
Ooredoo မှ SIM Card များ Self Registration Link မှ အလွယ်တကူ မှတ်ပုံတင်နိုင်
Ooredoo SIM Card များကို မှတ်ပုံတင်ရာတွင် အလွယ်တကူဖြစ်စေရန် Ooredoo မှ မှတ်ပုံတင်ရာတွင် လွယ်ကူစေမယ့် နည်းလမ်းနောက်တစ်ခုကို ထပ်မံ ဝန်ဆောင်မှုပေးလိုက်ပါတယ်။ အဲဒါကတော့ Self-registration လို့ ခေါ်ပါတယ်။ အလုပ်လုပ်ပုံက Ooredoo SIM card နဲ့ မှ ၎င်း Link က အလုပ်လုပ်မှာ ဖြစ်ပါတယ်။
ဆိုလိုတာက ဖုန်းမှာ Ooredoo SIM ထည့်ထားတယ်… အင်တာနက်နဲ့ချိတ်ပြီး *666# ကို ခေါ်လိုက်ပါက SMS မှ register form link ချပေးပါလိမ့်မယ်… Link ကို နှိပ်ဖွင့်လိုက်ပါ… Form ကျလာပါလိမ့်မယ်… Form ကျလာတဲ့အခါ လိုအပ်တဲ့ Data တွေ ဖြည့်ပေးရမှာ ဖြစ်ပါတယ်… ပြုလုပ်နည်းကို Ooredoo ရဲ့ Official facebook page မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
အခုဆိုရင် အူရီဒူးဆင်းကတ်ကို ကိုယ်တိုင်မှတ်ပုံတင်နိုင်သော Self registration လင့်ခ်ကို အသုံးပြုပြီး ဖုန်း Data 3G/4G အပြင် wifi (သို့) mobile hotspot ဖြင့်တဆင့် လည်း ၂၄ နာရီအချိန်မရွေး လွယ်ကူရိုးရှင်းလျှင်မြန်စွာ မှတ်ပုံတင်လို့ရနေပါပြီ။
မိမိဆင်းကတ်အား မှတ်ပုံတင်ရန်အခုပဲ *666# ကိုခေါ်ဆိုပြီး sms မှတဆင့်ရရှိသောလင့်ခ် http://zone.ooredoo.com.mm/mm/self_registration.aspx
အားနှိပ်ကာ အောက်ဖော်ပြပါအချက်အလက်များ ဖြည့်စွက်ပြီး လွယ်ကူလျင်မြန်စွာမှတ်ပုံတင်နိုင်ပါပြီ။• နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်(သို့)ယာဉ်မောင်းလိုင်စင်အမှတ်(သို့) အခြားသက်သေခံ ကတ်ပြားအမှတ်
• အမည်
• မှတ်ပုံတင်ရှေ့မျက်နှာစာ ( Choose file ကိုနှိပ်၍) ဓါတ်ပုံရိုက်ယူဖြည့်သွင်းပါ
• မှတ်ပုံတင်ကျောဘက်မျက်နှာစာ ( Choose file ကိုနှိပ်၍) ဓါတ်ပုံရိုက်ယူဖြည့်သွင်းပါ
• Terms and Condition နေရာတွင်အမှတ်ခြစ်ပါ။အကယ်၍ကိုယ်တိုင်မှတ်ပုံတင်ခြင်းပြုလုပ်ရာတွင် အခက်အခဲ တစုံတရာရှိခဲ့ပါက နီးစပ်ရာအူရီးဒူးအရောင်းဆိုင်များတွင်လည်း မှတ်ပုံတင်လိုသောဆင်းကတ် နှင့် အတူနိုင်ငံသားစိစစ်ရေးကတ် Copy ကိုယူဆောင်၍ အခမဲ့ သွားရောက်မှတ်ပုံတင်နိုင်ပါသည်။
Facebook မှ နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Facebook page >> https://www.facebook.com/MyanmarEndUser
နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင် Facebook group >> https://www.facebook.com/groups/myanmarenduser
နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Website >> http://myanmarenduser.com
I like this.