Tech News

Machine Learning တွေလုပ်နေတဲ့ Facebook

0

Facebook က အင်တာနက်ကိုပဲ လွှမ်းမိုးရုံတင်မက Machine Learning တွေကိုပါ ပြုလုပ်နေပါပြီ။ Machine Learning ဆိုတာက စက်ရုပ်တွေကို​ အမိန့်ပေးပြီး စေခိုင်းတာမျိုး မဟုတ်ပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတတ်အောင် သင်ပေးတာမျိုးဖြစ်ပါတယ်။ Facebook က သူရဲ့ Facebook app မှာလည်း AI (Artificial Intelligence) တွေထည့်သွင်းထားပါတယ်။ ဥပမာ လူတစ်ယောက်က ပုံတွေတင်တဲ့အခါမှာ သွေးထွက်သံယိုဖြစ်တာတွေပါတဲ့အခါမှာ အလိုအလျောက် cover လုပ်ပေးတာမျိုးတွေ လုပ်ပေးပါတယ်။ သင့်ပုံကိုတွေ့တာနဲ့ သင်ဘယ်သူဆိုတာ အလိုအလျောက်သိနိုင်တဲ့ စနစ်မျိုးတွေ၊ အလိုအလျောက် message reply လုပ်ပေးတာမျိုးတွေက AI တွေပဲ ဖြစ်ပါတယ်။

အခုလည်း စက်ရုပ်တွေက အရာ၀တ္ထုတွေကို ထိလိုက်တာနဲ့ ဘာဆိုတာ သိပြီး ဆုံးဖြတ်ချက်ချတာမျိုးတွေ လုပ်နိုင်အောင် စက်ရုပ်တွေကို သင်ပေးပါတယ်။ ဒီလိုလုပ်ခြင်းက Facebook နဲ့ မသက်ဆိုင်ပေမယ့် နောက်ထပ် product အသစ်တွေအတွက် သုတေသန စမ်းသပ်လုပ်ဆောင်ခြင်းတွေ ဖြစ်ပါတယ်။ စက်ရုပ်တွေက အနာဂတ်မှာ လူတွေအတွက် သက်သာအောင် လုပ်ပေးရုံတင်မက ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်ပြီး ဒီထက် အလုပ်တွေပိုလုပ်နိုင်အောင် ရည်ရွယ်ချက်နဲ့ Machine Learning တွေကို လုပ်ခြင်းဖြစ်ပါတယ်။ Facebook Company က အခုဆိုရင် လူမှုကွန်ရက်တစ်ခုတည်းသာမက VR Headset Oculus နဲ့ အိမ်သုံးsmart device တွေကိုပါ ထုပ်လုပ်နေပြီဖြစ်ပါတယ်။

ဒါ့အပြင် လူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ချိုးဖောက်ပြီး အလွဲသုံးစားလုပ်တဲ့ company တစ်ခုအဖြစ်လည်း နာမည်ဆိုးနဲ့ ကျော်ကြားနေပါတယ်။ နောက်ပိုင်း Facebook ရဲ့ product အသစ်တွေမှာ AI စနစ်တွေ အများကြီး ပါဝင်လာမှာတော့ အသေချာပါပဲ။

Win Thet Oo
Think Different! Do what you love! Love what you do!

Google နဲ့ Microsoft Company တို့လို နည်းပညာ company ကြီးတွေက အာဖရိကမှာ ဘာလို့ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြတာလဲ။

Previous article

Power point မလိုပဲ Google Slide နဲ့ Presentation ဘယ်လိုလုပ်မလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Tech News