You are here
Home > Hardware > Buying Guides > Lenovo Ideapad 120S NoteBook

Lenovo Ideapad 120S NoteBook

ဈေးကွက်အတွင်း ဝင်ရောက်

မြန်မာနိုင်ငံ ဈေးကွက်အတွင်းကို အသစ်ထပ်မံ ဝင်ရောက်လာတဲ့ Lenovo Ideapad 120S ဆိုတဲ့ Notebook ကို သုံးသပ်မိတ်ဆက်ပေးလိုက်ပါတယ်။ Lenovo laptop နဲ့ Notebook တွေကို Windows အတွက်သာ ဒီဇိုင်းလုပ်ပြီး ထုတ်လေ့ရှိပါတယ်။ ခုအသစ်ဝင်ရောက်လာတဲ့ Ideapad 120S notebook ကိုလည်းပဲ Windows 10 Home လိုင်စင်ပါတာနဲ့ မပါတာဆိုပြီး နှစ်မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။ Ideapad 120S ဟာ ပေါ့ပေါ့ပါးပါးသုံးနိုင်အောင် ဒီဇိုင်းလုပ်ထားပါတယ်။ ဒါ့အပြင် ဈေးနှုန်းကိုလည်း သက်သက်သာသာဖြစ်အောင် လုပ်ထားတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေနဲ့ Meeting တက်တဲ့အခါသုံးဖို့ အရမ်းကို အဆင်ပြေမယ့် Notebook လေးပဲ ဖြစ်ပါတယ်။ Notebook ဖြစ်တာကြောင့် Photoshop တို့လောက် သုံးနိုင်ပေမယ့် ဟဲဗီးလုပ်ရတဲ့ အလုပ်တွေကို ခိုင်းလို့ရနိုင်မှာ မဟုတ်ပါဘူး။ အသွင်အပြင် ဒီဇိုင်းကတော့ အရမ်းကိုလန်းလွန်းပါတယ်။

ဘတ်ဂျက် Notebook

Notebook ဖြစ်တာရယ်၊ ဘတ်ဂျတ်သမားတွေအတွက် ရည်ရွယ်ထားတာကြောင့် Processor ကိုတော့ Intel Celeron N3350 ကို အသုံးပြုထားပါတယ်။ Celeron ကို အသုံးပြုထားတာကြောင့် ဟဲဗီးတော့ ခိုင်းလို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Memory (RAM) က 4 GB LPDDR4 2400 ကို သုံးထားတဲ့အတွက် မြန်ဆန်မှုကိုတော့ ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Storage ကလည်းပဲ 500 GB 7MM 5400RPM ဖြစ်တဲ့အတွက် Data တွေကို Read/Write လုပ်တဲ့အခါမှာ မြန်ဆန်စေမှာ ဖြစ်ပါတယ်။

Display အနေနဲ့ကတော့ ၁၁.၆ လက်မ ကျယ်ပြီး IPS ကို အသုံးပြုထားပြီး 1366 x 768 resolution ဖြစ်တာကြောင့် HD ရုပ်ထွက်ကို ကြည်လင်ပြတ်သားစေမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ကို ၁၈၀ ဒီဂရီအထိ လှန်နိုင်ပါတယ်။ Graphics အနေနဲ့ Onboard graphics ပဲ ပါဝင်မှာ ဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ 2 Cells 28 WH ပါရှိတာကြောင့် အချိန်အားဖြင့် ၈ နာရီခန့် သုံးနိုင်မှာ ဖြစ်ပါတယ်။

ပေါ့ပါးအောင် ဖန်တီးထား

Ideapad 120S ကို ပေါ့ပါးအောင် ပြုလုပ်ထားတဲ့အတွက် DVD Drive, Ethernet (LAN), VGA တွေတော့ ပါဝင်မှာ မဟုတ်ပါဘူး။ USB ၂ ပေါက်၊ USB C type ၁ ပေါက်၊ HDMI တို့ပါရှိပါတယ်။ Bluetooth ကတော့ 4.0 ပါဝင်ပါတယ်။ Card reader အနေနဲ့ MicroSD card reader ပါဝင်ပါတယ်။ အသံပိုင်းအတွက် စပီကာ နှစ်လုံး၊ Dual array microphone နဲ့ Audio output အတွက် combo audio / microphone jack ပါဝင်မှာ ဖြစ်ပါတယ်။ Wireless အနေနဲ့ 802.11ac ကွန်ယက်ကို ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

ဘယ်မှာရရှိ နိုင်သလဲ

အချုပ်အားဖြင့် ဈေးနှုန်းသက်သက်သာသာနဲ့ ပေါ့ပေါ့ပါးပါး အသုံးပြုလိုသူတွေအတွက် သင့်လျော်တဲ့ Notebook ပဲ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ Licensed windows အတွက် ၂၈၉ ဒေါ်လာ မြန်မာငွေအားဖြင့် ၃ သိန်း ၈ သောင်းခန့် ဖြစ်ပါတယ်။ Windows ကို License နဲ့ မသုံးချင်ဘူးဆိုရင် ၂၆၈ ဒေါ်လာနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ မြန်မာငွေအားဖြင့် ၃ သိန်း ၅ သောင်း ၅ ထောင် ခန့် ဖြစ်ပါတယ်။ အရောင်အားဖြင့် Denim Blue ကို လက်ရှိ ဈေးကွက်မှာ ရရှိနိုင်ပါတယ်။ ဝယ်ယူမယ်ဆိုရင်တော့ Tha Pyay Pwint မှာ ရရှိနိုင်ပါတယ်။

ဆက်စပ်အဆောင်းပါးများ –

[Unicode]










Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top