You are here
Home > Lifestyle > Creative > စာရေးခြင်းဖြင့် အပိုဝင်ငွေရှာခြင်း

စာရေးခြင်းဖြင့် အပိုဝင်ငွေရှာခြင်း

စာရေးခြင်းဖြင့် အပိုဝင်ငွေရှာခြင်း
စာရေးခြင်းဖြင့် အပိုဝင်ငွေရှာခြင်း

(Zawgyi)

အွန်လိုင်းပေါ်မှ ငွေရှာခြင်း မိတ်ဆက် နဲ့ အွန်လိုင်းအသုံးပြုပြီး Website တွေက ငွေဘယ်လိုရှာလို့ ရနိုင်မလဲ  ပြီးသွားတဲ့အခါမှာတော့ မိတ်ဆက်ထဲမှာပါတဲ့ စာရေးခြင်း က ငွေဘယ်လိုရှာလို့ ရနိုင်မလဲဆိုတဲ့ ပို့စ်ကို ထပ်ရေးပေးလိုက်ပါတယ်။ ကျွန်တော် လက်လှမ်းမှီသလေက် ၊ စဉ်းစားမိသလောက် ရေးပေးမှာ ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိဦးမှာပါ။ လိုအပ်ချက်တွေကို အဆင်ပြေသလို အသစ်ရေးပြီး ထပ်တင်သွားမှာပါ။

စာရေးခြင်းဆိုတာ ဝါသနာပါလို့ သုတရသစာပေတွေ ရေးနိုင်သလို၊ ဘာသာပြန်တွေလည်း ရေးနိုင်ပါတယ်။ စာရေးခြင်းအားဖြင့် မိမိဘာသာ Facebook page ၊ Blog ၊ Website လုပ်ပြီး ရေးနိုင်သလို၊ Content writer အဖြစ် အငှားပုံစံ ရေးလို့ရပါတယ်။ နှစ်မျိုးစလုံးကိုလည်း တပြိုင်နက်ထဲ လုပ်နိုင်ပါတယ်။

ဝါသနာအရ စာရေးခြင်း

ဝါသနာအရ စာရေးခြင်းလို့ ခေါင်းစဉ်ပေးလိုက်တာကတော့ အချို့က စာရေးတာ ဝါသနာပါတယ်။ ဒါပေမယ့် ဘယ်မှာ ရေးရမလဲ မသိဘူးဆိုတာမျိုး ရှိကြပါတယ်။ ဒီတော့ စာရေးဝါသနာပါရင် ကိုယ့်အစွမ်းအစကို ဖော်ထုတ်ပြဖို့ အရင်ခေတ်တွေလို မခက်ခဲတော့ပါဘူး။ အွန်လိုင်းမီဒီယာတွေ ကနေ ကိုယ့်ရဲ့ အစွမ်းအစကို ထုတ်ဖော်ပြသနိုင်ပါတယ်။ ဥပမာ – Facebook မှာ Page လုပ်ပြီး ဖော်ပြမလား၊ Google မှာ Blog လုပ်ပြီး ဖော်ပြမလား၊ အခွင့်အလမ်းတွေ ရှိနေပါပြီ။ အဓိက ကတော့ ကိုယ့်ဘာသာ ယုံကြည်ချက်ရှိဖို့ပဲ ဖြစ်ပါတယ်။ ရသပိုင်းရေးတယ်ဆိုရင် ရသစာပေနှစ်သက်တဲ့ သူတွေက သင့်ကို အားပေးပါလိမ့်မယ်။ ပရိတ်သတ်ရလာတာဟာ သင့်ကို ဝင်ငွေ ဖန်တီးပေးတာပါပဲ။ သင့်မှာ ပရိတ်သတ်များလာပြီဆိုရင် စာအုပ်ထုတ်ရောင်းနိုင်မယ်။ ဝဘ်ဆိုက်၊ ဘလော့ဂ် လုပ်ပြီး ကြော်ငြာလက်ခံ ဝင်ငွေရှာနိုင်မယ်။ စာမူတွေ ရောင်းပြီး ဝင်ငွေရှာလာနိုင်ပါလိမ့်မယ်။ ဒါက ဝါသနာအရ စာရေးခြင်းကနေ ဝင်ငွေ ဖန်တီးလာနိုင်တာပဲ ဖြစ်ပါတယ်။

