You are here
Home > PC & Mobile > Internet > မြန်မာနိုင်ငံ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ

မြန်မာနိုင်ငံ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ

ဝန်ကြီးဌာန အသီးသီးရှိ ဝဘ်ဆိုက်များနှင့် အဆိုပါဝဘ်ဆိုက်များတွင် ရယူနိုင်မည့် သတင်း အချက်အလက်များအကြောင်းကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

သမ္မတရုံးဝန်ကြီးဌာန

www.president-office.gov.mm

နိုင်ငံတော်သမ္မတရုံး ဝဘ်ဆိုက်တွင် သတင်းများ၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့၊ လွှတ်တော်ကဏ္ဍ၊ မီဒီယာကဏ္ဍ အစရှိသည့် အကြောင်းအရာများ ပါဝင်သည်။ သမ္မတရုံး၏ နောက်ဆုံးရသတင်းများကို ဖတ်ရှုနိုင်ပါမည်။

ကာကွယ်ရေးဝန်ကြီးဌာန

www.mod.gov.mm

ကာကွယ်ရေးဝန်ကြီးဌာန ဝဘ်ဆိုက်တွင် နောက်ဆုံးရ သတင်းများ၊ နိုင်ငံတကာဆက်ဆံရေး၊ အစည်းအဝေးများ၊ ထုတ်ပြန်ချက်၊ လူထု ဆက်ဆံရေး၊ လေ့ကျင့်ရေးစသည့် ကာကွယ်ရေးဝန်ကြီးဌာနဆိုင်ရာ သတင်းအချက်အလက်များကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖော်ပြလျက်ရှိပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန

www.mofa.gov.mm

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးရာမူဝါဒများ၊ ပြည်ပဆက်ဆံရေး နှင့် သတင်းများကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ ဘဏ်များစသည့် နိုင်ငံခြားရေးရာ အကြောင်းအရာများကို ဖော်ပြထားသည်ကိုတွေ့ရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန

www.mba.gov.mm

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သည်။ ဝန်ကြီးဌာန နောက်ခံသမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆက်သွယ်ဆောင်ရွက်ပုံစနစ်၊ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေစသည့် အကြောင်းအရာများကို လွှင့်တင်ထားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

www.statecounsellor.gov.mm

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး စသည့်နိုင်ငံတော် အတိုင်ပင်ခံရုံးဆိုင်ရာအကြောင်းအရာများကို ဖော်ပြထားသည်ကို တွေ့ရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

www.dop.gov.mm

သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၏ လူဦးရေ ပိရမစ်ပုံစံများကို ဖော်ပြထားသည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝက်ဘ်ဆိုက် ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန

www.gad.gov.mm
www.myanmarpoliceforce.org
www.fsd.gov.mm

ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ ဝက်ဘ်ဆိုက် လိပ်စာများဖြစ်သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်း၊ ဌာနအကြောင်း၊ အချက်အလက်များ၊ ဥပဒေ/ နည်းဥပဒေများ စသည့် အကြောင်းအရာများ ပါဝင်သည်ကို တွေ့ရသည်။ မီးသတ်ဦးစီးဌာန ဝက်ဘ်ဆိုက်တွင်လည်း မီးလောင်မှုသတင်းများကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန်ဖော်ပြထားသည်ကို တွေ့ရသည်။

ပြန်ကြားရေးဝန်ကြီးဌာန

www.moi.gov.mm
www.mrtv.gov.mm
www.iprd.gov.mm
www.ppd.gov.mm

ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဝက်ဘ်ဆိုက်များ ဖြစ်သည်။ သတင်းများ၊ ကြေညာချက်၊ ဆောင်းပါး၊ ဥပဒေများ၊ အကြံပြု ခြင်း၊ တိုင်ကြားခြင်း စသည်တို့ကို ဖတ်ရှုနိုင်မည်ဖြစ်သည်။ သတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဖတ်ရှုနိုင်ရန်ဖော်ပြထားသည်ကို တွေ့ရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

www.mof.gov.mm
www.cbm.gov.mm
www.mebank.com.mm
www.irdmyanmar.gov.mm
www.mminsurance.gov.mm
www.mmse.gov.mm

