You are here
Home > Lifestyle > Finance > အွန်လိုင်းအသုံးပြုပြီး Website တွေက ငွေဘယ်လိုရှာလို့ ရနိုင်မလဲ

အွန်လိုင်းအသုံးပြုပြီး Website တွေက ငွေဘယ်လိုရှာလို့ ရနိုင်မလဲ

အွန်လိုင်းအသုံးပြုပြီး Website တွေက ငွေဘယ်လိုရှာလို့ ရနိုင်မလဲ
အွန်လိုင်းအသုံးပြုပြီး Website တွေက ငွေဘယ်လိုရှာလို့ ရနိုင်မလဲ

အွန်လိုင်းပေါ်မှ ငွေရှာခြင်း မိတ်ဆက် ပြီးသွားတဲ့အခါမှာတော့ မိတ်ဆက်ထဲမှာပါတဲ့ Website တွေက ငွေဘယ်လိုရှာလို့ ရနိုင်မလဲဆိုတဲ့ ပို့စ်ကို ထပ်ရေးပေးလိုက်ပါတယ်။ ကျွန်တော် လက်လှမ်းမှီသလေက် ၊ စဉ်းစားမိသလောက် ရေးပေးမှာ ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိဦးမှာပါ။ လိုအပ်ချက်တွေကို အဆင်ပြေသလို အသစ်ရေးပြီး ထပ်တင်သွားမှာပါ။

အပိုဝင်ငွေပဲ ရှာရှာ၊ စီးပွားရေးပုံစံပဲ ရှာရှာ အွန်လိုင်းအသုံးပြုပြီး Website တွေက တဆင့် ငွေရှာလို့ရပါတယ်။ အဓိက အလုပ်ကတော့ မားကတ်တင်း (Marketing) ပါပဲ။ Website ဆိုတာ ၂၄ နာရီ ၇ ရက် ပတ်လုံး အလုပ်လုပ်နေတဲ့အတွက် ဆိုင်တွေ၊ ရုံးတွေလို ပိတ်ရက်ဆိုတာ မရှိပါဘူး။ အားသာချက်ကတော့ အချိန်မရွေး နေရာမရွေးကနေ ကျွန်တော်တို့ ဝန်ဆောင်မှုတွေ ပေးလို့ရသလို၊ ရယူလို့လည်း ရပါတယ်။ ဒါကြောင့် စီးပွားရေး လုပ်ငန်းတိုင်း၊ အဖွဲ့အစည်းတိုင်းမှာ Website ရှိရပါတယ်။ ဒါမှ Customer တွေအနေနဲ့ ၂၄ နာရီ ၇ ရက် ပတ်လုံး ကိုယ့်ရဲ့ ဝန်ဆောင်မှုတွေကို ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်က ငွေရှာမယ်ဆိုရင် အွန်လိုင်းငွေချေမှု (Online payment) တွေလည်း အဆင်ပြေဖို့လိုတယ်။ ကျွန်တော်တို့ နိုင်ငံမှာအရင်တုန်းက အွန်လိုင်းက ငွေရှာလို့မရဘူးဆိုတာ အဓိကပြဿနာက အွန်လိုင်းငွေချေမှု မရတာပဲ။ ခုလည်း ရပီလားဆို အရင်ကထက်စာရင် နည်းနည်းတော့ အဆင်ပြေလာပါပြီ။ ဒီတော့ Website တွေက ငွေရှာဖို့ကဆိုရင် ကိုယ်ပိုင် Website, Blog တည်ဆောက်ပြီး ငွေရှာခြင်း နဲ့ အင်တာနက်ပေါ်က Website တွေကနေ ငွေရှာခြင်းဆိုပြီး နှစ်မျိုးခွဲလို့ရတယ်။

ကိုယ်ပိုင် Website, Blog မှ ငွေရှာခြင်း

Website ထောင်တယ်ဆိုကတည်းကတော့ စီးပွားရေးအရ သို့မဟုတ် သတင်းအချက်အလက် ထုတ်ပြန်ဖို့ပဲ ဖြစ်ပါတယ်။ စီးပွားရှာလို့ရတဲ့ဆိုက်တွေက ဘယ်လိုဆိုက်မျိုးလည်းဆိုရင် သတင်းမီဒီယာ Website မျိုးတွေပါ။ အရောင်းအဝယ် Website မျိုးတွေ ဖြစ်ပါတယ်။ အရောင်းအဝယ် Website ဆိုရင် မိမိရဲ့ ရောင်းကုန်တွေကို မိမိ Website မှာ တင်ရောင်းနိုင်ပါတယ်။ သတင်းမီဒီယာ Website ဆိုတာ သတင်းတွေအမြဲတင်တဲ့အတွက် လူဝင်ကြည့်တာများပါတယ်။ ဒါကြောင့် ကြည့်ရှုသူများတဲ့အခါ ကြော်ငြာအတွက် နေရာ (Advertising Space) ရောင်းစားလို့ရပါတယ်။ နောက်တစ်ခုက အွန်ုလိုင်းပေါ်က ကြော်ငြာတွေကို ထည့်လို့ရပါတယ်။