Content Writing

Content Writer ဆိုတာ အွန်လိုင်းပေါ်မှာတော့ Facebook page ၊ ဝဘ်ဆိုက်၊ ဘလော့ဂ်တွေအတွက် စာရေးပေးသူများကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ အပြင်လောကမှာတော့ စာနယ်ဇင်းတွေမှာ ဆောင်းပါးတွေရေးတဲ့ စာရေးဆရာလို့ ခေါ်ဆိုရမှာပေါ့။ ဝဘ်ဆိုက်တွေ အမျိုးမျိုးကွဲသွားသလို Content writer လည်း ကျွမ်းကျင်မှုနယ်ပယ် ကွဲသွားပါတယ်။ ဥပမာ – နည်းပညာ ဝဘ်ဆိုက်မှာ ရေးတဲ့ Content writer တစ်ယောက်ဟာ Lifestyle နဲ့ သက်ဆိုင်တဲ့ Content တွေကို ဖန်တီးနိုင်မှုမှာ အားနည်းပါလိမ့်မယ်။ ဒီလိုပဲ Lifestyle content writer တစ်ယောက်ဟာ နည်းပညာ Content ဖန်တီးတဲ့အခါမှာ အားနည်းပါလိမ့်မယ်။ ဒီတော့ Content writer လုပ်တော့မယ်ဆိုရင် ကိုယ်က ဘယ် ပုံစံကို အလေးပေး ရေးသားမှာလည်းဆိုတာ သိဖို့လိုပါတယ်။ ဖက်ရှင်အမြင်ရှိတယ်ဆိုရင် ဖက်ရှင်အကြောင်းရေးနိုင်ပါတယ်။ နည်းပညာကို နားလည်တယ်ဆိုရင် နည်းပညာအကြောင်း ရေးနိုင်ပါတယ်။ အစားအသောက်ပိုင်း နားလည်တယ်ဆိုရင် အစားအသောက်ပေါ့။ အားကစားကို ကျွမ်းကျင်တယ်ဆိုရင် အားကစားအကြောင်း ရေးနိုင်ပါတယ်။ Content writer ကောင်းတစ်ယောက် ဖြစ်ဖို့ ဆိုရင်တော့ သင့်အနေနဲ့ ဝဘ်နည်းပညာပိုင်းကို နားလည်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Content ဆိုတာ ဝဘ်ဆိုက်ရဲ့ အသက်ပါပဲ။ Content ကောင်းမှ SEO (Search Engine Optimization) ပိုင်းမှာ အထောင့်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Content writer အနေနဲ့ ဝဘ်နည်းပညာတွေ ဖြစ်တဲ့ SEO ကဲ့သို့ နည်းပညာတွေကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒါမှ SEO ကောင်းတဲ့ Content တွေကို ဖန်တီးရေးသားနိုင်မှာ ဖြစ်ပါတယ်။

ဘာသာပြန်

ဘာသာပြန်ဆို ရေးသားခြင်းဟာ မိမိအရည်အချင်းနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တိုက်ရိုက် ဘာသာပြန်မှာလား သို့မဟုတ် စာကောင်းတစ်ပုဒ်ဖြစ်အောင် ပြန်မှာလား ဆိုတာ စာရေးသမားတစ်ယောက်ရဲ့ အရည်အချင်းပါပဲ။ တိုက်ရိုက် ဘာသာပြန်တာ ဘာသာစကားနားလည်သူတိုင်း ဘာသာပြန်နိုင်ပေမယ့် စာကောင်းတစ်ပုဒ်ဖြစ်အောင် ဘာသာပြန်လိုက်တာက ဘာသာပြန်တဲ့ သူဟာ စာအရေးအသား ကောင်းမွန်လို့ပဲ ဖြစ်ပါတယ်။ ဘာသာပြန် ရေးသားပြီး ဝါသနာအရ စာရေးခြင်း နဲ့ Content writer ပုံစံ နှစ်မျိုးစလုံးကို ပြုလုပ်နိုင်ပါတယ်။

အထက်ပါ စာရေးခြင်းနည်းတွေကနေတဆင့် အွန်လိုင်းပေါ်မှာ ဝင်ငွေတရပ်ကို ဖန်တီးနိုင်ပါတယ်။ ကျွမ်းကျင်မှုနဲ့ လူစိတ်ဝင်စားမှုအပေါ်မူတည်ပြီး ဝင်ငွေအနည်းအများ ကွာခြားသွားပါလိမ့်မယ်။ www.myanmar-network.net မှာ ဆောင်းပါးတစ်ပုဒ်ကို ငွေကျပ် ၁ သောင်း ပေးပါတယ်။ ဧရာဝတီတို့လို သတင်းဌာနတွေကလည်း သူတို့ သတင်း Website အတွက် ဆောင်းပါးတွေကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ စသဖြင့် ပေးပို့နိုင်တယ်လို့ ကြားသိရပါတယ်။ စာရေးဝါသနာပါရင်ဖြစ်ဖြစ်၊ ကိုယ်က အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ရင် ဖြစ်ဖြစ်၊ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာ၊ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ Content တွေ ပြန်ဆိုပြီး အချို့ Website တွေကို ပေးပို့နိုင်ပါတယ်။ ဒီအချက်တွေထဲမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အပြည့်အစုံကြီး မဟုတ်သေးပါဘူး။ ဒါပေမယ့် အွန်လိုင်းပေါ်က ဘယ်လိုတွေ ငွေရှာနိုင်သလဲဆိုတဲ့ အခြေခံအချက်တွေတော့ ပါသွားပါပြီ။ အသေးစိတ်ကတော့ ကိုယ်တိုင်လေ့လာနိုင်သလို အလျင်းသင့်ရင် သင့်သလို ရေးသွားမှာ ဖြစ်ပါတယ်။

နောက်ထပ် ဆောင်းပါးတွေကို စောင့်ဖတ်ချင်တယ်ဆိုရင်တော့ Myanmar End User ရဲ့ Facebook page ကို Like ပြီး See first လုပ်ထားလိုက်ပါ။

Facebook page >> https://www.facebook.com/MyanmarEndUser

နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင် Facebook group >> https://www.facebook.com/groups/myanmarenduser

နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Website >> http://www.myanmarenduser.com

(Unicode)

စာရေးခြင်းဖြင့် အပိုဝင်ငွေရှာခြင်း






Content Writing






Facebook page >> https://www.facebook.com/MyanmarEndUser



Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top