
Ooredoo SIM Card ကိုလည်း Messenger မှ မှတ်ပုံတင်နိုင်ပြီ
Telenor SIM card အသုံးပြုသူများ ကဲ့သို့ပဲ Ooredoo အသုံးပြုသူများအတွက် သတင်းကောင်းတစ်ခုပါပဲ။ ဆင်းကတ်တွေ မှတ်ပုံတင်ရာမှာ တော်တော်များများ အဆင်မပြေဖြစ်နေကြပါတယ်။ ဒါကြောင့် အော်ပရေတာတွေကလည်း အဆင်ပြေနိုင်မယ့် နည်းလမ်းတွေကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ခုတော့ အော်ရီဒူး ကလည်း ဆင်းကတ်တွေမှတ်ပုံတင်ရာမှာ ပိုမိုလွယ်ကူစေဖို့ Facebook ရဲ့ Messenger ကနေတဆင့် မှတ်ပုံတင်လို့ရနိုင်အောင် ဆောင်ရွက်ပေးလိုက်ပါပြီဖြစ်ကြောင်း Ooredoo ရဲ့ Facebook စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
အူရီဒူး မှ သုံးစွဲသူများ အဆင်ပြေစေရန် Facebook မှတဆင့် ဆင်းကတ်ကို အခမဲ့ မှတ်ပုံတင်လို့ရအောင် ပြုလုပ်ပေးထားပါတယ်။ အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အဆင့်တွေကို လုပ်ဆောင်ပြီး ဆင်းကတ် ကိုအခုပဲ မှတ်ပုံတင်လိုက်ပါ။
(၁) မှတ်ပုံတင်လိုတဲ့ ဖုန်းနံပါတ်အပြည့်အစုံကို #reg09 ပုံစံဖြင့် တွဲဖက် ပေးပို့လိုက်ပါ။ ဥပမာ – #reg0997xxxxxxx
(၂) အမည်
(၃) နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်အမှတ်
(၄) နိုင်ငံတော်မှ ထုတ်ပေးထားသော သက်သေခံကတ်ပြား တစ်ခုခု၏ အရှေ့ နှင့် အနောက်ဓါတ်ပုံ (ဥပမာ – မှတ်ပုံတင်၊ ယာဉ်မောင်း လိုင်စင်၊ ကျောင်းသားကတ် ) အစရှိသည်တို့ကို အူရီဒူး မြန်မာ Facebook စာမျက်နှာ ရဲ့ Chat Box သို့ပေးပို့လိုက်ပါ။
အသုံးပြုသူများတွက် ဆင်းကတ်မှတ်ပုံတင်ခြင်းကို ကျွန်တော်တို့ အူရီဒူး မြန်မာမှ ဆောင်ရွက်ပေးသွားမှာပါ။ မှတ်ပုံတင်ခြင်းပြီးစီးသွားပါကလည်း SMS မှ တဆင့် အကြောင်းကြားသွားမှာဖြစ်ပြီး လက်ဆောင်ဒေတာ 500MB ကိုလည်း ရရှိမှာပါ။
ကဲ ပြုလုပ်နည်းက ဖော်ပြပါအတိုင်းပါပဲ… အဆင်ပြေကြပါစေဗျာ…
ပေးပို့ရမယ့် Ooredoo Facebook စာမျက်နှာ link ကတော့ ဒီမှာပါ >> https://www.facebook.com/OoredooMyanmar/
Facebook မှ နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Facebook page >> https://www.facebook.com/MyanmarEndUser
နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင် Facebook group >> https://www.facebook.com/groups/myanmarenduser
နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Website >> http://myanmarenduser.com
Comments