FeaturediPhone & iPadSmart Home
iPhone နဲ့Gif တွေကို ဘယ်လို ဖန်တီးကြမလဲ။
0
ဒီနည်းကလည်း ios 12 မှာပါဝင်တဲ့ shortcut ကိုဖန်တီးပြီး ပြုလုပ်တာပဲ ဖြစ်ပါတယ်။ သင့်ဖုန်းမှာ shortcut မရှိသေးရင် app store မှာ အခုပဲ down လိုက်ပါ။ Burst mode လို့ခေါ်တဲ့ ဓါတ်ပုံရိုက်နည်းက iPhone တွေမှာ ပါပြီးသားဖြစ်ပါတယ်။ ဓါတ်ပုံရိုက်တဲ့အခါ ရိုက်မယ့်ခလုတ်ကို ကြာကြာဖိထားရင် ဓါတ်ပုံအများကြီးကို ဆက်တိုက်ရိုက်ပေးပါတယ်။ အတိအကျပြောရရင် တစ်စက္ကန့်ကို ဆယ်ပုံ ရိုက်ပေးပါတယ်။
Gif လုပ်မယ်ဆို အရင်ဆုံး Burst ပုံစံနဲ့ဆယ်ပုံလောက် အနည်းဆုံးရိုက်ပေးပါ။ လှူပ်ရှားမှူဖြစ်နေတဲ့ အရာကို ရိုက်ရပါမယ်။ ဒီလိုရိုက်ပြီးတဲ့အခါမှာ photo ထဲမှာ Burst အနေနဲ့ Album ရောက်နေပါလိမ့်မယ်။
သင်စိတ်ကြိုက်ရိုက်ပြီးသွားရင်တော့ shortcut ကိုသွားပါ။ Gallery ထဲက search bar မှာ Burst to Gif ကိုရှာပြီး Get Shorcut ကိုနှိပ်ပါ။ ဒီ shortcut မှာဆို သင့်စိတ်ကြိုက် shortcut တွေလည်း ဖန်တီးနိုင်ပြီး sharing လည်း လုပ်နိုင်ပါတယ်။ သင့် Library မှာ Burst to Gif ရောက်သွားရင် ဝင်လိုက်ပါ။ Burst Album ထဲကပုံတွေကို သင် Gif လုပ်နိုင်ပါပြီ။ Gif တွေကို သင့်ဖုန်းထဲမှာ save နိုင်သလို message အနေနဲ့သူငယ်ချင်းတွေကို ပို့နိုင်ပါတယ်။
သင့်ရဲ့အမှတ်တရ Gif တွေကို သူငယ်ချင်း၊ ချစ်သူ မိသားစုတွေနဲ့အတူ ဒီနည်းနဲ့အခုပဲ မျှဝေလိုက်ပါ။
<Zawgyi>
သင့်ရဲ့အမှတ်တရ Gif တွေကို  သူငယ်ချင်း၊ မိသားစုတွေနဲ့ အတူ ဒီနည်းနဲ့ မျှ ဝေလိုက်ပါ။
Win Thet Oo
Think Different! Do what you love! Love what you do!
သင်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှူ ပမာဏကို တိုင်းတာပေးမယ့် app များ။
Previous article
Gamer တိုင်း ဖတ်သင့်သော သတင်း (သို့မဟုတ်) Game လောကကြီးကို ပြောင်းလဲပေးမည့် Google Stadia
Next article
You may also like
Comments
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.