CRBT ဆိုတာ Caller Ring Back Tone ကို အတိုကောက်ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုတဲ့အခါမှာ တူ… တူ… တူ… နေရာမှာ တေးသွား အစားထိုးပေးတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ တယ်လီဖုန်း အော်ပရေတာတိုင်းမှ ယခုလို ဝန်ဆောင်မှုမျိုး ရယူနိုင်ပါတယ်။ ဝန်ဆောင်မှုအတွက် အော်ပရေတာအပေါ် မူတည်ပြီး သတ်မှတ်ဝန်ဆောင်ခတွေ ကွဲပြားပါတယ်။ My Ring Tune ကတော့ MPT ဖုန်းတွေကိုသာ ပေးတဲ့ ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။
My Ring Tune ဝန်ဆောင်မှုကို ဘယ်လိုရယူမလဲ
My Ring Tune ဝန်ဆောင်မှုကို တစ်ရက်နဲ့ တစ်လဆိုပြီး သတ်မှတ်ထားပါတယ်။
My Ring Tune ကို တစ်ရက်အတွက် ရယူလိုပါက 7979 သို့ REG D ဆိုပြီး SMS ပေးပို့ရမှာ ဖြစ်ပါတယ်။ တစ်လ ဝန်ဆောင်မှု ရယူလိုပါက 7979 သို့ REG M ဆိုပြီး SMS ပေးပို့ရမှာ ဖြစ်ပါတယ်။

My Ring Tune ဝန်ဆောင်မှုကို ရပ်ဆိုင်းရန်
တကယ်လို့ My Ring Tune ဝန်ဆောင်မှုကို အသုံးမပြုလိုတော့ဘူးဆိုရင်တော့ 7979 သို့ unr ဆိုပြီး SMS ပေးပို့ရမှာ ဖြစ်ပါတယ်။

တေးသွားများ ဝယ်ယူရန်
My Ring Tune တေးသွားတွေ ဝယ်ယူဖို့အတွက် www.myringtune.com.mm ကို သွားပါ။ အဲဒီမှာ ကိုယ်နှစ်သက်ရာ သီချင်းကို ရွေး၍ Buy ကို နှိပ်လိုက်ပါက Song code ကို ပုံမှာ Highlight ပြထားတဲ့အတိုင်း မြင်ရမှာ ဖြစ်ပါတယ်။

Song code ရပါက 7979 သို့ ပုံမှာ Highlight ပြထားတဲ့အတိုင်း buy0002439201 ဆိုပြီး SMS ပေးပို့ရမှာ ဖြစ်ပါတယ်။

ဝယ်ထားပြီး တေးသွားတွေကို ကြည့်ရန်
မိမိဝယ်ထားပြီးသား တေးသွားတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ 7979 ကို mylib ဆိုပြီး SMS ပေးဖို့ရမှာ ဖြစ်ပါတယ်။

လက်ရှိအသုံးပြုထားတဲ့ သီချင်းကို စစ်ရန်
လက်ရှိအသုံးပြုထားတဲ့ သီချင်းကို My Ring Tune မှာ Default song လို့ ဆိုပါတယ်။ Default song ကို စစ်ချင်ရင် 7979 ကို mydef ဆိုပြီး SMS ပေးပို့ရမှာ ဖြစ်ပါတယ်။

ဝယ်ယူထားသော သီချင်းကို ပယ်ဖျက်ရန်
My Ring Tune မှာ ကိုယ်ဝယ်ယူထားတဲ့ သီချင်းကို ပယ်ဖျက်လို့လည်း ရပါသေးတယ်။ ဖျက်ချင်တယ်ဆိုရင်တော့ ကိုယ်ဖျက်ချင်တဲ့ သီချင်း code ကို သိရမှာ ဖြစ်ပါတယ်။ သီချင်း code ကို သိပြီဆိုရင် 7979 ကို delete နဲ့ song code ကို SMS တွဲပို့ပေးရမှာ ဖြစ်ပါတယ်။ ပုံမှာ ကြည့်နိုင်ပါတယ်။

ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ဝ၁-၆၅၂၂၅၃၊ ဝ၁-၆၅၂၂၅၄ သို့ဆက်သွယ်မေးမြန်းပါ။
Myanmar End User ရဲ့ ဆောင်းပါးများကို Facebook မှ ဖတ်ပါက MPT အသုံးပြုသူများ အခမဲ့ ဖြစ်ပြီး… အခြားအော်ပရေတာများကတော့ Data ကုန်ကျမှု မရှိသလောက်ပါပဲ… ဒါကြောင့် နည်းပညာဆောင်းပါးများဖတ်ဖို့ အကူအညီများ ရယူဖို့ Myanmar End User ရဲ့ Facebook page ကို Like လုပ်ထားလိုက်ပါ…
Facebook မှ နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Facebook page >> https://www.facebook.com/MyanmarEndUser
နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင် Facebook group >> https://www.facebook.com/groups/myanmarenduser
နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Website >> http://myanmarenduser.com