ကြော်ငြာနေရာ (Advertising Space)

ကြော်ငြာနေရာ (Advertising Space) ဆိုတာ များသောအားဖြင့် Website ပိုင်ရှင်ဘယ် ဘယ်နားမှာ ကြော်ငြာထည့်ရင် ဘယ်လောက်ဆိုပြီး ကြော်ငြာနေရာနှင့် ဈေးနှုန်းကို သတ်မှတ်ပေးပါတယ်။ Website ရဲ့ အောင်မြင်မှုအပေါ်မူတည်ပြီး ကြော်ငြာဈေးနှုန်းတွေ မတူညီနိုင်ပါဘူး။ ကျွန်တော်တို့ လမ်းတွေမှာ Billboard တွေ ထောင်သလိုပါပဲ။ လူစည်တဲ့နေရာနဲ့ လူမစည်တဲ့နေရာ ဈေးနှုန်းတူညီမှာ မဟုတ်ပါဘူး။ ဒီမှာတစ်ခါတည်း ကြော်ငြာလိုသူတွေကို အသိပေးချင်တာက Billboard ထောင်ရင် ငွေကြေးအများပြားပေးရပါတယ်။ အွန်လိုင်းပေါ်မှာ ကြော်ငြာရင် ငွေကြေးအနည်းငယ်နဲ့ တစ်နိုင်ငံလုံးက အွန်လိုင်းသုံးသူတွေ သိရှိအောင် ကြော်ငြာနိုင်ပါတယ်။

အွန်လိုင်းကြော်ငြာ

အွန်လိုင်းကြော်ငြာဆိုတာ Myanmar Online Advertising လို အွန်လိုင်းပေါ်မှာ ကြော်ငြာအတွက် ဝန်ဆောင်မှုပေးတဲ့ Company မျိုးကနေ ကျွန်တော်တို့ Website, Blog တွေမှာ ကြော်ငြာတွေပြန်ပြတာ ဖြစ်ပါတယ်။ ဘယ်လိုအကျိုးအမြတ်ရလည်းဆိုရင်တော့ Website, Blog ကို လာကြည့်သူတွေအပေါ်မူတည်ပြီး ကြော်ငြာကို စိတ်ဝင်စားလို့ ဖွင့်ကြည့်သွားတယ်ဆို ဈေးနှုန်းတစ်မျိုး၊ ကြည့်ရုံပဲ ကြည့်သွားတယ်ဆိုရင် ဈေးနှုန်းတစ်မျိုး ရပါတယ်။ ဈေးနှုန်းတွေကိုတော့ ကိုယ်ကြိုက်တဲ့ Online Advertising တစ်ခုခုကို ရွေးသုံးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် MyOpenAds, iMyanmarAds, MogokAds, Myanmar Online Advertising စသဖြင့် ရှိပါတယ်။ ပြည်ပကဆိုရင်တော့ အများအပြားရွေးချယ်နိုင်ပါတယ်။

အခြားသော Website များမှ ငွေရှာခြင်း

ကိုယ်ပိုင် Website, Blog တွေကနေ ဘယ်လိုငွေရှာလို့ရလည်း သိပြီးတဲ့အခါ အခြားသော Website တွေကနေ ဘယ်လိုငွေရှာမလဲ?? ကျွန်တော်တို့ ကိုယ်ပိုင် Website, Blog လုပ်တဲ့အခါမှာ ကိုယ်ပိုင်ကုန်ပစ္စည်း (သို့မဟုတ်) အခြားက ကုန်ပစ္စည်းတွေကို ကိုယ့် Website, Blog မှာ ပြန်လည်ရောင်းချလို့ ရသလို အခြားသော Website တွေမှာလည်း ကိုယ့်ကုန်ပစ္စည်းတွေကို ရောင်းချလို့ ရပါတယ်။ ဥပမာ – မြန်မာမှာဆို Ads.com.mm, Zawgyi Mark နဲ့ အခြားသော Online market place တွေမှာ ရောင်းဝယ်ဖောက်ကားလို့ရပါတယ်။