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဝက်ဘ်ဆိုက်များဖြစ်သည်။ ဥပဒေနှင့်စည်းမျဉ်းများ၊ အခွန်ပေးချေမှုစနစ်၊ တင်ဒါ ခေါ်ယူခြင်း၊ ကြေညာချက် များ၊ နောက်ဆုံးသတင်းများကို ဖတ်ရှုနိုင်မည်ဖြစ်သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန

www.mora.gov.mm
www.culture.gov.mm
www.nlm.gov.mm
www.dhrmyanmar.gov.mm
www.fineartsdepartment.gov.mm

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဝက်ဘ်ဆိုက်များဖြစ်သည်။ သက်ဆိုင်ရာလိပ်စာအသီးသီးနှင့် ပတ်သက်သည့်အကြောင်းအရာများကို ဖော်ပြထားသည်။ ဥပမာအားဖြင့် www.culture.gov.mm တွင် ယဉ်ကျေးမှုဝန်ကြီးဌာနဆိုင်ရာ အကြောင်းအရာများ၊ ဥပဒေနှင့်နည်းဥပဒေများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်ဆိုင်ရာအကြောင်းအရာများ အစရှိသည်တို့ကို တွေ့နိုင်မည်ဖြစ်သည်။

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

www.moai.gov.mm

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဌာနရည်မှန်းချက်၊ ကြိုးပမ်းဆောင်ရွက်မှု၊ စီမံကိန်း၊ပူးပေါင်းဆောင်ရွက်မှုများ၊ အခမ်းအနား ဆိုင်ရာအကြောင်းအရာများ၊ အချက်အလက်များကို လွှင့်တင်ထားသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန

www.mswrr.gov.mm
www.dsw.gov.mm
www.rrdmyanmar.gov.mm

ဝန်ဆောင်မှု၊ ဌာန၊ မူဝါဒ၊ ဥပဒေ၊ အကိုးအကား၊ အကြောင်းအရာ၊ သတင်းများစသည်တို့ကို ကဏ္ဍ တစ်ခုချင်းစီအလိုက် ဖတ်ရှုနိုင်မည်ဖြစ်သည်။ www.dsw.gov.mm တွင်လည်း သတင်းများ၊ စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေး၊ ထောက်ပံ့ရေး၊ ပူးပေါင်းဆောင်ရွက်ချက်များ၊ စာအုပ်စင်၊ သင်တန်းများနှင့် နောက်ခံသမိုင်း စသည်တို့ကို ကဏ္ဍတစ်ခုချင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန

www.motc.gov.mm

ပို့ဆောင်ရေးဆိုင်ရာ၊ ဆက်သွယ်ရေးဆိုင်ရာအကြောင်းအရာများကို တစ်ပေါင်းတစ်စည်းတည်း ဖော်ပြထားသည့် ဝက်ဘ်ဆိုက်ဖြစ်သည်။ မိုးလေဝသဆိုင်ရာ အကြောင်းအရာများကို ဖတ်ရှုနိုင်မည်ဖြစ်သကဲ့သို့ မိုဘိုင်းဖုန်းဆိုင်ရာအကြောင်းအရာများကိုလည်း လွှင့်တင်ထားသည်။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်ဆောင်ရွက်ချက်များကိုလည်း ယခု ဝက်ဘ်ဆိုက်မှတစ်ဆင့် သိရှိနိုင်မည်ဖြစ်သည်။

စက်မှုဝန်ကြီးဌာန

www.industry.gov.mm

စက်မှုဝန်ကြီးဌာနဆိုင်ရာ အကြောင်းအရာများကို အသေးစိတ် ဖော်ပြထားသည့်ဝက်ဘ်ဆိုက်ဖြစ်သည်။ မော်တော်ယာဉ်ဆိုင်ရာ သတင်းများ၊ စက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အကြောင်းအရာများ အစရှိသည်တို့ကို တွေ့နိုင်မည်ဖြစ်သည်။ စက်မှုသင်တန်းကျောင်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း တွေ့နိုင်မည်ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန

www.commerce.gov.mm
www.myanmartradenet.com.mm

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်သုတ၊ ကုန်သွယ်မှုကိန်းဂဏန်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်တွင်း ကုန်သွယ်မှု၊ နယ်စပ်ကုန်သွယ်မှုဆိုင်ရာအကြောင်းအရာများကို ဖော်ပြထားခြင်းဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန

