InternetLifestylePC & MobileSocial Media

iPhone စွဲနေသူတွေကို သတိပေးလိုက်တဲ့ Apple CEO Tim Cook

0

ဒီနေ့ခေတ်မှာ ဖုန်းမရှိပဲ တစ်ရက်လောက်နေကြည့်ပါ။ အတော်ကို​ကြိုးစားရပါမယ်။ အခု ကမ္ဘာ့အကောင်းဆုံး ဖုန်းတွေ၊ ကွန်ပျူတာတွေထုတ်တဲ့ company တစ်ခုတည်းက apple CEO Tim Cook ကိုယ်တိုင်က ဖုန်းစွဲနေတဲ့ လူတွေဖုန်းစွဲနေတဲ့အကြောင်းကို သတိပေးပြောကြားခဲ့ပါတယ်။ တစ်နေ့တစ်နေ့ လူတွေအပြင်မှာ မျက်နှာချင်းဆိုင် စကားပြောနေကြတဲ့အချိန်ထက် ဖုန်းမျက်နှာပြင်မှာ ကုန်တဲ့အချိန်က ပိုများနေပါတယ်။

၂၀၁၉ ရဲ့ Influential People ဆုပေးပွဲမှာ Tim Cook က ဒီလိုပြောကြားခဲ့ပါတယ်။ “လူတစ်ယောက်က သင့်ကို စကားလာပြောတဲ့အချိန်မှာ ဂရုမစိုက်ပဲ ဖုန်းကိုကြည့်တာ မပြတ်ဘူးဆိုရင် သင့်ရဲ့ဖုန်းက လူထက်အရေးကြီးတယ်ဆိုတာကို​ ဖော်ပြတာနဲ့တူတူပါပဲ။ ပြီးတော့ ဒီလိုအပြုအမူမျိုးက တစ်ဖက်သားကို မလေးစားရာရောက်ပါတယ်။ Apple ရဲ့ရည်ရွယ်ချက်ထဲမှာ ဖုန်းတွေကို ဒီလိုပုံစံ သုံးဖို့မပါပါဘူး” လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တစ်နေ့ တစ်နေ့ ဖုန်းမှာတတ်လာတဲ့ Notification တိုင်းကို ကြည့်စရာမလိုတဲ့အကြောင်းနဲ့ Tim Cook က သူကိုယ်တိုင်တောင် iPhone ကို အဲ့လောက်မသုံးဘူးဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ iPhone ရဲ့နောက်ဆုံး ios update ထဲမှာ တစ်ပတ်ကို ဖုန်းscreen ဘယ်လောက်သုံးလဲ နဲ့ အရင်ကအပတ်တွေနဲ့ နှိုင်းယှဉ်ချက်ကို ပြတဲ့ function  တွေပါဝင်ပါတယ်။ Tim Cook ပြောတဲ့အကြောင်းအရာက ထူးထူးခြားခြားမဟုတ်ပေမယ့် အနည်းဆုံးတော့ Apple  CEO ကိုယ်တိုင် ဖုန်းစွဲတဲ့အကြောင်းအရာကို သတိထားမိသွားတယ်ဆိုတာ ပြသသွားပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

SmartPhone နဲ့ ဓါတ်ပုံရိုက်တဲ့ လူတိုင်းမှာ ရှိသင့်တဲ့ Snapseed

Previous article

PlayStation 5 ကို ဒီနှစ်ထဲ မိတ်ဆက်နိုင်မှာ မဟုတ်နိုင်တော့ကြောင်းပြောလိုက်တဲ့ Sony

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Internet