HardwareProduct ReviewsWindows

Microsoft ရဲ့ နောက်ထပ်လာမယ့် Foldable Surface က Android apps တွေကို support လုပ်နိုင်။

0

Surface ဆိုတာက Microsoft က ကိုယ်ပိုင် hardware, ကိုယ်ပိုင် OS (Operating System) ဖြစ်တဲ့ Window OS နဲ့လာတဲ့ laptops တွေ ဖြစ်ပါတယ်။ Surface series အများကြီးရှိတဲ့အထဲမှာ နောက်ထပ် ထပ်ထွက်လာနိုင်တဲ့ surface series ကတော့ ခေါက်နိုင်တဲ့ “Foldable Surface” ပဲဖြစ်ပါတယ်။ သာမန်အားဖြင့် laptops တွေက ကွန်ပျူတာအတွက်ထုတ်တဲ့ software တွေကို​ပဲ သုံးနိုင်တာဖြစ်ပါတယ်။ Microsoft ရဲ့ Foldable Surface ကတော့ android apps တွေကိုပါ အသုံးပြုနိုင်မှာ ဖြစ်ကြောင်း Microsoft company က ပြောရေးဆိုခွင့်ရှိသူက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

Foldable Surface က Samsaung ရဲ့  Foldable Phones ပုံစံမျိုးဖြစ်ပြီး ၉လက်မ မျက်နှာပြင် နှစ်ခုပါဝင်မှာ ဖြစ်ပါတယ်။ 5G network ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ OS (Operating System) အနေနဲ့တော့ Window OS နဲ့ လာမှာဖြစ်ပြီး Android apps တွေကို run နိုင်ဖို့အတွက်က​ developers တွေအပေါ်မူတည်ပါတယ်။ Developers တွေက apps တွေ ထုတ်တဲ့အခါမှာ Surface မှာရော Android device တွေမှာပါ နှစ်မျိုးစလုံး run နိုင်တဲ့ apps တွေထုတ်ဖို့လိုအပ်ပါတယ်။

ဒီ project ကို Microsoft က ကြိုးစားနေတာ တစ်နှစ်လောက်ရှိပြီး အခုမှအရိပ်အမွက်အနေနဲ့ မီဒီယာတွေကို ဖွင့်ဟခဲ့ပါတယ်။ သေချာတာကတော့ ၂၀၂၀ ခုနှစ်မှာ Foldable Surface နဲ့အတူ 5G network ကို အသုံးပြုနိုင်တဲဲ့ device အစုံကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Google Drive ကို offline သုံးနိုင်အောင် Google က စမ်းသပ်မှုပြုလုပ်။

Previous article

Grand Theft Auto (ကားသူခိုး) ဂိမ်းက ဘယ်လို စဖြစ်လာခဲ့သလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Hardware