You are here
Home > Tech News > စတုထ္ထမြောက် Telecom အသစ်ရဲ့ CERO ဖြစ်သူ ဦးဇော်မင်း နှင့် တွေ့ဆုံမေးမြန်းခြင်း

စတုထ္ထမြောက် Telecom အသစ်ရဲ့ CERO ဖြစ်သူ ဦးဇော်မင်း နှင့် တွေ့ဆုံမေးမြန်းခြင်း

စတုထ္ထမြောက် Telecom အသစ်ရဲ့ CERO ဖြစ်သူ ဦးဇော်မင်း နှင့် တွေ့ဆုံမေးမြန်းခြင်း
စတုထ္ထမြောက် Telecom အသစ်ရဲ့ CERO ဖြစ်သူ ဦးဇော်မင်း နှင့် တွေ့ဆုံမေးမြန်းခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပအော်ပရေတာနှစ်ခုဖြစ်သည့် Telenor Myanmar Limited နှင့် Ooredoo Myanmar Limited တို့အား ၅.၂.၂၀၁၄. ရက်နေ့တွင်လည်း ကောင်း၊ ပြည်တွင်းအော်ပရေတာအဖြစ် ယခင်နိုင်ငံတော်ပိုင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရေး ဂျပန်နိုင်ငံမှ KDDI နှင့်ပူးပေါင်း၍ Joint Operation လုပ်ငန်း အဖြစ် ပူးပေါင်းစေ၍ ၂၄.၃.၂၀၁၅. ရက်နေ့တွင်လည်းကောင်း Nationwide Telecommunication လိုင်စင်များထုတ်ပေး၍ ဆက်သွယ်ရေးကဏ္ဍတွင် ပါဝင်ယှဉ်ပြိုင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ယခုအခါ စတုတ္ထမြောက်ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာအဖြစ် Myanmar Telecom Holding Public Limited မှ၂၃ ရာခိုင်နှုန်း၊ Star High Co.,Ltd မှ ၂၈ ရာခိုင်နှုန်းတို့ ပူးပေါင်း၍ ပြည်တွင်းအစု ရှယ်ယာ ၅၁ ရာခိုင်နှုန်းအဖြစ်လည်းကောင်း၊ ပြည်ပရင်းနှီးမြုပ်နှံမှုအဖြစ် ဗီယက်နမ်နိုင်ငံ Vienttel Company မှ ၄၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ကာ Myanmar National Tele & Communication Co.,Ltd မှ မြန်မာနိုင်ငံတစ်ဝန်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို မြို့ပြ၊ တောင်ပေါ်၊ ကျေးလက်ဒေသများပါမကျန် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါစတုတ္ထမြောက်အော်ပရေတာနှင့်ပတ်သက်၍ ဆောင်ရွက်ချက်အချို့ကို ကုမ္ပဏီ၏ CERO (Chief External Relation Officer) ဖြစ်သူ ဦးဇော်မင်းဦးအား အင်တာနက်ဂျာနယ်နှင့် သတင်းထောက်အချို့က နေပြည်တော်တွင် တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က မေးမြန်းခဲ့ သည် များဖြစ်ပါသည်။

လေးခုမြောက်အော်ပရေတာလိုင်စင်ရရှိခြင်းနဲ့ပတ်သက်ပြီးအရင်ဆုံးသိချင်ပါတယ်ခင်ဗျာ။

ဒီနေ့တော့ ကျွန်တော်တို့ တယ်လီကွန်းလိုင်စင် လေးခုမြောက်ပေါ့၊ မြန်မာနိုင်ငံသားရှယ်ယာအများ ဆုံးပိုင်တယ်၊ နှစ်ဖွဲ့ပေါင်းထားတာပေါ့၊ Myanmar National Tele and Communication ကုမ္ပဏီနိုင်ငံ သားစီးပွားရေးလုပ်ငန်းရှင်တွေပေါင်းထားတယ်၊ Public ကုမ္ပဏီ ၁၁ ခုနဲ့ပေါင်းထားတယ်၊ အဲဒါနဲ့ Star High ကုမ္ပဏီနဲ့ နှစ်ခုပေါင်းပြီး ၅၁ ရာခိုင်နှုန်းနဲ့ Viettel Company က ၄၉ ရာခိုင်နှုန်း တို့ပေါင်းပြီးတော့ ဖွ့ဲစည်းထားတာ၊ ဒီနေ့လိုင်စင်ကိုလက်ခံရယူပါတယ်။

