၁၅၀၀ တန် SIM Card တွေ ပေါများလာတဲ့အနောက်ပိုင်းမှာ Smartphone တွေ အသုံးများလာသလို အင်တာနက်ကိုလည်း လူကြီးလူငယ်မရွေး သုံးလာကြပါပြီ။ အင်တာနက်တွေ အရင်ထက်မြန်ဆန်လွယ်ကူလာတာနဲ့အမျှ လူတိုင်းက အင်တာနက်ကို အားကိုးလာကြပါတယ်။ အင်တာနက် အသုံးပြုခြင်းက အချိန်၊ လူအင်အား၊ နှင့်ငွေကြေးတို့ကို များစွာ သက်သာစေပါတယ်။
အွန်လိုင်းပေါ်က မှတ်ပုံတင်မလား (သို့) သက်ဆိုင်ရာ အရောင်းပြခန်းတွေမှာ မှတ်ပုံတင်မလား
ဒီမေးခွန်းကိုမေးရင် လူတိုင်းနီးပါး အွန်လိုင်းကနေ မှတ်ပုံတင်မယ်လို့ပဲ ပြန်ဖြေကြလိမ့်မယ်ဆိုတာ ၉၉% သေချာပါတယ်။ အကြောင်းရင်းကတော့ အရောင်းပြခန်းကို မသွားရတဲ့အတွက် အချိန်၊ ငွေ၊ နှင့် လူအင်အားကို သက်သာစေတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်မှာ သက်တောင့်သက်သာ မှတ်ပုံတင်နည်းကို ရေးသားပေးလိုက်ပါတယ်။
မှတ်ပုံတင်ကို ဓါတ်ပုံရိုက်ယူပါ
ပထမဆုံး အွန်လိုင်းပေါ်မှ ဆင်းမ်ကတ်များ မှတ်ပုံတင်ရန်အတွက် မိမိနိုင်ငံသား မှတ်ပုံတင် (သို့မဟုတ်) သက်သေခံကတ်များကို Scan ဖတ်စက်ရှိပါက Scan ဖတ်စက်ဖြင့် JPEG, JPG စသည့် ရုပ်ပုံ Format ပြုလုပ်ထားပါ။ Scan ဖတ်စက် မရှိသူများ မိမိဖုန်းကင်မရာဖြင့် မိမိနိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) သက်သေခံကတ်ပြားကို ဓါတ်ပုံရိုက်ယူနိုင်ပါတယ်။ ဓါတ်ပုံရိုက်ယူတဲ့အခါမှာ Upload ပမာဏကို အများဆုံး 3 Mb သတ်မှတ်ထားတဲ့အတွက် ဖုန်းကင်မရာရဲ့ Resolution ကိုလျှော့ပြီး ရိုက်ယူရမှာ ဖြစ်ပါတယ်။ နမူနာပုံစံကို အောက်မှာကြည့်နိုင်ပါတယ်။

မှတ်ပုံတင်နမူနာအရှေ့ဘက်
အပေါ်ပုံကတော့ နိုင်ငံသားစီစစ်ရေးကတ် ရှေ့ဘက်ပုံဖြစ်ပြီး အောက်ကပုံကတော့ နိုင်ငံသားစီစဉ်ရေးကတ် ကျောဘက်ပုံပဲ ဖြစ်ပါတယ်။

မှတ်ပုံတင်နမူနာအနောက်ဘက်
နမူနာအားဖြင့် နိုင်ငံသားစီစဉ်ရေးကတ်ဖြင့် ဖော်ပြပေးထားတာဖြစ်ပေမယ့် အခြားသော ပတ်စပို့စ်များနှင့် ယာယီကတ်များကိုလည်း အထက်ပါပုံများအတိုင်း Crop ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
Ooredoo SIM Card ကို အွန်လိုင်းကနေ Register လုပ်ပုံလုပ်နည်း | Telenor SIM Card ကို အွန်လိုင်းမှ Register လုပ်ပုံလုပ်နည်း
MPT SIM Card မှတ်ပုံတင်ခြင်း
ပထမဆုံး မှတ်ပုံတင်ဖို့အတွက် အောက်ပါ အချိတ်အဆက်ကို သွားပါ။
အချိတ်အဆက် ပွင့်လို့ MPT site ကိုရောက်ပီဆို အရင်ဆုံးမြင်ရမှာက Sign In စာမျက်နှာပါ။

Sign In ပြုလုပ်ရန်
အဲဒီစာမျက်နှာမှာ အကောင့်လုပ်ပြီးသားဆိုရင်တော့ မိမိလုပ်ပြီးသား အကောင့်ဖြင့် Sign In ပြုလုပ်ပါ။ အကောင့်မလုပ်ရသေးပါက Sign Up ကို ဖွင့်၍ Sign Up ပြုလုပ်ပါ။ Sign Up ပြုလုပ်ပုံကို အောက်မှာ ဆက်ကြည့်ပါ။