Affiliate

နောက်တစ်ခုက Affiliate လို့ခေါ်တဲ့ Website က ကုန်ပစ္စည်းတွေကို ကိုယ့် Website, Blog ကတဆင့် ဖော်ပြပေးတာ ဖြစ်ပါတယ်။ ကြည့်ရှုသူတစ်ယောက်ယောက်က Affiliate လုပ်ထားတဲ့ ကုန်ပစ္စည်းတစ်ခုခုကို ကိုယ့် Website, Blog ကနေတွေ့ပြီး ဝယ်သွားတယ်ဆိုရင် ကော်မရှင်ရတာပါ။ Shop.com.mm မှာ Affiliate နဲ့ S-Force ဆိုတဲ့ ဝန်ဆောင်မှုတွေ ရှိပါတယ်။ Affiliate ကတော့ ကျွန်တော်လည်း ဒီစာရေးရင်း ဝင်ကြည့်မှ မြင်မိတာပါ။ S-Force ဆိုတဲ့ ဝန်ဆောင်မှုကိုတော့ Shop.com.mm မှ ပစ္စည်းတွေကို ရောင်းပြီး ကော်မရှင်ရယူမယ် မှာ ကိုယ်တိုင် ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဝယ်ရောင်း

ဝယ်ရောင်းကတော့ အွန်လိုင်းမှာ တော်တော်ခေတ်စားနေပါတယ်။ အဓိက ကတော့ Facebook ကနေ Smartphone, laptop, ကင်မရာ၊ အလှကုန်၊ အိမ်အသုံးအဆောင်၊ အဝတ်အထည် စသည်တို့ကို နည်းလမ်းမျိုးစုံနဲ့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ Facebook တဆင့် ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ အချို့က ကိုယ်ပိုင် Facebook page တွေ ထောင်ပြီး ရောင်းဝယ်ဖောက်ကားကြသလို၊ အချို့တွေကတော့ ရှိပြီးသား Facebook group တွေကို အားကိုးပြီး ရောင်းဝယ်ဖောက်ကားကြပါတယ်။

Content writing

Content writing ဆိုတာ စာရေးခြင်းပါပဲ။ ဒါပေမယ့် စာရေးဆရာတွေလို အရှည်ကြီး ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင် ဇာတ်အိမ်ဖွဲ့ပြီး ရေးတာမျိုးမဟုတ်ပဲ။ ဝတ္ထုတို၊ ဘာသာပြန်၊ သတင်း၊ ဆောင်းပါး စသဖြင့် လူစိတ်ဝင်စားမယ့် Website အတွက် Content တွေ ဖန်တီးပေးရတာမျိုးပါ။ ကိုယ်ပိုင် Blog ရှိသူတွေက ကိုယ့်ရဲ့ Blog မှာ မတင်ခင် အခြားသော အခပေးတဲ့ Website ကြီးတွေကို ရောင်းလို့ရပါတယ်။ ပြီးတော့မှ ကိုယ်ပိုင် Blog မှာ ပြန်တင်ခြင်းဖြင့်လည်း ဝင်ငွေ နှစ်ခါရပါတယ်။ www.myanmar-network.net မှာ ဆောင်းပါးတစ်ပုဒ်ကို ငွေကျပ် ၁ သောင်း ပေးပါတယ်။ ဧရာဝတီတို့လို သတင်းဌာနတွေကလည်း သူတို့ သတင်း Website အတွက် ဆောင်းပါးတွေကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ စသဖြင့် ပေးပို့နိုင်တယ်လို့ ကြားသိရပါတယ်။ စာရေးဝါသနာပါရင်ဖြစ်ဖြစ်၊ ကိုယ်က အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ရင် ဖြစ်ဖြစ်၊ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာ၊ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ Content တွေ ပြန်ဆိုပြီး အချို့ Website တွေကို ပေးပို့နိုင်ပါတယ်။

ဒီအချက်တွေထဲမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အပြည့်အစုံကြီး မဟုတ်သေးပါဘူး။ ဒါပေမယ့် အွန်လိုင်းပေါ်က ဘယ်လိုတွေ ငွေရှာနိုင်သလဲဆိုတဲ့ အခြေခံအချက်တွေတော့ ပါသွားပါပြီ။ အသေးစိတ်ကတော့ ကိုယ်တိုင်လေ့လာနိုင်သလို အလျင်းသင့်ရင် သင့်သလို ရေးသွားမှာ ဖြစ်ပါတယ်။

နောက်ထပ် ဆောင်းပါးတွေကို စောင့်ဖတ်ချင်တယ်ဆိုရင်တော့ Myanmar End User ရဲ့ Facebook page ကို Like ပြီး See first လုပ်ထားလိုက်ပါ။

Facebook page >> www.facebook.com/MyanmarEndUser

နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင်

Facebook group >> www.facebook.com/groups/myanmarenduser

နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့

Website >> www.myanmarenduser.com

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top