Ooredoo အသုံးပြုသူများ Ooredoo ရဲ့ Messenger မှ တဆင့် အကူအညီများ ချက်ချင်း ရယူနိုင်တော့မည်

0
1244
Ooredoo အသုံးပြုသူများ Ooredoo ရဲ့ Messenger မှ တဆင့် အကူအညီများ ချက်ချင်း ရယူနိုင်တော့မည်
Ooredoo အသုံးပြုသူများ Ooredoo ရဲ့ Messenger မှ တဆင့် အကူအညီများ ချက်ချင်း ရယူနိုင်တော့မည်
Ooredoo အသုံးပြုသူများ Ooredoo ရဲ့ Messenger မှ တဆင့် အကူအညီများ ချက်ချင်း ရယူနိုင်တော့မည်

Ooredoo အသုံးပြုသူတွေအတွက် ယနေ့ Ooredoo ရဲ့ Facebook page မှာ ဖော်ပြထားတာကတော့ သတင်းကောင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ အူရီဒူးက သူတို့ရဲ့ Customer တွေကို ဝန်ဆောင်မှုပိုပေးနိုင်ဖို့အတွက် Messenger ကို အသုံးပြုပြီး အကူအညီများ ချက်ချင်းရယူဖို့ ကြေညာလိုက်ပါတယ်။ တောင်းခံလာတဲ့ အကူအညီတွေကို ဖုန်းခေါ်ဆို၍သော်လည်းကောင်း၊ Chat Box မှနေ၍သော်လည်းကောင်း အကြောင်းပြန်ပေးပါ့မယ်လို့ ဆိုထားပါတယ်။ အူရီဒူးရဲ့ ကြေညာချက်အပြည့်အစုံကို အောက်မှာ ဖတ်နိုင်ပါတယ်။

မင်္ဂလာပါခင်ဗျာ။ပိုမိုထိရောက်တဲ့ဝန်ဆောင်မှုတွေရရှိနိုင်ဖို့အူရီဒူး မြန်မာFacebook စာမျက်နှာရဲ့Chat Box သို့ အောက်ပါအဆင့်လေးတွေအတိုင်းအဆင်မပြေမှုတွေကို ပေးပို့လိုက်ပါ။

(၁) Ooredoo Myanmar Facebook Page ကိုသွားလိုက်ပါ။ ( တရားဝင်စာမျက်နှာရဲ့နာမည် ဘေးမှာအပြာရောင်မှန်ခြစ်လေးပါပါတယ်။)
(၂) နာမည်ရဲ့ အောက်ကညာဖက်မှာ တွေ့မြင်ရတဲ့Message ဆိုတဲ့ လေးထောင့်အကွက်လေးကိုနှိပ်လိုက်ပါ။
(၃) အူရီဒူး မြန်မာသို့စာ ပေးပို့နိုင်မည့်Messengerပေါ်လာမှာ ဖြစ်ပြီးမိမိရဲ့အဆင်မပြေမှုများကိုဖုန်းနံပါတ်နှင့်တကွ ပေးပို့လို့ရပါပြီ။
(၄) အချိန်အနည်းငယ်စောင့်ဆိုင်းပြီးရင်တော့အဆင်မပြေမှုနှင့်ပတ်သတ်တဲ့ ဖြေရှင်းချက်ကိုဖုန်း (သို့မဟုတ်)
Chat Box ကနေအကြောင်းပြန်ပေးမှာပါ။ 

အားလုံးပဲသာယာချမ်းမြေ့သောနေ့လေးပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။

Facebook မှ နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Facebook page >> https://www.facebook.com/MyanmarEndUser

နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင် Facebook group >> https://www.facebook.com/groups/myanmarenduser

နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Website >> http://myanmarenduser.com

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.