Sign In စာမျက်နှာမှ Sign Up ကို နှိပ်လိုက်ပါက မြင်ရပုံ
Sign Up form ရဲ့ Mobile Number ဆိုတဲ့ နေရာမှာ မိမိ မှတ်ပုံတင်မယ့် MPT ဖုန်းနံပါတ်ကို ထည့်ပါ။ Password နေရာမှာ မိမိ အသုံးပြုမယ့် Password ကို ထည့်ပါ။ Repeat Password နေရာမှာ အပေါ်က Password ထည့်ထားတဲ့ နေရာမှာ ထည့်ထားတဲ့ Password ကို ပြန်ထည့်ပါ။ Verification Code နေရာမှာတော့ အရင်ဆုံး အဝါရောင် Get လေးကို နှိပ်လိုက်ပါ။ အပေါ်မှာ ဖြည့်ထားတဲ့ ဖုန်းနံပါတ်ကို Code ပို့ပေးမှာ ဖြစ်တဲ့အတွက် အဲဒီ SIM Card ကို ဖုန်းထဲထည့်ထားဖို့လိုပါမယ်။ SMS ဖြင့် Verification Code ကို ရရှိမှာ ဖြစ်ပါတယ်။ SMS မှ Code ရရှိပါက Verification Code နေရာမှာ ထည့်ပါ။ အားလုံးဖြည့်ပြီးပါက Registration ကို နှိပ်လိုက်ပါ။ အကောင့်ပြုလုပ်ပြီးပါက Sign In စာမျက်နှာကို ပြန်ရောက်သွားပါလိမ့်မယ် မရောက်ပါက ကိုယ့်ဘာသာပြန်သွားပါ။ Register ပြုလုပ်ထားတဲ့ ဖုန်းနံပါတ်နဲ့ အသုံးပြုထားတဲ့ Password ကို ရိုက်ထည့်ပြီး Sign In ဝင်ပါ။ Sign In ဖြစ်သွားပါက Menu မှာ My Information ကို ရှာပါ။ My Information မှ Customer Profile ကို ဖွင့်ပါ။ အောက်ပါ ပုံကို မြင်ရမှာ ဖြစ်ပါတယ်။

MPT Customer Profile
Custom Name မှာတော့ မိမိနာမည် သို့မဟုတ် ဖုန်းနံပါတ်ကို ထည့်ထားနိုင်ပါတယ်။ NRC/Passport Number မှာတော့ မိမိ မှတ်ပုံတင်ကတ်နံပါတ် သို့မဟုတ် Passport နံပါတ်ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ ထည့်ပြီးပါက OK ဖြင့် Save ပါ။ ပြီးပါက အောက်က ပုံကို ဆက်ကြည့်ပါ။

မှတ်ပုံတင်ကို Upload ပြုလုပ်ရန်
ပုံမှာ ဖော်ပြထားတဲ့အတိုင်း Upload လုပ်မယ့် ပုံရဲ့ အများဆုံး ပမာဏက 3 Mb ပဲရှိရပါမယ်။ ဓါတ်ပုံရိုက်တဲ့အခါ Resolution လျော့ရိုက်ဖို့လိုပါမယ်။ အားလုံးအဆင်သင့်ဖြစ်ရင်တော့ Upload your NRC front-side image ကို နှိပ်ပြီး မှတ်ပုံတင်ရဲ့ အရှေ့ဘက်ခြမ်းကို ရွေးပေးရမယ် ဖြစ်ပါတယ်။ Upload your NRC back-side image ကို နှိပ်ပြီး မှတ်ပုံတင်ရဲ့ အနောက်ဘက်ခြမ်းကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ဒါဆို MPT SIM Card မှတ်ပုံတင်ခြင်း အားလုံးပြီးသွားပါပြီ။ အဆင်မပြေမှုများ ရှိပါက Comment မှ မေးမြန်းနိုင်ပါတယ်။
Ooredoo SIM Card ကို အွန်လိုင်းကနေ Register လုပ်ပုံလုပ်နည်း | Telenor SIM Card ကို အွန်လိုင်းမှ Register လုပ်ပုံလုပ်နည်း
how can I know whether registration of my sim card is successful?
SIM Card ကိုင်ဆောင်သူရဲ့ မှတ်ပုံတင်ရှေ့ဘက် နောက်ဘက် တင်ထားပြီးရင် ရပါပြီ… ကျန်တဲ့ အချက်အလက်တွေက မဖြည့်လည်း ရပါတယ်… ဖြည့်ထားတော့လည်း ကောင်းတာပေါ့…
တင်ပြီးမတင်ရသေးတာကို ဘယ်လို ပြန်စစ်နိုင်မလဲ
MPT ရဲ့ Call center ဖုန်းနံပါတ်ဖြစ်တဲ့ 106 ကို မေးကြည့်နိုင်ပါတယ်…
register success ဖြစ်မဖြစ်ပြန် check လုပ်တဲ့ code number လေးသိချင်လိုပါ်
မှတ်ပုံတင်တွေ upload လုပ်ပြီးရင် ရပါပြီ… ပို့စ်မှာ သေချာလေး ရေးပေးထားပါတယ်…
register success ဖြစ်မဖြစ်ပြန် check လုပ်တဲ့ code number လေးသိချင်လိုပါ်
အဲမှာ ကြည့်လိုက်ပါခင်ဗျာ…
https://www.facebook.com/MyanmarEndUser/photos/a.536220286420935.1073741828.532910036751960/1341870685855887/?type=3
https://care.mpt.com.mm/ ( MPT မှတ်ပုံတင်ရန် လင့် ) စစ်ဆေးရန် *601#
https://ecaf.telenor.com.mm ( Telenor မှတ်ပုံတင်ရန် လင့် ) စစ်ဆေးရန် *979*3*3#
CDMA800 register successဖြစ်မဖြစ်ဘယ်လိုပြန်ကြည့်ရပါသလဲ*601#နဲ့စစ်တာမရလို့ပါ
MPT ရဲ့ Call center နံပါတ်ဖြစ်တဲ့ 106 ကို ဖုန်းခေါ်ဆို မေးကြည့်လိုက်ပါခင်ဗျာ…
i cannot register. my sim card show ‘your sim card have been blocked’.