Tech News

Microsoft ဟာ Apple ထက်ဆန်းသစ်မှုပိုများလာ

0
Microsoft and Bill Gates

ဗုဒ္ဓဟူးနေ့က Microsoft ကပွဲတစ်ခုကျင်းပခဲ့ပါတယ်။ ထိုပွဲမှာ Window 10 အတွက် 3D ဆော့ဖ်ဝဲတွေ၊ iMac နဲ့ ယှဉ်နိုင်တဲ့ Surface PC နဲ့ Surface Dual လို့ခေါ်တဲ့ စိတ်လှုပ်ရှားစရာ ပစ္စည်းသစ်တွေကို တ်ဆက်ခဲ့ပါတယ်။

ဒီ Surface Dial ကို မောက်စ် ၊ Digital pen နဲ့ touchscreen တို့နဲ့လဲတွဲသုံးနိုင်ပါတယ်။ ဒါကြောင့်မို့ ပုံမှာကြိုက်သလိုအရောင်ပြင်တာတွေ၊ အသံအတိုးအလျှော့နဲ့ မျက်နှာပြင်အလင်းချိန်ညှိခြင်း စတာတွေကို ဒီကြီးမားတဲ့ မျက်နှာပြင်ပေါ်မှာလုပ်ဆောင်နိုင်ပါပြီ။

Microsoft HoloLens မှာတော့ ဒီပစ္စည်းရဲ့တန်ဖိုးက $3000 ရှိပြီး ကျန်တဲ့ VR ပစ္စည်းတွေကိုတော့ $300 ကစရောင်းချပေးမှာပါ။ Microsoft က developer တွေကို Artificial Intelligence (AI) ဝန်ဆောင်မှုတွေပေးပြီး လူတွေကို ဆန်းသစ်မှုကိုခံစားရအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Apple ဆိုတာ

Apple ဆိုတာက iPod, iPhone, tablet နဲ့ အသံနဲ့ assistant ဖြစ်တဲ့ Siri တို့ထွက်ရှိခဲ့တဲ့ ကုမ္ပဏီ တစ်ခုပါပဲ။ အင်္ဂါနေ့ကတော့ ၂၀၁၁ ကနေ အခုထိ ပထမဆုံးဝင်ငွေကျတဲ့ အချိန်ဖြစ်ကြောင်း မှတ်တမ်းပြုပြီးနောက် product တင်ပို့မှုတွေနောက်ကျတာကြောင့် ဆန်းစစ်သူတစ်ယောက်က Tim Cook ကိုမးခွန်းတစ်ခုမေးခဲ့ပါတယ်။ ကုမ္ပဏီက သူများရဲ့ ဆန်းသစ်မှုတွေနောက်မှာ ကျန်နေခဲ့တာလားဆိုပြီး မေးခဲ့တာပါ။လူတွေကတော့ Microsoft ရဲ့ ပွဲကို တော်တော်လေးကြည့်ကြပြီး twitter မှာလဲ ထပ်ခါထပ်ခါ တင်ကြပါတယ်။ အခုတော့ Microsoft က Apple ထက် တရားဝင်ကို ဆန်းသစ်နိုင်ခဲ့ပါပြီ။

Myanmar Mobile App မှ ကူးယူဖော်ပြသည်

Apple’s MacBook event ရဲ့ ကြေညာချက်ကြီး ခြောက်ချက်

Previous article

မြန်မာစာတွေ စနစ်တကျဖော်ပြစေဖို့ ဇော်ဂျီနေရာတွင် Phase1 ဖောင့်ကို အစားထိုးသုံးနိုင်

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Tech News