HardwareProduct ReviewsWindows

Microsoft ရဲ့ Open Design နည်းလမ်းအသစ်။

0

Microsoft က ဒီနေ့ကျွန်တော်တို့အားလုံးသုံးနေကြတဲ့ Window OS ရဲ့ အရင်းမြစ် company ဖြစ်ပါတယ်။ Microsoft က အရင်တုန်းက Hardware မရောင်းပဲ Window OS ပဲရောင်းတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ Microsoft က နည်းပညာ company ကြီးတွေကို ဝယ်လိုက်ပြီး ကိုယ်ပိုင် hardware, software တွေနဲ့ product ပေါင်းများစွာကို ထုတ်လုပ်နေပြီဖြစ်ပါတယ်။ ကွန်ပျူတာလောက၊ ဖုန်းလောက နဲ့ ဂိမ်းလောကအားလုံးမှာ အပိုင်သိမ်းချင်တဲ့ Microsoft က product တွေအများကြီး ထုတ်လုပ်ခဲ့ပေမယ့် ထင်သလောက် မအောင်မြင်ပဲနဲ့ ကျရှုံးခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက​ iPhone, Android, Blackberry နဲ့ Window ဖုန်းတွေက ခေတ်အပြိုင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ ဖုန်းလောကမှာ iPhone နဲ့ Android Os သာကျန်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ iPhone က​ ကိုယ်ပိုင် Os နဲ့ ကိုယ်ပိုင် software တွေပါပြီး security ပိုင်းမှာရော စိတ်ချရတာကြောင့် စျေးအရ အရမ်းများပေမယ့် Privacy နဲ့ Security ကိုအဓိက ထားတဲ့လူတွေက ရွေးချယ်ကြပါတယ်။ Android ကျတော့ လူတိုင်းသုံးနိုင်ပြီး အလွယ်တကူ သုံးလို့ရတာရယ် Apps တွေကို အလွယ်တကူ ရယူနိုင်ပြီး စျေးပေါတာကြောင့် လူတန်းစားမရွေးသုံးနိုင်တဲ့ ဖုန်းအနေနဲ့ ကျန်ခဲ့ပါတယ်။ Android OS ကို Google က ပိုင်ပြီး ဒီနေ့ခေတ်မှာတော့ Google က သူကိုယ်တိုင် hardware ရော software ရော ကိုယ်တိုင်ထုတ်ထားတဲ့ Google Pixel တွေထုတ်လာပါတယ်။ အခုပြောပြတဲ့အချက်တွေကို Blackberry နဲ့ Microsoft က မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဖုန်းလောကမှာ Microsoft က Window Phone တွေမိတ်ဆက်ခဲ့ပေမယ့်လည်း ကျရှုံးခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေပြီးတဲ့ နောက်ပိုင်းမှာ Microsoft က သူ့ Design Team အဖွဲ့ကို ပုံစံပြောင်းလိုက်ပါတယ်။ Design လို့ဆိုတဲ့နေရာမှာ Hardware ရော Software ရောပါဝင်ပါတယ်။ ဒီနေ့ ကွန်ပျူတာလောကမှာ Microsoft Surface ကလည်း နာမည်တော်တော်ရနေတာကို တွေ့ရမှာပါ။ ရိုးရှင်းတဲ့ Hardware Design နဲ့ သေသပ်တဲ့ software တွေက Surface ကို ကွန်ပျူတာလောကမှာ နေရာရလာစေပါတယ်။ ဒီအချက်တွေကို သုံးသပ်ပြီး Microsoft က အခုဆို သူ့Design Team ကိုတစ်ခုတည်းဖြစ်အောင် လုပ်လိုက်ပါတယ်။ ဆိုလိုတာက Surface ဘက်အခြမ်းမှာလုပ်တဲ့ design team ရော Skype ဘက်အခြမ်းမှာလုပ်တဲ့ Design Team ရော၊ X-Box ပိုင်းက Design Team ရော Design အားလုံးကို share ပြီး တူအောင် လုပ်နေပါတယ်။ ဘယ် device မှာဖြစ်ဖြစ် Microsoft က product အားလုံးရဲ့ software design တွေက တူညီပြီး အသုံးပြုလို့လွယ်ကူအောင် ကြိုးစားနေပါတယ်။ ဒါ့အပြင် Github က Designer တွေကိုလည်း ကိုယ်တိုင်စိတ်ကြိုက် Design တွေဖန်တီးခွင့်ပေးထားပြီး Design Team နဲ့ share လို့ရအောင် အခွင့်အရေးတွေပေးထားပါတယ်။

ဒီလိုလုပ်ခြင်းက Open Design နည်းလမ်းဖြစ်ပြီး အောင်မြင်မယ်၊ မအောင်မြင်ဖူးဆိုတာတော့ တပ်အပ်မပြောနိုင်ပါဘူး။ ငွေကြေးကုန်ကျလည်း များပြီး မအောင်မြင်ခဲ့ရင်လည်း နောက်တစ်လမ်း စဉ်းစားမယ်လို့ Microsoft ရဲ့ Design Team က ပြောကြားခဲ့ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

ကျောင်းသားတိုင်း မရှိမဖြစ်လိုအပ်တဲ့ Tech Essential များ

Previous article

Android Phone နဲ့ ကွန်ပျူတာကြား အကောင်းဆုံး data လွှဲပြောင်းနည်း ၅မျိုး

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Hardware