You are here
Home > Hardware > Technology Explained > MPT, Telenor, Ooredoo, MEC တို့ရဲ့ မှတ်ထားသင့်တဲ့ အသုံးဝင် USSD ကုတ်များ

MPT, Telenor, Ooredoo, MEC တို့ရဲ့ မှတ်ထားသင့်တဲ့ အသုံးဝင် USSD ကုတ်များ

လောလောဆယ်မှာ မြန်မာနိုင်ငံမှာ ဖုန်းအော်ပရေတာကြီး ၃ ခုရှိပါတယ်။ သူတို့ရဲ့ မှတ်ထားသင့်တဲ့ အသုံးဝင် USSD ကုတ်အချို့ကို စုစည်းပေးလိုက်ပါတယ်။ ကွင်းစကွင်းပိတ်နဲ့ ရေးထားတဲ့ (Call) နဲ့ (Send) တွေက နှိပ်ရမှာတွေ ဖြစ်ပါတယ်။

၁။ ဖုန်းငွေချေးသုံးနည်း

၂။ ဖုန်းဘေလ်လွှဲနည်း

၃။ ဖုန်းနံပါတ်ပြန်ကြည့်နည်း

၄။ ဖုန်းပြန်ခေါ်စေနည်း (Call me back)

ဖုန်းငွေချေးသုံးနည်း

MPT : *800# (Call)

Telenor : *500# (Call)

Ooredoo : *125# (Call) – ၈၀၀ ကျပ် ချေးသုံးရန်

Ooredoo : *127# (Call) – ၁၆၀၀ ကျပ် ချေးသုံးရန်

ဖုန်းဘေလ်လွှဲနည်း

MPT : *223*လွှဲမည့်ငွေပမာဏ* ငွေလက်ခံမည့်ဖုန်းနံပါတ်# (Call)

Telenor : *979# (Call) >> 4 (Send) >> 1 (Send) >> ငွေလက်ခံမည့်ဖုန်းနံပါတ် (Send) >> လွှဲမည့်ငွေပမာဏ (Send) >> 1 (Send)

Ooredoo : *155*လွှဲမည့်ငွေပမာဏ* ငွေလက်ခံမည့်ဖုန်းနံပါတ်# (Call)

MEC : *110*လွှဲမည့်ငွေပမာဏ* ငွေလက်ခံမည့်ဖုန်းနံပါတ်# (Call)

ဖုန်းနံပါတ်ပြန်ကြည့်နည်း

MPT : *88# (Call)

Telenor : *97# (Call)

Ooredoo : *133*5# (Call)

MEC : *223# (Call)

ဖုန်းပြန်ခေါ်စေနည်း (Call me back)

MPT : *222* ပြန်ခေါ်စေမည့် ဖုန်းနံပါတ်# (Call)

Telenor : *1* ပြန်ခေါ်စေမည့် ဖုန်းနံပါတ်# (Call)

Ooredoo : *122* ပြန်ခေါ်စေမည့် ဖုန်းနံပါတ်# (Call)

Comment မှလည်း မိမိသိသော အခြားသော အသုံးဝင် USSD Code များကို ရေးသားဖော်ပြပေးပါလိမ့် တောင်းဆိုပါတယ်

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

2 thoughts on “MPT, Telenor, Ooredoo, MEC တို့ရဲ့ မှတ်ထားသင့်တဲ့ အသုံးဝင် USSD ကုတ်များ

  1. မလေးရှာက u mobile ရဲ့ ပိုက်ဆံကဒ်နဲ့ Mpt ကဒ်ထဲ ပိုက်ဆံ လွှဲပေးမယ် ဆို ဘယ်ကုတ်ထည့်ရလဲ သိချင်တယ် ခင်ဗျ

    1. အဲဒီလို လွှဲလို့မရပါဘူး… မြန်မာနိုင်ငံတွင်းက အော်ပရေတာ အချင်းချင်းတောင် လွှဲလို့မရသေးပါဘူး… 🙂 MPT ဆို MPT အချင်းချင်းပဲ လွှဲလို့ရပါတယ်…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top