FeaturedInternetiPhone & iPadSmart HomeSocial MediaTechnology Explained

iPhone မှာ Facebook က videos တွေ Instagram က videos တွေကို app အပိုမသုံးပဲ ဘယ်လိုဒေါင်းမလဲ။

0

ဒီမေးခွန်းက iPhone အသုံးပြုသူတွေကြားမှာ တော်တော်လေးမေးကြတဲ့ မေးခွန်းမျိုးဖြစ်ပါတယ်။ တော်တော်လေးလည်း ခေါင်းစားတဲ့ မေးခွန်းလေးလည်း ဖြစ်ပါတယ်။ ios ရဲ့နောက်ဆုံးထွက်တဲ့ version လေးမှာ Shortcut ဆိုပြီးမိတ်ဆက်ကြတာကို မှတ်မိမယ်ထင်ပါတယ်။ အခုပြောမယ့်ဟာကလည်း shortcut လေးသုံးပြီး လုပ်ဆောင်ရမယ့် အရာလေးပဲ ဖြစ်ပါတယ်။ ဒါတွေမပြောခင်မှာ shortcut လေးကို အရင်ရှင်းပြပါမယ်။

shortcut ဆိုတာက apple က ထုတ်တဲ့ app ဖြစ်ပါတယ်။ သူ့ရဲ့အဓိက လုပ်ဆောင်ချက်က ကိုယ်လုပ်ရမယ့်အရာတွေကို တစ်ခုချင်းဆီ လိုက်လုပ်စရာမလိုပဲ shortcut function တစ်ခုကို ကိုယ့်စိတ်ကြိုက်ဖန်တီးပြီး လုပ်နိုင်တဲ့ ခလုတ်တစ်ခု ပုံစံမျိုးပါ။ ဥပမာ call Home button တစ်ခုကို ဖန်တီးတယ်ဆို့ပါစို့။ အဲ့ Button ကို နှိပ်လိုက်တာနဲ့ သင့်အိမ်ကိုဖုန်းတန်းခေါ်တဲ့အပြင် တစ်ခြား သင်ကြိုက်တဲ့ function တွေကို တစ်ခါတည်း တန်းလုပ်တာမျိုးကို ပြောတာပါ။ သင့် iPhone မှာ shortcut function မပါရင် app store က ပြန် down လိုက်ပါ။

သင့်ဖုန်းမှာ shortcut function ရှိပြီးသားဆိုရင် ဒီ link လေးကို နှိပ်လိုက်ပါ။ ဒီ link က instagram မှာ ကြိုက်တဲ့ video တွေကို download လုပ်နိုင်ဖို့ဖန်တီးထားတဲ့ shortcut တစ်ခုပါ။ (သင့်ဖုန်းထဲမှာ shortcut app
အရင်ရှိရပါမယ်။)

https://www.icloud.com/shortcuts/d1c983f40aa4452786e1680c0f6bebe5

 

link ကိုနှိပ်ပြီးသွားရင်တော့ ပုံထဲအတိုင်း ပေါ်လာတဲ့အခါမှာ Get Shorcut နှိပ်လိုက်ရုံပါပဲ။ ဒါဆိုရင် သင့် shortcut app ထဲက library မှာ Instasave အနေနဲ့ shortuct အသစ်တစ်ခု ဖန်တီးပြီးသား ဖြစ်သွားမှာပါ။

Instagram ပေါ်ပြန်သွားကြရအောင်။ Instagram မှာ သင်ကြိုက်တဲ့ video တစ်ခုတွေ့တယ်ဆိုပါစို့။ အခု အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း share to ကိုနှိပ်ပါ။ shortcut ဆိုတာလေးကို မြင်ရင် နှိပ်လိုက်ပါ။ အကယ်၍ shortcut မပေါ်ရင် more ထဲမှာ သွားဖွင့်ပါ။ ဒါက videos တွေတင်မက stories တွေပါ save လို့ရနိုင်ပါတယ်။ Instagram မှာ သင် save ထားချင်တဲ့ လူရဲ့profile ထဲသွားပါ။ ပုံထဲမှာ ပြထားတဲ့အတိုင်း copy profile URL ကိုနှိပ်ပြီး shortcut ထဲက InstaSave ကို နှိပ်ပါ။ ဒီလိုနည်းနဲ့လည်း stories က video တွေကို save နိုင်ပါတယ်။

Twitter အသုံးပြုသူတွေ အတွက်လည်း ဒီ link ကို နှိပ်ပြီး shortcut မှာ လုပ်ဆောင်နိုင်ပါတယ်။

https://www.icloud.com/shortcuts/41ed3432ea1e4bc48e881ad608bb355f

နောက်ဆုံးပြောမယ့် အရာကတော့ Facebook ပါပဲ။ iPhone မှာရှိတဲ့ Facebook app ထဲကိုဝင်ပြီး သင်ကြိုက်တဲ့ video ကိုနှိပ်ပါ။ share button ကိုနှိပ်ပြီး shortcut မှာ save ပါ။ ပြီးရင် သင်ကြိုက်တဲ့ video ကို ပုံထဲမှာ ပြထားတဲ့အတိုင်း share ကတစ်ဆင့် လုပ်ဆောင်ပါ။ shortcut ကို နှိပ်ပြီး ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်သွားပြီးရင် သင့် gallery ထဲမှာ video ရောက်နေပါမယ်။ ဒီ link ကို နှိပ်ပြီး facebook video တွေ down ဖို့ အတွက် shortcut ဖန်တီးပါ။

https://www.icloud.com/shortcuts/428dc016c6f84a14af6867e70dab6710

ဒါဆိုရင် instagram. facebook နဲ့twitter က ဗီဒီရိုတွေကို shortcut တွေနဲ့အလွယ်တကူ သင် down နိုင်ပါပြီ။

Win Thet Oo
Think Different! Do what you love! Love what you do!

MWC မှာ တရားဝင်ကြေငြာခဲ့တဲ့ 5G ကွန်ရက်ရရှိမယ့် စမတ်ဖုန်းတွေ

Previous article

သင်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှူ ပမာဏကို တိုင်းတာပေးမယ့် app များ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Featured