Technology Explained

Mac အသုံးပြုသူတွေအတွက် Pdf format တွေမှာ sign ဘယ်လိုထိုးမလဲ။

0

Mac အသုံးပြုသူတွေက လက်မှတ်ထိုးတဲ့ function နဂိုတည်းက built-in ပါဝင်တာကြောင့် စာချုပ်တွေ document တွေကို လက်မှတ်ထိုးရတာ အဆင်ပြေပါတယ်။ ဥပမာ အခြားတစ်ယောက်က သင့်ကို စာချုပ်စာတမ်းပို့ပါတယ်ဆိုပါစို့။ အရောင်းအဝယ် စာချုပ်ဖြစ်ဖြစ်၊ သဘောတူညီမှုစာချုပ်တွေဖြစ်ဖြစ် သင့်ကို e-mail ကတစ်ဆင့် pdf နဲ့ ပို့ရင် လက်မှတ်အလွယ်တကူ ထိုးလို့ရပါတယ်။ ပထမဦးဆုံး pdf reader ကို online က download လုပ်ရပါမယ်။ အကယ်၍ pdf format မရှိရင်လည်း apple ရဲ့ mail စနစ်မှာ လက်မှတ်ထိုးလို့ရပါတယ်။

လက်မှတ်ကို ဘယ်လိုထိုးရမလဲ။

သင်က iMac user ဆိုရင် စာရွက်အလွတ်တစ်ခုမှာ ကိုယ့်လက်မှတ်ကို ထိုးပြီး ကွန်ပျူတာရဲ့ webcam ရှေ့မှာထားပါ။ ကွန်ပျူတာမှာ ပါဝင်တဲ့ AI က သင်ထိုးထားတဲ့ လက်မှတ်ကို ဖတ်ပြီး sign အနေနဲ့ဖော်ပြမှာပါ။ သင်မကြိုက်သေးရင် နောက်တစ်ခေါက် ထက်လုပ်ပါ။ သင်ကြိုက်တဲ့ ပုံစံကိုရရင်တော့ အတည်ပြုပြီး စာချုပ်မှာ လက်မှတ်ထိုးတဲ့နေရာမှာ ထားလို့ရပါပြီ။ macbook laptop အသုံးပြုသူတွေကတော့ trackpad မှာတင် လက်နဲ့ထိုးလို့ရပါတယ်။ ဒီလိုမှ မကြိုက်ရင် စာရွက်မှာ ကိုယ်တိုင်ထိုးပြီး iMac မှာလုပ်သလို webcam အရှေ့မှာ ထောင်ပြီး လုပ်လို့ရပါတယ်။ ဒီလိုတွေမလုပ်ချင်ရင် သင့်လက်မှတ်ပါပြီးသား image ကို select လုပ်ပြီး scan လို့ရပါတယ်။ အရမ်းလွယ်ကူပြီး သုံးရတာ အဆင်ပြေပါတယ်။

ဒါ့အပြင် ဓါတ်ပုံတွေထဲမှာ စာထည့်တဲ့စနစ်တွေ အရောင်ချိန်တာတွေ fontsize ချိန်တာတွေလည်း လုပ်လို့ရပါသေးတယ်။

 

Win Thet Oo
Think Different! Do what you love! Love what you do!

5G ဆိုတာ ဘာလဲ။

Previous article

Instagram မှာ schedule ချပြီး post တွေဘယ်လိုတင်မလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.