Sim Card တွေကိုဘယ်လိုပုံစံနဲ့ရောင်းချသွားမလဲသိချင်ပါတယ်။

ကျွန်တော်တို့ ဆင်းမ်ကတ်တွေကို Brand လေးစဉ်းစားထားတာရှိပါတယ်၊ MNTC (Myanmar National Tele and Communication) မဟုတ်ပါဘူး၊ လောလောဆယ်မှာရွေးစရာအရောင်လေး တွေ လိုဂိုလေးတွေရွေးစရာရှိပါသေးတယ်၊ အဲဒါကို လာမယ့် ဇန်ဝါရီလ ၁၄ ရက်နေ့သတင်းစာ ရှင်း လင်းပွဲလုပ်တဲ့နေ့ကျရင် ချပြနိုင်မှာပါ။ ကျွန်တော်တို့ပေါင်းစည်းမှု စုပေါင်းထားတဲ့ brand နာမည် လေးဖြစ်ပါလိမ့်မယ်။

ဈေးကွက်ကို ဘယ်လိုပြိုင်ဆိုင်သွားမှာပါလဲ။

ဈေးကွက်က ရှေ့မှာလည်းရှိပြီးသားရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တိုင်းပြည်ရဲ့ ၉၅ ရာခိုင်နှုန်း က Coverage ရအောင်လုပ်သွားမယ်၊ ကျွန်တော်တို့ကွန်ရက်သည် အကောင်းဆုံးကွန်ရက်ဖြစ်အောင် ဝန်ဆောင်မှုအကောင်းဆုံးဖြစ်အောင်ပေးသွားမယ်လို့ ပြောထားတာလေးတစ်ခုရှိပါတယ်၊ အဲဒီ အ တိုင်းလုပ်သွားပါမယ်။

ဈေးနှုန်းအနေနဲ့ကရောဘယ်လိုပြိုင်ဆိုင်သွားမှာပါလဲ။

ဈေးနှုန်းအနေနဲ့ကတော့ ဒီအချိန်မှာပြောရခက်ပါတယ်။ ဈေးကွက်အရ ကွန်ရက်တွေတပ်ဆင်တာ ရယ်၊ Roll Out ပေါ့၊ ဆိုတော့ တစ်နှစ်နေမှ ဈေးကွက်ထဲကိုရောက်မှာဖြစ်တဲ့အတွက် ဒီအချိန်မှာ ဘယ်ဈေးနဲ့ ရောင်းမယ်ဆို တာမျိုးပြောဖို့တော်တော်လေးခက်ပါတယ်၊ အဲဒီတော့ အဲဒီအချိန်မှာ ဈေးကွက်ထဲမှာရှိတဲ့ဈေးတွေ ပေါ့၊ အဲဒီအတိုင်းပဲဖြစ်ပါလိမ့်မယ်။

