Technology Explained

Solar ပြား နှင့် Controller သိကောင်းစရာ

3
Solar ပြား နှင့် Controller သိကောင်းစရာ
Solar ပြား နှင့် Controller သိကောင်းစရာ

Solar ပြား နှင့် Controller သိကောင်းစရာ

( နယ်တွေ မှာ ဆိုလာပြား နှင့် ဘက်တရီကြောင့် မီးလောင်၊ လူသေမူများရှိလာ၍ ဗဟုသုတ အဖြစ်တင်ပြပါသည်။ )

(၁) ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ

နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သော နည်းပညာ ဖြစ်ပါ သည်။ နေအလင်းရောင်တွင်ပါဝင်သော အလင်းမှုန်များမှ ဆိုလာပြား အတွင်းရှိ လျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။

(၂) ဆိုလာဆဲလ် ဆိုသည်မှာ အဘယ်နည်း

ဆိုလာဆဲလ် ဆိုသည်မှာ အလင်းစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးသောအရာ ဖြစ်ပါသည်။ ဆဲလ်များသည် မည်သည့် စွမ်းအင် ကိုမျှသိုလှောင်ပေးနိုင်ခြင်းမရှိသောကြောင့် မည်သည့်အလင်းရောင် ( နေရောင်ခြည်) မှမရရှိတော့သည့်အခါ ဆဲလ်အတွင်း၌ လျှပ်စစ် စီးဆင်းမှု မရှိတော့ပေ။

(၃) Charge Controller ဆိုတာ ဘာလဲ

Charge Controller ဆိုသည်မှာ ဘက္ထရီအား အနည်းအများပေါ်မူတည်ပြီး အားသွင်းခြင်းအား ထိန်းညှိပေးသောစက် ကိရိယာဖြစ်ပါသည်။ ထိုကိရိယာအသုံးပြုခြင်းဖြင့် ဘက္ထရီအားသွင်းစဉ် အားလွန်ခြင်းမဖြစ်ပေါ် နိုင်၍ အားလွန်ခြင်းကြောင့် ဘက္ထရီပျက်စီးခြင်းမှ ကာကွယ် ပေးပါသည်။

(၄) Charge Controller

ဘာကြောင့် အသုံးပြုရတာလဲ။ သင်သည် ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့လျှင် ဘက္ထရီအားပြည့်၊ မပြည့်အလွယ်တကူ သိနိုင်မည်မဟုတ်ပါ။ ထိုကြောင့် အားလွန်သွားခဲ့လျှင် သင့်၏ ဘက္ထရီ ပျက်စီးမှုကို ကာကွယ်ရန်အတွက် Charge Controller ကို အသုံးပြုရပါသည်။

(၅)ဆိုလာပြား မှ မီးလောင်ရခြင်းများ

ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှုအချို့မှာ အားသွင်းရာ တွင် အဓိကအရေးပါသည့် (Charge Controller) ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအ ခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေးသည့် ကိရိယာမတပ်ဆင်ကြခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။

ဆိုလာကနေထွက်တဲ့ ကြိုး ကို သင့်တော်တဲ့ကြိုးမသုံးတာ၊ အရည်အသွေးပြည့်မီတဲ့ ကြေး ကြိုးမသုံးတာ၊ ဆိုလာပြားကို သယ်လာ သယ်သွားလုပ်ရင်း ဝိုင်ယာကြိုးတစ်လျှောက် ကြိုးပေါက်တာကို ဂရုမစိုက်မိတာ၊ ဆိုလာ ပြားကိုခေါင်မိုးပေါ်ထားတဲ့အခါ သေချာစွာ တပ်ဆင်တုပ်နှောင် ခြင်း မပြုမိဘဲ ဘက်ထရီရော ဆိုလာပြားအနောက်မှာပါ အပေါင်း၊ အနုတ်ငုတ်မှာ ကြိုးချောင်နေတာ၊ ကြားထဲမှာ ကြိုးဆက်ထား တဲ့ အပိုင်းတွေမှာမသေချာတာ က မီးလောင်ဖို့အတွက် ဖြစ်စေနိုင်ပါတယ်။

(၆) ဆိုလာပြား မှမီးလောင်ခြင်းများမဖြစ်ပါွးရအောင်

၁။ Controller ခံသုံးပါ။

၂။ အဝင်ကြိုးကို သတိမှတ်ထား သောoriginal ဝါယာကြိုးကိုသာအသုံးပြုပါ။

၃။ အိမ်၌ လူမရှိသည့်အခါမျိုး ခရီးရှည်ထွက်သည့်အခါမျိုးတွငိ Controller or breaker main switch ပိတ်ထားပါ။

၄။ ဘက်တရီမှာ အားအဝင်များ၍အသုံးမပြုနိုင်သောအခါမျိုးတွင် မီးလောင်မှုများမဖြစ်ပါွးရလေအောင် ဆိုလာအဝင်ကြိုးကို breaker ခံပါ ပီးလျှင်controller ခံထားပါ ခရီးရှည်ထွက်လျှင် ပိတ်ထားခဲ့ပါ။

၅။ နေပူပြင်းသောနွေရာသီအချိန်ကာလမျိုးတွင်ဆိုလာပြားနှင့် ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ရန်နှင့် အပူချိန်မလွန်ကဲရန် ပိုက်လုံးထဲထည့်၍ အ သုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Facebook မှ ကူးယူဖော်ပြသည်။

Telenor SIM Card ကို သုံးတယ်ဆိုရင် ဒါလေးတွေတော့ သိထားသင့်တယ်

Previous article

မြန်မာစာတန်းထိုး ရုပ်ရှင်၊ ဇာတ်လမ်းတွဲများ ရယူကြည့်ရှုနိုင်မယ့် Website, Blog စာရင်း

Next article

You may also like

3 Comments

  1. Thank you teacher ?

  2. Mental နဲ့ telenor တစ်ကပ်စီ မှတ်ပုံတင်လို့မရသေးလို့။ telenor က မှတ်ပုံတင်မိတ္တူနဲ့ ငွေကပ်ဝယ်သုံးတဲ့ဆိုင်ကနေရော Simကပ်ဝယ်တဲ့ဆိုင်ကရော ပေးပြီးသား ၅၀၀ကိုမေးကြည့်တော့ မရသေးဘူးမို့ Online က မှတ်ပုံတင်မလို့ပါ

    1. MEC ကို Viber က မှတ်ပုံတင်ချင်ရင် >> http://myanmarenduser.com/mec-sim-register-via-mectel-viber/
      MEC ကို အွန်လိုင်းက မှတ်ပုံတင်ချင်ရင် >> http://myanmarenduser.com/mec-sim-card-online-registration-link/
      Telenor ကို အွန်လိုင်းက မှတ်ပုံတင်ချင်ရင် >> http://myanmarenduser.com/telenor-sim-card-online-registration/

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.