www.moecaf.gov.mm
www.mining.gov.mm

www.moecaf.gov.mm တွင် ဌာနဆိုင်ရာ အကြောင်းအရာများ အပါအဝင် တိရစ္ဆာန်ဥယျာဉ်များအကြောင်း၊ သစ်ထုတ်လုပ်ခြင်းဆိုင်ရာ အကြောင်းအရာများအကြောင်း အစရှိသည်တို့ကိုလည်း ဖတ်ရှုနိုင်မည်ဖြစ်သည်။ www.mining.gov.mm တွင် သတ္တုတွင်းလုပ်ငန်းဆိုင်ရာအကြောင်းအရာများ၊ မြန်မာ့ ကျောက် မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းစသည့် အကြောင်းအရာများကို တွေ့ရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

www.uecmyanmar.org

ရွေးကောက်ပွဲကော်မရှင်နှင့်ပတ်သက်သည့် အကြောင်းအရာများကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။ ကော်မရှင်အကြောင်း၊ ရွေးကောက်ပွဲများ၊ ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်များ၊ နိုင်ငံရေးပါတီများ၊ အမေးအဖြေတို့ကို ကဏ္ဍအလိုက်တွေ့ရသည်။ ရွေးကောက်ပွဲဆိုင်ရာနှင့်ပတ်သက်၍ အမိန့်နှင့်ညွှန်ကြားချက်များ၊ မဲဆန္ဒနယ်သတ်မှတ်ခြင်း အစရှိသည့် အကြောင်းအရာများကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

www.moh.gov.mm

ဝက်ဘ်ဆိုက်သို့ ဝင်ရောက်လိုက်သည်နှင့် Visitor’s counter ကို တွေ့ရမည်ဖြစ်သည်။ အခြေခံကျန်းမာရေး ဝန်ဆောင်မှု ဆိုင်ရာများမှအစ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ သတင်းများကို ဖော်ပြပေးထားသည့် ဝက်ဘ်ဆိုက်ဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

www.moep.gov.mm
www.energy.gov.mm

ရန်ကုန်တိုင်းဒေသကြီးတွင် ၃၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရေးတင်ဒါခေါ်ယူခြင်းအတွက် အကြိုရှင်းလင်းပွဲ ကျင်းပခြင်းကဲ့သို့သော ဌာနဆိုင်ရာ သတင်းမျာကို လွှင့်တင်ထားသည်။ ဝန်ကြီးဌာနအကြောင်း၊ သတင်းများ၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့စသည်တို့ကို ကဏ္ဍအလိုက်ဖတ်ရှုနိုင်မည်ဖြစ်သည်။ စွမ်းအင်နှင့် ပတ်သက်၍လည်း မြန်မာ့စွမ်းအင်ကဏ္ဍဆိုင်ရာ အကြောင်းအရာများကို လွှင့်တင်ထားသည်တို့ကို တွေ့ရသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရုံး

www.myanmarconstitutionaltribunal.org.mm

နောက်ခံသမိုင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ဥပဒေစာကြည့်တိုက်၊ တင်သွင်းလွှာနှင့်ဆုံးဖြတ်ချက်များ၊ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များကို ဖော်ပြထားသည်။ ယင်းအပြင် စီရင်ထုံးများ၊ စာအုပ်များ၊ ဂျာနယ်များနှင့် ဆောင်းပါးများကိုလည်း ကြည့်ရှုနိုင်မည် ဖြစ်သည်။ သတင်းများ၊ လှုပ်ရှားဆောင်ရွက်ချက်များ၊ မှတ်တမ်း ဓါတ်ပုံများကိုလည်း အခြားဝန်ကြီးဌာနဝက်ဘ်ဆိုက်များကဲ့သို့ ဖော်ပြထားသည်ကို တွေ့ရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

www.myanmartourism.org

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ်လာရောက်လည်ပတ်လျက်ရှိစသည့် သတင်းများကိုအချိန်နှင့်တစ်ပြေးညီဖော်ပြထားသည်။ ယခုဝက်ဘ်ဆိုက်မှ မြန်မာနိုင်ငံ၏ ခရီးသွားလာရေးဆိုင်ရာ သတင်းချက်အလက်များရယူနိုင်မည်ဖြစ်သည်။ ဟိုတယ်ရှာဖွေခြင်း၊ Tour ကုမ္ပဏီရှာဖွေခြင်း၊ Tour Guide
ရှာဖွေခြင်းများကိုလည်း ယခု ဝက်ဘ်ဆိုက်မှတစ်ဆင့် ပြုလုပ်နိုင်မည် ဖြစ်သည်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top