You are here
Home > PC & Mobile > Android > Nokia Android စမတ်ဖုန်းကို ၂၀၁၇ အစောပိုင်းတွင် တရုတ်နိုင်ငံ၌ စတင် ရောင်းချမည်

Nokia Android စမတ်ဖုန်းကို ၂၀၁၇ အစောပိုင်းတွင် တရုတ်နိုင်ငံ၌ စတင် ရောင်းချမည်

Nokia Android စမတ်ဖုန်းကို ၂၀၁၇ အစောပိုင်းတွင် တရုတ်နိုင်ငံ၌ စတင် ရောင်းချမည်
Nokia Android စမတ်ဖုန်းကို ၂၀၁၇ အစောပိုင်းတွင် တရုတ်နိုင်ငံ၌ စတင် ရောင်းချမည်

Nokia 6 ဟုခေါ်သည့် စမတ်ဖုန်းသစ်ကို တရုတ်နိုင်ငံတွင် JD.com မှတစ်ဆင့် ၁,၆၉၉ ယွမ် (၂၄၅ ဒေါ်လာ) ဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း၊ ၎င်းသည် Android အသုံးပြုထားသည့် ပထမဆုံး Nokia ဖုန်းဖြစ်ကြောင်း Nokia မှ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပရီမီယံဒီဇိုင်းနှင့် အရည်အသွေးကို အလွန်တန်ဖိုးထားသော သုံးစွဲသူများရှိသည့် မဟာဗျူဟာမြောက် အရေးပါသော ဈေးကွက်တစ်ခုဖြစ်သည့်အတွက် ကုမ္ပဏီ၏ ပထမဆုံး Nokia စမတ်ဖုန်းကို တရုတ်နိုင်ငံတွင် ရောင်းချရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း မကြာသေးမီက မိုဘိုင်းဖုန်းများအတွက် Nokia အမှတ်တံဆိပ် အသုံးပြုခွင့် ဝယ်ယူခဲ့သည့် HMD က ပြောကြားခဲ့သည်။

Nokia 6 တွင် ၅.၅ လက်မ Full HD display နှင့် 2.5D Gorilla Glass ကို အသုံးပြုထားသည်။ Android 7.0 Nougat ဖြင့် အသုံးပြုနိုင်ပြီး Qualcomm Snapdragon 430 procesor နှင့်အတူ 4GB RAM, 64GB onboard storage တို့ကို ထောက်ပံ့ပေးထားသည်။ ကျောဘက်တွင် 16MP ကင်မရာပါဝင်ပြီး အရှေ့ဘက်ကင်မရာက 8MP ဖြစ်သည်။ အသံစနစ်အတွက် amplifier နှစ်ခု ထောက်ပံ့ပေးထားပြီး ၎င်းသည် သာမန် amp ထက် 6 dB ပိုမိုကျယ်လောင်သည့် အသံကို ထောက်ပံ့ပေးနိုင်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါဖုန်းတွင် Dolby Atmos အတွက် အထောက်အပံ့လည်း ပါဝင်သည်။

Nokia 6 ကို တရုတ်နိုင်ငံတွင်သာ ရောင်းချမည်ဖြစ်သည်။

Ref: AndroidAuthority

အင်တာနက်ဂျာနယ်မှ ကူးယူဖော်ပြသည်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top