iPad သက်တမ်းတစ်လျှောက်မှာ iPad Pro က အကောင်းဆုံးဖြစ်ပြီး လက်ရှိ iOS 13 နဲ့အတူ iPad OS ကို iPad တွေမှာ သုံးနိုင်တာကြောင့် လက်ရှိ Tablet တွေထဲမှာ အကောင်းဆုံး ဖြစ်နေပါတယ်။ မကြာသေးတဲ့ရက်အနည်းငယ်ကပဲ Amazon နဲ့ Walmart မှာ iPad Pro တွေကို စျေးချပြီးရောင်းနေတဲ့အကြောင်း ကြေညာလိုက်ပါတယ်။ iPad pro (12.9 inches, 64GB, Wifi) ရဲ့ ပုံမှန်စျေးက ၉၉၉ဒေါ်လာ ရှိပါတယ်။ Amazon နဲ့ Walmart ရဲ့ အခုရောင်းချတဲ့ စျေးက ဒေါ်လာ ၈၂၄.၉၉ ဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ iPad Pro (11-inch with 256GB) ကိုလည်း စျေးတူတူနဲ့ ရောင်းချလို့ဖြစ်ပါတယ်။ ရွေးချယ်စရာ က နှစ်ခုရှိပါတယ်။ သင်က မျက်နှာပြင် အကြီးအသေးကို ဂရုမစိုက်ပဲ storage များများလိုချင်ရင်တော့ ၁၁လက်မ iPad Pro က သင့်အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ မျက်နှာပြင်ကြီးတာကြိုက်ရင်တော့ 12.9 လက်မက သင့်အတွက် သင့်တော်ပါတယ်။ သင် ဘယ် iPad Pro ကို ရွေးရွေး iPad OS ကိို နှစ်ခုလုံးမှာ ရနိုင်ပါတယ်။ iPad OS ရဲ့ အားသာချက်က ကွန်ပျူတာ screen လို mulsti task လုပ်နိုင်ပြီး data transfer လုပ်ဖို့အတွက် Type-C ပါဝင်တာကြောင့် တော်တော်လေးအဆင်ပြေပါတယ်။
သင်က Apple fan မဟုတ်ရင်တောင် အခြား gadget တွေကိုလည်း စျေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ Sony ရဲ့ 1000X M3 wireless headphone ကိုလည်း ၂၈၉ ဒေါ်လာထိ စျေးချပြီးရောင်းခဲ့ပါတယ်။ ပုံမှန် စျေးက ၃၄၉ ဒေါ်လာရှိပါတယ်။ ကံဆိုးစွာနဲ့ပဲ စျေးကွက်ပေါ်တင်ပြီး ရောင်းချတဲ့ ခဏတာအချိန်တိုလေးတွင်းမှာပဲ wireless headphones တွေက out of stock ဖြစ်သွားခဲ့ပါတယ်။
Xbox One game controller ကိုလည်း ၅၄.၉၉ ဒေါ်လာထိစျေးချပြီး ရောင်းချခဲ့ပါတယ်။ သာမန်စျေးထက် ဒေါ်လာ ၂၀ ကျော်လောက် သက်သာနေပါတယ်။ XBox One Game Controller က အခုဆိုရင် iPad နဲ့ iPhone တွေမှာ ပါတဲ့ iOS 13 နဲ့လည်း အသုံးပြုနိုင်တာကြောင့် အရောင်းသွက်လာပါတယ်။
အပေါ်က ပြောပြခဲ့တဲ့ deals တွေက တစ်ပတ်အတွင်း Amazon မှာရောင်းချတဲ့ deal ဖြစ်ပြီး ကျန်တဲ့အချိန်မှာတော့ ပုံမှန်စျေးနဲ့ပဲ ရောင်းချမှာ ဖြစ်ပါတယ်။
Comments