ကျပ် ၁၀ သိန်း ရရှိမယ့် Map Challenge 2018 – Help Map Yangon

0
880

ကဲ ဘော်ဒါဒို့ရေ…

ပြိုင်ပွဲကတော့ အောက်ပါအတိုင်းပါပဲ…

Grab က Phandeeyar နဲ့ ပူးပေါင်းပြီး OpenStreet Map ပေါ်မှာ လိုအပ်နေသေးတဲ့ လမ်းနာမည်တွေ၊ အများနဲ့ဆိုင်တဲ့ အဆောက်အဦးနေရာတွေကို ဝိုင်းဝန်းဖြည့်သွင်းကြမယ့် ပြိုင်ပွဲလေးတစ်ခု စီစဉ်ထားပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ် ၃ ရက်အထိ ကြာမြင့်မယ့် Map Challenge အတွက် ပထမဆုံးရက်မှာ မြေပုံထဲ တည်နေရာတွေ ဘယ်လို ထည့်သွင်းမလဲဆိုတာကို သင်ကြားပေးမှာဖြစ်ပြီး အဲဒီပြိုင်ပွဲကာလ ၈ ရက်အတွင်း အုပ်စုနဲ့ဖြစ်ဖြစ် တစ်ဦးချင်းဖြစ်ဖြစ် ရေးဆွဲပေးရမှာပါ။

ပြိုင်ပွဲကာလတွင်း အစဦးရက် ဖေဖော်ဝါရီ ၂၄ ရက်နဲ့ နောက်ဆုံးရက် မတ် ၃ ရက်သာ လာရောက်ဖို့ လိုအပ်ပြီး ကြားရက်တွေမှာ ကိုယ်အဆင်ပြေတဲ့နေရာမှာ ရေးဆွဲနေရုံပါပဲ။ ဘာမှ ကြိုတင်ပြင်ဆင်စရာမလိုဘူးနော်။ ကိုယ့် လက်ပ်တော့လေး ဆွဲလာခဲ့ရင် ရပြီ။

ပြိုင်ပွဲမှာ ပါဝင်ဖို့က http://bit.ly/2EA3fuu စာရင်းသွင်းလိုက်ရုံပဲ။

အပြည့်စုံဆုံး ဖြည့်သွင်းနိုင်တဲ့သူ (သို့) အဖွဲ့က ကျပ် ၁၀ သိန်း ရမှာနော်။ နောက်ဆို ကိုယ့်လိုအပ်ချက်ကို ကိုယ်တိုင် ဖြေရှင်းနိုင်တဲ့အပြင် သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ကူညီနိုင်ဦးမှာဆိုတော့ ပျော်ပျော်ပါးပါးနဲ့သာ သူငယ်ချင်းတွေပါ ခေါ်ပြီး ပါဝင်လိုက်ကြပါတော့နော်။

[Unicode]

ကဲ ဘောျဒါဒို့ရေ…






Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.