင်တော့ပါဘူး။ ဒါ့အပြင် ဖုန်းရဲ့နောက်ဘက်ခြမ်းဒီဇိုင်းအနေအထားမှာလည်း Camera တွေမပါဝင်တော့ပါဘူး။ ဒါဆို Camera တွေအတွက် ဘယ်လိုလုပ်ထားလဲ ?

Oppo က Find X စမတ်ဖုန်းမှာ Slider Mechanism ကိုအသုံးပြုပြီး Camera Module တစ်ခုလုံးကို ဖုန်းရဲ့ရှေ့ Display အခြမ်းနဲ့ဖုန်းရဲ့နောက်ဖုံးအကြား အလယ် Middle Frame ထဲမှာ Slider Module အနေနဲ့နေရာချထားပါတယ်။ ယင်း Slider Module (Camera Module) ရဲ့ရှေ့ဘက်မျက်နှာပြင်မှာတော့ Selfie Camera , Earpiece Speaker နဲ့အခြား sensor တစ်ချို့ ပါဝင်ပြီး နောက်ဘက်မျက်နှာပြင်မှာတော့ Dual Camera တွေနဲ့ LED flash တွေပါဝင်ပါတယ်။ Camera app ကိုဖွင့်လိုက်တာနဲ့ ယင်း Slider Module ကဖုန်းရဲ့အပေါ်ကိုထွက်လာမှာပါ။ ကင်မရာသုံးဖို့မလိုတဲ့အနေအထားမှာတော့ ယင်း Camera Module တစ်ခုလုံးက ဖုန်းကိုယ်ထည်အတွင်းထဲမှာရှိနေမှာဖြစ်တဲ့အတွက် ဖုန်းရဲ့ရှေ့မျက်နှာပြင်မှာလည်း ဘေးဘောင်အနားသတ်မဲ့ မျက်နှာပြင်ပြည့် Display နဲ့ဖြစ်သွားပြီး Camera Sensor နေရာအတွက် နေရာလုံးဝချန်စရာမလိုတဲ့ ဒီဇိုင်းအနေအထားနဲ့ဖြစ်သွားပါတယ်။ Vivo Nex မှာတုန်းကလည်း Selfie Camera ကို ဖုန်းရဲ့ထိပ်ဘောင်ထဲကနေထွက်လာမယ့် Pop-up Camera ပုံစံလေးဖန်တီးထားခဲ့ပြီး ယခု Oppo Find X မှာတော့ ဖုန်းရဲ့ရှေ့/နောက် Camera အကုန်လုံးကိုဖုန်းကိုယ်ထည်အတွင်းထဲမြုပ်ထားတဲ့ ဒီဇိုင်းပုံစံနဲ့ဖန်တီးထားတာတွေ့ရပါတယ်။ Camera Module ရဲ့ နောက်ဘက်ခြမ်း Dual Camera တွေက 16MP sensor with f/2.0 aperture + 20MP sensors with f/2.2 aperture တွေဖြစ်ပြီး ရှေ့ Selfie Camera က 25 MP lens ဖြစ်ပါတယ်။

Oppo Find X မှာ Fingerprint Scanner လုံးဝမပါဝင်တော့ဘဲ iPhone X မှာကဲ့သို့ မျက်နှာနဲ့ Lock ဖွင့်ရမယ့် 3D Face Scanning feature ကိုပဲထည့်သွင်းပေးထားပါတယ်။ မျက်နှာနဲ့ Lock ဖွင့်ဖို့လိုအပ်လာတဲ့အခါမှာလည်း Camera Module ကဖုန်းကိုယ်ထည်ထဲကနေအပေါ်ကိုတက်လာမှာပါ။

Oppo Find X မှာ 6.42 လက်မအရွယ် 1,080 x 2,340 AMOLED display ကိုအသုံးပြုထားပြီး Screen Ratio အနေနဲ့ 19.5:9 aspect ratio ရှိပါတယ်။ Display ဟာ ဖုန်းရှေ့မျက်နှာပြင်ရဲ့ ၉၂.၂၅ ရာခိုင်နှုန်းအထိနေရာအပြည့်နီးပါးယူထားတာကြောင့် ထွက်ခဲ့သမျှ စမတ်ဖုန်းတွေထဲမှာတော့ မျက်နှာပြင်ပြည့်နီးပါး Display အဖြစ်ဆုံးဖုန်းလို့ဆိုရမှာပါ။ Oppo Find X ရဲ့ Display ကတော့ Galaxy S9 လို Edge to edge Display နဲ့ပါ။

Oppo Find X မှာ မိုဘိုင်းဖုန်းတွေအတွက် အကောင်းဆုံး Processor ဖြစ်တဲ့ Snapdragon 845 Chipset အသုံးပြုထားပြီး RAM 8GB ပါဝင်ပါတယ်။ Storage 256GB နဲ့ Storage 128GB ဆိုပြီး Version ၂ မျိုးနဲ့ထုတ်လုပ်ထားပါတယ်။ System အနေနဲ့ Android 8.1 Oreo ကိုအခြေခံတဲ့ ColorOS 5.1 ကိုအသုံးပြုထားပါတယ်။ Dual SIM အမျိုးအစားစမတ်ဖုန်းဖြစ်ပြီး ဘက်ထရီပမာဏအနေနဲ့ 3730 mAh battery ပါဝင်ပါတယ်။

သြဂုတ်လမှာစတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၁၃ သိန်းဝန်းကျင်ကျသင့်မှာပါ။

သက်နိုင်စိုး (Myanmar Mobile App – MMAS)
www.myanmarmobileapp.org

This slideshow requires JavaScript.

ဆက်စပ်ဆောင်းပါးများ –

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top