လက်ရှိ စမတ်ဖုန်းဈေးကွက်ထဲမှာ 4G ကွန်ရက်ကို စမတ်ဖုန်းတိုင်းနီးပါး support လုပ်ထားကြပေမယ့် 5G ကွန်ရက် အသုံးပြုလို့ရမယ့် စမတ်ဖုန်းတွေကိုတော့ ဈေးကွက်ထဲမှာ တွေ့ရအုံးမှာ မဟုတ်ပါဘူး။ ဖေဖော်ဝါရီ ၂၅ ရက်ကနေ့ ၂၈ ရက်နေ့အထိ ကျင်းပတဲ့ MWC ( Mobile World Congress) မှာတော့ 5G ကွန်ရက်ကို အထောက်အပံ့ပေးတဲ့ စမတ်ဖုန်းတွေကိုတော့ တရားဝင်ပြသလိုက်ပါပြီ။ အဲ့ဒါကဘာတွေလဲဆိုတာကိုတော့ တစ်ခုခြင်းဆီ ကြည့်လိုက်ရအောင်။
1. Huawei Mate X
Huawei Mate X ဟာ Foldable စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး 5G ကွန်ရက်ကို အထောက်အပံ့ပေးပါတယ်။ Foldable အမျိုးအစားဖြစ်တဲ့အတွက် ဖြန့်လိုက်မယ်ဆိုရင်တော့ ဖုန်းမျက်နှာပြင်အရွယ်အစားဟာ ၈ လက်မအထိ ရှိမှာပါ။ ပါဝင်မယ့် hardware specification အသေးစိတ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Processor: Kirin 980
Battery: 4,5000mAh
Memory: 8GB RAM, 512GB internal
Price: $2,600
2. LG V50 ThinQ 5G
LG V50 ThinQ 5G ဟာ အခြား စမတ်ဖုန်းတွေနဲ့ မတူဘဲ သူ့ရဲ့ Biometric Security စနစ်ကတော့ Hand ID ဖြစ်ပါတယ်။ အသုံးပြုသူရဲ့ လက်ကို scan ဖတ်ပြီးမှ ဖုန်းဖွင့်လို့ရမှာပါ။ Dual Screen Case နဲ့လာမှာဖြစ်ပြီး Dual Screen Case ကြောင့် Foldable လုပ်လို့ရမှာပါ။ ဈေးနှူန်းကိုတော့ လက်ရှိမှာ မကြေငြာရသေးပါဘူး။ Hardware Specification ကတော့
Processor: Qualcomm SDM855 Snapdragon 855
Battery: 4,000mAh
Memory: 6GB RAM, 128GB internal
3. Samsung Galaxy Fold
လူစိတ်ဝင်စားဆုံး ခံရတဲ့ စမတ်ဖုန်းဖြစ်ပြီး MWC ပွဲမကျင်းပခင်ထဲက ကောလဟာလသတင်းအနေနဲ့ပါ သတင်းမွှေးနေတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ Super AMOLED ကိုအသုံးပြုထားပြီး ဖုန်းကို ဖြန့်လိုက်မယ်ဆိုရင်တော့ မျက်နှာပြင်အရွယ်အစားက ၇.၃ လက်မရှိမှာပါ။ မဖြန့်ဘဲ ခေါက်ထားမယ်ဆိုရင်တော့ ၄.၆ လက်မရှိမှာပါ။ ဧပြီလ ၂၆ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ ကြေငြာထားပါတယ်။ အသေးစိတ် harware specification ကတော့
Processor: Qualcomm SDM855 Snapdragon 855
Battery: 4,380mAh
Memory: 12GB RAM, 512GB internal
Price: $1,980
Size: 17mm folded
4. Samsung Galaxy S10 5G
Foldable အမျိုးအစားမဟုတ်ပါဘူး။ 5G ကွန်ရက်ကို အထောက်အပံ့ပေးထားပြီး Foldable အမျိုးအစားကို မကြိုက်တဲ့သူတွေအတွက် ပိုသင့်လျော်မယ်လို့ ထင်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၇ လက်မ ရှိပြီး Resolution ကတော့ 1440 x 3040 pixel ရှိပါတယ်။ လက်ရှိမှာ ဈေးနှူန်းကိုတော့ တရားဝင် မကြေငြာရသေးပါဘူး။ အသေးစိတ် Hardware Specification ကတော့
Processor: Qualcomm SDM855 Snapdragon 855
Battery: 4,500mAh
Memory: 8GB RAM, 256GB internal
5. Xiaomi Mi Mix 3
Xiaomi ရဲ့ Mi Mix 3 ဟာ 5G ကွန်ရက်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး Front-Facing Camera ကို slide အနေနဲ့ ထည့်သွင်းလာပါတယ်။ ဒါကြောင့် Xiaomi ရဲ့ ပထမဆုံး ဒီဇိုင်းအနေအထားအရ အသစ်ဖန်တီးလာတယ်လို့ ဆိုရမှာပါ။ Xiaomi Mi Mix 3 မှာထည့်သွင်းထားတဲ့ dual-camera ဟာ 960 fps နဲ့ slow motion video တွေကိုလည်း ရိုက်ကူးနိုင်မှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။ ပါဝင်မယ့် hardware specification အသေးစိတ်ကတော့
Processor: Qualcomm SDM855 Snapdragon 855
Battery: 3,800mAh
Memory: 6GB RAM, 64GB/128GB internal
Price: $680
6. ZTE Axon 10 Pro 5G
ZTE ရဲ့ Axon 10 Pro ဟာလည်း 5G ကွန်ရက်ကို အထောက်အပံ့ပေးထားပြီး ကင်မရာ ၃လုံးပါဝင်လာပါတယ်။ Display Finger Print Sensor ပါဝင်လာပြီး မျက်နှာပြင်အရွယ်အစား ၆.၇ လက်မ ရှိပါတယ်။ Resolution ကတော့ 1080p ဖြစ်ပါတယ်။ ဈေးနှူန်းကိုတော့ တရားဝင် မကြေငြာရသေးပါဘူး။ ပါဝင်မယ့် hardware specification ကတော့
Processor: Qualcomm SDM855 Snapdragon 855
Battery: 4,000mAh
Memory: 6GB RAM, 128GB internal
အခုဆိုရင်တော့ Myanmar End User ရဲ့ ပရိတ်သတ်ကြီးတို့လည်း 5G ကွန်ရက်ကို အထောက်အပံ့ပြုမယ့် စမတ်ဖုန်း ၆ မျိုးကို သိရှိသွားပြီ ဖြစ်သလို ဝယ်သင့် မဝယ်သင့်ဆိုတာကတော့ ပရိသတ်ကြီးတို့ရဲ့ ဆန္ဒသဘောဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအတော်များများမှာလည်း 5G ကွန်ရက်ကို အသုံးပြုလို့ရအုံးမှာ မဟုတ်ပါဘူး။
Comments