သင်က Live streaming လုပ်တာ ဝါသနာပါတဲ့လူဆိုရင် ကင်မရာကောင်းကောင်းတစ်လုံးက သင့်အတွက်မရှိမဖြစ် လိုအပ်ပါတယ်။ Canon က Mirrorless camera တွေထုတ်ပြီး အခု ကိုယ့်ပုံကိုယ် ပြန်ရိုက်နိုင်တဲ့ flip screen နဲ့ G7X camera လည်း လာပြီဖြစ်တယ်။ 4K videos တွေကို 30 frames per second ရိုက်နိုင်ပါတယ်။ Megapixel အနေနဲ့ဆိုရင်တော့ 20-megapixel ရှိပါတယ်။ အဓိက ဒီကင်မရာ target ထားတာက youtubers တွေအတွက်ဖြစ်ပါတယ်။ Facebook မှာ live လွှင့်တဲ့ streamers တွေအတွက်လည်း အဆင်ပြေပါတယ်။ USB-C charging port ပါဝင်ပြီး wifi လည်း support လုပ်နိုင်ပါတယ်။
ဓါတ်ပုံရိုက်ဖို့အတွက်ဆိုရင်တော့ G5X MarkII က သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ၂၀၁၅ မှာထွက်ခဲ့တဲ့ version ထက်အများကြီး ကောင်းမွန်လာတာကိုလည်း တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Canon က ကင်မရာလောကထဲမှာ နေရာတစ်ခုရနေပေမယ့် mirrorless camera ထဲမှာတော့ ပြိုင်ဖက် sony နဲ့ အခြား ကင်မရာတွေကို မယှဉ်နိုင်ပါဘူး။ စျေးနှုန်းတွေအနေနဲ့က G7XIII ကို $749 နဲ့ ရောင်းချမှာ ဖြစ်ပြီး အမဲနဲ့အဖြူ အရောင်နှစ်မျိုး ရနိုင်ပါတယ်။ G5X Mark II ကတော့ $899 ကျမှာ ဖြစ်ပြီး အမဲတစ်မျိုးနဲ့ပဲ ရမှာ ဖြစ်တယ်။ ကင်မရာတွေကို နောက်လမှာ ဝယ်ယူရရှိနိုင်မယ်လို့လည်း သိရပါတယ်။
Comments