Social MediaTech News

ယာယီပိတ်သိမ်းခံရသည့် ဆင်းမ်ကတ်များ သုံးလအတွင်း ပြန်လည်မှတ်ပုံတင်နိုင်

0
ယာယီပိတ်သိမ်းခံရသည့် ဆင်းမ်ကတ်များ သုံးလအတွင်း ပြန်လည်မှတ်ပုံတင်နိုင်
ယာယီပိတ်သိမ်းခံရသည့် ဆင်းမ်ကတ်များ သုံးလအတွင်း ပြန်လည်မှတ်ပုံတင်နိုင်

ယာယီပိတ်သိမ်းခံရသည့် ဆင်းမ်ကတ်များ သုံးလအတွင်း ပြန်လည်မှတ်ပုံတင်နိုင်

ယာယီလိုင်းပိတ်သိမ်း ခြင်းခံထားရသည့် မိုဘိုင်းဆင်းမ် ကတ်များ သုံးလအတွင်း ပြန်လည်မှတ်ပုံတင်နိုင်မည်ဟု ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဆွေက ပြောသည်။

မတ်လ ၃၁ ရက်အထိ မှတ်ပုံတင်ခြင်းမရှိခဲ့သည့် မိုဘိုင်း ဆင်းမ်ကတ်များကို ဇွန်လကုန် အထိ မှတ်ပုံတင်ရန်ခွင့်ပြုထား သော်လည်း ဇွန်လအထိ လာ ရောက်မှတ်ပုံတင်ခြင်းမရှိပါက အပြီးလိုင်းပိတ်သိမ်းမည်ဟု ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

‘‘ယာယီကာလကုန်ဆုံးသွား ရင် မှတ်ပုံတင်မထားတဲ့ ဆင်းမ် ကတ်တွေကို အပြီးပိတ်သိမ်းသွား မှာဖြစ်လို့ မှတ်ပုံတင်ဖို့ ကျန်ရှိနေ တဲ့ ဆင်းမ်ကတ်တွေကို အမြန်ဆုံးမှတ်ပုံတင်ဖို့ တိုက်တွန်းလိုပါ တယ်။ နောက်ဆုံးအခွင့်အရေး ပါ’’ဟု တယ်လီနော၏ ဈေးကွက် ဖော်ဆောင်ရေးအရာရှိချုပ် JoslinE Myrthong က ပြောသည်။

မိုဘိုင်းဆင်းမ်ကတ်များကို မှတ်ပုံတင်ခြင်းသည် အသုံးပြုသူ ၏ ကိုယ်ရေးအချက်အလက်ကို အော်ပရေတာအနေဖြင့် အစိုးရ လိုအပ်ချက်အရ ထိန်းသိမ်းထား ခြင်း ဖြစ်သော်လည်း မိုဘိုင်းဖုန်းမှ တစ်ဆင့် ဆောင်ရွက်နိုင်သည့် ငွေကြေးဝန်ဆောင်မှုများကို လုံခြုံစွာ ဆောင်ရွက်နိုင်ခြင်း၊ ဆင်းမ်ကတ် ပျောက်ဆုံးခြင်းနှင့် ဝန်ဆောင်မှု ကိစ္စရပ်အသီးသီး၏ ပြဿနာများ ကို ဖြေရှင်းပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို အသုံးပြုသူ များအနေဖြင့် ရရှိနိုင်သည်။

‘‘အခု ဘယ်လောက်မှတ်ပုံ တင်ခဲ့လဲဆိုတာ ပြောလို့မရသေး ဘူး။ ၅ ရက်နေ့လောက်နောက်ဆုံး ထားပြီး စာရင်းပိတ်တင်ဖို့ရှိတယ်။ ၇ ရက်နေ့လောက်ဆိုရင် စာရင်း (မှတ်ပုံတင်အသုံးပြုသူ)သိရပြီ’’ ဟု ဦးမျိုးဆွေကပြောသည်။ အော် ပရေတာသုံးခု၏ ထုတ်ပြန်ချက် အရ ဆင်းမ်ကတ်အသုံးပြုသူ သန်း ၅၀ ကျော်ရှိသည်။

အော်ပရေတာ အားလုံးရဲ့ ဆင်းမ်ကတ် မှတ်ပုံတင်လို့ရနိုင်တဲ့ နည်းလမ်းတွေကို အောက်ပါ Link မှာ ဝင်ကြည့်နိုင်ပါတယ်။

မှတ်ပုံမတင်ရသေး၍ လိုင်းယာယီ ဖြတ်တောက်ခံရသော SIM CARD များအတွက်

Unicode Version








 

ref >> 7Day Daily

 

မှတ်ပုံမတင်ရသေး၍ လိုင်းယာယီ ဖြတ်တောက်ခံရသော SIM Card များအတွက်

Previous article

ကျောဘက်ကင်မရာနှစ်ခုနဲ့ Snapdragon 835 ပါဝင်တဲ့ Mi 6 ကို Xiaomi မိတ်ဆက်

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Social Media