iPhone & iPad

iOS 10.1 တွင် iPhone 7 Plus အတွက် Portrait Mode (DOF Mode) ပါဝင်လာ

0
new feature dof mode for iphone 7 plus in ios 10.1
new feature dof mode for iphone 7 plus in ios 10.1

iPhone/iPad များအတွက် iOS 10.1 ထွက်ရှိ ၊ iPhone 7 Plus များအတွက် Portrait Mode (DOF Mode) ပါဝင်လာပြီ

iOS 10.1 Update

Apple ဟာ အောက်တိုဘာလ ၂၅ ရက်နေ့မှာ iPhone/Pad တွေအတွက် iOS 10.1 update ကိုထပ်မံပေးလိုက်ပါပြီ။ ဒီတစ်ခါ update မှာဆိုရင် iPhone 7 Plus တွေအတွက်အဓိက feature တစ်ခုကိုထည့်သွင်းပေးလိုက်တာပါ ။ iPhone 7 Plus ကိုစတင်မိတ်ဆက်စဉ်က ပါမယ်လို့ကြေညာထားတဲ့ Camera feature တစ်ခုဖြစ်တဲ့ Portrait Mode (depth of field camera mode) ကို iOS 10.1 မှာစတင်ထည့်သွင်းပေးလိုက်ခြင်းပဲဖြစ်ပါတယ်။

DOF Mode for iPhone 7 Plus

ဒီ Mode ကိုအသုံးပြုပြီး iPhone 7 Plus Camera ဖြင့် မြင်ကွင်းထဲမှာ ကိုယ်အသားပေးရိုက်ကူးချင်တဲ့ အရာဝတ္တုကို လှပပြတ်သားစွာ Focus ဖြတ်ရိုက်ကူးနိုင်တော့မှာပါ။ လောလောဆယ်တော့ ယင်း Portrait Mode ဟာ beta အနေနဲ့ပဲပါဝင်ပါသေးတယ်။

ဘယ်ဘက်ပုံသည် သာမန်ပုံဖြစ်ပြီး ညာဘက်မှပုံသည် DOF mode ဖြင့် ရိုက်ထားခြင်းဖြစ်သည်

အရင် iOS version တွေမှာရှိခဲ့တဲ့ အခြား error များကိုလည်းပြင်ဆင်ပေးထားပါသေးတယ်။ iOS 10.1 သို့ update ပြုလုပ်လိုပါက iOS ရဲ့ Setting > General > Software Update ထဲသို့ဝင်၍ iOS 10.1 သို့ update ပြုလုပ်နိုင်ပါတယ်။ iOS update ပြုလုပ်ရန် wifi network တစ်ခုခုနဲ့ ချိတ်ဆက်ထားရပါမယ်။

ရေးသားသူ – Thet Naing Soe (Myanmar Mobile App)

အူရီဒူး Profile ပုံ တင်ခြင်းဖြင့် ငွေဖြည့်လက်ဆောင် ၁၀၀၀၀ ကံထူးနိုင်

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.