GamingNewsTech News

Microsoft နှင့် Sony တို့ ပူးပေါင်းပြီး Game Streaming လောကတွင်ခြေလှမ်းအသစ်စတင်မည်

0

Microsoft နဲ့ Sony တို့ဟာ ဂိမ်းလောကမှာ ပြိုင်ဘက်ကုမ္ပဏီ(၂)ခုဖြစ်ပါတယ်။ Microsoft က Xbox နှင့် Sony က PlayStation တို့ဟာ ဂိမ်းလောကမှာ အပြိုင်အဆိုင်ဖြစ်နေတယ်ဆိုတာ လူကြီးမင်းတို့ အသိပဲဖြစ်မှာပါ။ ဒါပေမယ့် မေလ ၁၅ရက်ကစပြီး သူတို့(၂)ဦးဟာ မိတ်ဆွေဖွဲ့လိုက်ကြပြီးဖြစ်ပါတယ်။ Microsoft နှင့် Sony တို့ပူပေါင်းပြီး Game Streaming ဝန်ဆောင်မှုတစ်ခုကိုပြုလုပ်ဖို့ရန်အတွက် တစ်ဦးနှင့်တစ်ဦး သဘောတူညီလိုက်ပြီးဖြစ်ပါတယ်။

သဘောတူညီမှုပြုလုပ်တဲ့ပွဲတွင် Sony ရဲ့ အလုပ်အမှုဆောင်ချုပ် Kenichio Yoshida က Microsoft ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက သူတို့ရဲ့ အဓိကစီးပွားရေး လက်တွဲဖော်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ကြောင်းနှင့် ယခုလို ကျွန်တော်တို့(၂)ဦး ပူးပေါင်းပြီး ပြဿနာများကိုဖြေရှင်းမယ်ဆိုရင် ဒီထက်ကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်ဆိုတာ ယုံကြည့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Microsoft  ရဲ့ အလုပ်အမှုဆောင်ချုပ် Satya Nadella က Sony ဟာ entertainment နှင့် technology အပိုင်းမှာ အစဉ်အမြဲဦးဆောင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ အခုလို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းကို ကြေငြာလိုက်ခြင်းဟာ သမိုင်းအသစ်ကို တည်ဆောက်နိုင်ခဲ့တာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Microsoft နဲ့ Sony တို့ဟာ  Game ဝန်ဆောင်မှုတစ်ခုကို ပြုလုပ်ဖို့ရန်အတွက် ပူးပေါင်းလိုက်ကြတာဖြစ်ပါတယ်။ ဝေဖန်သုံးသပ်သူများကတော့ ကုမ္ပဏီကြီး(၂)ခု ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ကြောင်း၊ သူတို့ရဲ့တစ်ဦးနှင့်တစ်ဦး အမြင်ကွဲပြားမှုတွေကို အများကြီးညှိနှိုင်းကြရအုံးမှာဖြစ်ကြောင်း ပြောနေကြပါတယ်။ Google ကလည်း ယခုနှစ် အစပိုင်းမှာ Stadia Game ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပါတယ်။ ယခုလည်း Microsoft နဲ့ Sony တို့ပူးပေါင်းပြီး Game ဝန်ဆောင်မှုတစ်ခုပြုသွားမယ်ဆိုတော့ အင်အားကြီးကုမ္ပဏီတွေရဲ့ ခြေလှမ်းတွေဟာ Game လောကဘက်ကိုဦးတည်နေတာ တွေ့ရှိရပါတယ်။

Source : BBC News

Dark Web ဆိုတာ ဘာလဲ။

Previous article

Google နဲ့ Microsoft Company တို့လို နည်းပညာ company ကြီးတွေက အာဖရိကမှာ ဘာလို့ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြတာလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Gaming