HardwareUncategorized

Mario Game ကို ဘယ်လိုစတင်ခဲ့တာလဲ။

0
Video game designer Shigeru Miyamoto introduces Nintendo's Super Mario Maker at the Electronic Entertainment Expo in Los Angeles in 2014.

90s born နဲ့ အရှေ့က ကလေးတွေအားလုံးက Mario Game ကို မှီကြမှာပါ။ Mario Game ကို Nitendo Company က စတင်မိတ်ဆက်ခဲ့ပြီး ဒီနေ့ခေတ်မှာတော့ Nitendo Switch နဲ့သွားလေရာနေရာမှာ ဆော့လို့ရတဲ့အထိ ကစားနိုင်ပြီဖြစ်ပါတယ်။ အခုပြောပြမယ့် အကြောင်းအရာကတော့ Mario Game ရဲ့ သမိုင်းကြောင်းပဲ ဖြစ်ပါတယ်။

Mario Game ပုံပြင်။

Mario Game ကို စတီထွင်ခဲ့တဲ့လူနာမည်က ဂျပန်လူမျိုး Shigeru Miyamoto ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ Acarde Game ဖြစ်တဲ့ Radar Scope Game ရှိပါတယ်။ ကံမကောင်းအကြောင်းမလှပဲ Arcade Game စက်ပေါင်း ၂၀၀၀ ကျော်က အမေရိကန်မှာ ရောင်းမထွက်ခဲ့ပါဘူး။ ဒီအချိန်မှာ Nitendo Company က Miyamoto ကို Game Project အသစ်စတင်ခိုင်းပါတယ်။ ၁၉၈၁ ခုနှစ်မှာတော့ Mario Game စတင် ပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့အချိန်က Game Character ကို စဉ်းစားတဲ့နေရာမှာ အမေရိကန်မှာရှိတဲ့ Pop-eye ဇာတ်ကောင်ကို စဉ်းစားမိပါတယ်။ ဒါပေမယ့် License တွေစည်းမျဉ်းစည်းကမ်းတွေ ရှိတာကြောင့် Miyamoto က အိမ်သာကျင်းတူးတဲ့ ဇာတ်ကောင် Mario ရယ် ၊ သူ့ကောင်မလေးရယ် မျောက်ဝံကြီးတစ်ကောင်နဲ့ ဇာတ်လမ်းမျိုး Game ကို စတင်ခဲ့ပါတယ်။ Gorilla က စည်ပိုင်းတွေ အပေါ်က လှိမ့်ချပြီး Mario က အပေါ်ကို ရောက်အောင် တတ်ရတာဖြစ်ပါတယ်။

အဲ့အချိန်က စပြီး​ Jump man နာမည်နဲ့ ဖြစ်လာပါတယ်။ ပြီးမှ Mario Game ဖြစ်လာခဲ့ပါတယ်။ Mario Game ပေါ်တဲ့အချိန်က programming language တွေ ထွန်းကားမှုမရှိသေးတဲ့အတွက် လက်နဲ့ဆွဲပြီး ပုံကြမ်းတွေကို ဖန်တီးရပါတယ်။​​ ၂၀၀၀ ခုနစ်နောက်ပိုင်းမှာတော့ ကွန်ပျူတာတွေ ထွန်းကားလာပြီး လူတွေက Mario Game ကို ကွန်ပျူတာမှာပါ ဆော့လာချင်ကြပါတယ်။ Nitendo ကတော့ သူ့ရဲ့စျေးကွက်ပျောက်ကွယ်သွားမှာစိုးပြီး nitendo ကထုတ်တဲ့ Game စက်တွေကိုပဲ ဆက်လက်ရောင်းချခဲ့ပါတယ်။

Mario Game ကစားနည်း။

Mario Game ကစားနည်းက ရိုးရှင်းပြီး လူကြီးရော ကလေးပါ ကြိုက်နှစ်သက်ကြတဲ့ Game တစ်ခုဖြစ်လာပါတယ်။ ဒီနေ့ခေတ်ထိ Mario Game ကို လူကြီးရော ကလေးပါ ကြိုက်နှစ်သက်တုန်းပါပဲ။

Game Controller တွေလည်း နှစ်နဲ့အလိုက် ပုံစံတွေပြောင်းလဲလာပါတယ်။ Mario Game ကလည်း တစ်ဖြည်းဖြည်း အဆင့်မြင့်လာပြီး နောက်ပိုင်းမှာ အခြား character တွေနဲ့ပါ ပူးပေါင်းလာခဲ့ပါတယ်။

ဒီနေ့ခေတ် Mario။

နှစ်တွေကြာလာတဲ့အခါမှာတော့ အင်တာနက်က လူတွေရဲ့နေ့စဉ်ဘ၀မှာ မပါမဖြစ်ပါလာပြီး ကွန်ပျူတာတွေအပြင် ဖုန်းတွေမှာပါ အင်တာနက်သုံးလို့ရတဲ့ အဆင့်ရောက်လာခဲ့ပါတယ်။ ဒီအချိန်မှာတော့ Nitendo က ထင်ထားသလို လူတွေက Game စက်တွေကို တစ်ကူးတစ်က မဝယ်ကြတော့ပဲ smartphone တွေမှာ အလွယ်တကူဆော့လို့ရလာပါတယ်။ Miyamoto ကို လူတော်တော်များများက smartphone မှာ mario game ကို ဆော့လို့ရအောင် ပြောကြပေမယ့် Miyamoto က မလှုပ်ခဲ့ပါဘူး။ ၂၀၁၆ ခုနှစ်မှာတော့ ပထမဦးဆုံး iPhone မှာဆော့လို့ရအောင် Nitendo က တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ Game မှာ အသုံးပြုတဲ့ Gems တွေကို ပိုက်ဆံနဲ့ပေးဝယ်ရပြီး Game အပြည့်ဆော့ချင်ရင်တော့ ဆယ်ဒေါ်လာ ပေးရမှာဖြစ်ပါတယ်။ iPhone ရဲ့ app store မှာ စတင်မိတ်ဆက်ခဲ့တဲ့နေ့ကစပြီး download တဲ့ လူဦးရေ သန်းနဲ့ချီ ဆော့ခဲ့ပါတယ်။ အခုအချိန်ထိ Mario Game က iPhone Game ရောင်းအားအကောင်းဆုံးထဲမှာ ရှိနေပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Power point မလိုပဲ Google Slide နဲ့ Presentation ဘယ်လိုလုပ်မလဲ။

Previous article

USB Drive နဲ့ လွယ်လွယ်ကူကူ Window 10 ဘယ်လိုတင်မလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Hardware