ဈေးနှုန်းလျှော့ချတာမျိုးရှိမလားခင်ဗျာ။

ကျွန်တော်တို့သည် ဈေးကွက်ကိုဖျက်ပြီးဈေးလျှော့တာမျိုးမလုပ်ပါဘူး၊ အကောင်းဆုံးဝန်ဆောင်မှု ပေးမယ်၊ နောက်ပြီးလို့ရှိရင် ကွန်ရက်အကောင်းဆုံးဖြစ်အောင်ဝန်ဆောင်မှုပေးမယ်၊ ဒါမျိုးနဲ့ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
ကွန်ရက်ကရော 2G 3G 4G ဘယ်လိုပုံစံဖြစ်မလဲသိချင်ပါတယ်။
ဒီတိုင်းပြည်ရဲ့လိုအပ်ချက်ကဘာလဲ လိုအပ်နေတာဘာလဲ အနာဂတ် Technical Trend ကဘာလဲ၊ အဲအပေါ်မှာမူတည်ပြီး 2G 3G 4G ကိုရွေးချယ်သွားမှာပါ၊ အကုန်လုံးလိုမလား၊ အကုန်လုံးမဟုတ်ဘဲ နဲ့ 3G 4G ပဲဖြစ်မလားပေါ့၊ ဒါမှမဟုတ်လည်း ဘယ်လိုပုံစံဖြစ်မလဲစဉ်းစားနေပါတယ်၊ နည်းပညာပြောင်း လဲမှုက အားလုံးသိတဲ့အတိုင်းပဲ၊ သုံးလေးလဆိုရင် တစ်ခုပြီးတစ်ခုပြောင်းနေတယ်၊ အဲဒီအပေါ်မူတည် ပြီး ကျွန်တော်တို့လုပ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ Roll Out ကတော့ တစ်နှစ်လောက်ကြမယ်။

လက်ရှိအခြေအနေရဲ့အားနည်းချက်အားသာချက်တွေကိုရော ဘယ်လိုမြင်မိပါသလဲ။

ကျွန်တော်တို့ကတော့ လောလောဆယ်မှာ လုပ်ကွက်ကိုအကောင်းဆုံးဖြစ်အောင်လုပ်မယ်၊ ဝန်ဆောင်မှုတွေအကောင်းဆုံးဖြစ်အောင်ပေါ့၊ ဒါတွေကို ပေးသွားပါမယ်၊ နည်းပညာရယ်၊ ငွေရေး ကြေးရေးပိုင်း လုပ်နိုင်ကိုင်နိုင်မှုတွေကတော့ တစ်ယောက်နဲ့တစ်ယောက်မကွာဘူးပေါ့၊ အဲဒီနေရာလေး တွေမှာ Customer ရဲ့စိတ်ကို ဆွဲဆောင်နိုင်ဖို့က အဓိကပဲပေါ့နော်၊ ကျွန်တော်တို့က တိုင်းပြည်ရဲ့ နောက်ဆုံးကဝင်လာတဲ့ အမျိုးသားပိုင်အော်ပရေတာဖြစ်တဲ့အတွက် ဒါလေးနဲ့ဆွဲဆောင်ပြီးတော့ လူတွေရဲ့စိတ်ကို ပြောင်းလဲနိုင်မယ်ဆိုရင်တော့ အောင်မြင်လာမယ်လို့ထင်ပါတယ်။

လုပ်ငန်းစတင်မှုကရော ဘယ်နှစ်ရာခိုင်နှုန်းလောက်ပြီးပြီလဲခင်ဗျာ။

ကျွန်တော်တို့ ပြီးစီးတဲ့အပိုင်းတွေတော်တော်များများရှိပါပြီ။
ဝန်ဆောင်မှုစတင်ပေးတဲ့အခါ ဆင်းမ်ကတ်ရောင်းချခြင်းတွေအပြင်အခြား အစီအစဉ်တွေရောပါဦးမ လားသိချင်ပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်တို့အစီအစဉ်တွေကိုပါ တစ်ခါတည်းလုပ်သွားမှာပါ။

အင်တာနက်ဂျာမယ်မှ ကူးယူဖော်ပြပါသည်။

မှတ်ချက် –

စတုတ္ထမြောက်အော်ပရေတာ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ Myanmar Telecom Holding Public Limited ၏ CERO (Chief External Relation Officer) ဖြစ်သူ ဦးဇော်မင်း နှင့် တွေ့ဆုံမေးမြန်းခြင်း

ဆိုသည့် ခေါင်းစဉ်မှာ ရှည်လွန်းသောကြောင့်

စတုထ္ထမြောက် Telecom အသစ်ရဲ့ CERO ဖြစ်သူ ဦးဇော်မင်း နှင့် တွေ့ဆုံမေးမြန်းခြင်း

ဟု ပြောင်းလဲ ဖော်ပြထားပါသည်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top