မြန်မာပြည်မှာ ဒီနေ့ fb အသုံးပြုတဲ့လူတွေထဲမှာ စာမဖတ်တတ်သူတွေတောင်ပါပါတယ်။ ဆိုတော့ fb က လူပေါင်းစုံ အသုံးပြုနေတဲ့ platform တစ်ခုဖြစ်နေပါတယ်။ သင့်ရဲ့ လုပ်ငန်းလူသိများဖို့နဲ့ ကြော်ညာဖို့က ဒီနေ့ခေတ်မှာ fb တစ်ခုထဲကိုပဲ အားကိုးနေလို့မရပါဘူး။ Fb သိရင် Instagram ကိုလည်း သိရပါမယ်။ အရင်တုန်းက Instagram က သီးခြား company တစ်ခုအဖြစ်ရပ်တည်နေပေမယ့် အခု Instagram က Fb ရဲ့လက်အောက်ခံ company ဖြစ်သွားပြီး အနာဂတ်မှာ Instagram, Facebook နဲ့ whatsapp အားလုံးမှာ ဘာသုံးသုံး message နဲ့ video calll တွေကို တစ်ပြိုင်နက်တည်း လုပ်နိုင်တော့မယ့် စနစ်တွေပါလာတော့မှာဖြစ်ပါတယ်။
Instagram ရဲ့အားသာချက်။
Instagram က ဓါတ်ပုံပဲတင်လို့ရတာဖြစ်ပြီး စာသက်သက် တင်လို့မရပါဘူး။ Digital Marketing သမားတွေအတွက်တော့ Instagram ကလည်း မရှိမဖြစ် လိုအပ်တဲ့ tools ထဲမှာပါဝင်ပါတယ်။ Facebook Page ကိုင်တဲ့လူတွေကတော့ schedule post အကြောင်းကို သိပေမယ့် Instagram မှာ schedule လုပ်လို့ရတာ သိတဲ့လူကတော့ နည်းပါတယ်။ Instagram မှာက page ပုံစံ acc တစ်ခု သက်သက်ဖန်တီးစရာမလိုပဲ ရှိပြီးသား acc ကိုပဲ business profile ပုံစံအဖြစ်ပြောင်းလိုက်ရင် ရပြီဖြစ်ပါတယ်။ ဒီလိုပြောင်းလိုက်တာနဲ့ သင်တင်တဲ့ post တော်တော်မျာများက သက်ဆိုင်ရာ လူတွေဆီကို ရောက်ဖို့အခွင့်အရေးပိုများပါတယ်။ ကြော်ညာရတာလည်း အဆင်ပြေပါတယ်။ အခုဆိုရင် ပုံကိုထောက်လိုက်တာနဲ့ စျေးနှုန်းနဲ့ အခြား information တွေပါဝင်ပါတယ်။ ဒါ့အပြင် သင့်မှာ ကိုယ်ပိုင် website ရှိရင် တစ်ခါတည်း instagram က ဝင်ကြည့်လို့ရပါတယ်။
Schedule နဲ့post တင်ဖို့က လောလောဆယ် instagram က ခွင့်မပြုထားသေးပါဘူး။ ဒါပေမယ့် third party app သုံးပြီး post တွေကို schedule အလိုက် တင်လို့ရပါတယ်။ Third Party app တွေအများကြီးရှိပေမယ့် Buffer လို့ခေါ်တဲ့ app ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ သူက free ဆိုပေမယ့် တစ်ကယ်တမ်းတော့လည်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်လကို ပုံ သုံးဆယ်ပဲ တင်ဖို့ ခွင့်ပြုထားပြီး ပုံပေါင်းအများကြီးတင်တဲ့အခါမှာတော့ သူ့ service ကို လစဉ်ကြေးနဲ့ ပေးချေရမှာဖြစ်ပါတယ်။ စျေးနှုန်းကတော့ လစဉ်အလိုက် နှုန်းထားတွေရှိပြီး သင်အသုံးပြုတဲ့ အပေါ်မူတည်ပြီး ပေးရမှာဖြစ်ပါတယ်။ အရေးကြီးတာက သင့် instagram acc က Business profile ဖြစ်ရပါမယ်။ ဒါမှ သင် fb လိုမျိုး schedule ပုံစံနဲ့ တင်လို့ရမှာ ဖြစ်ပါတယ်။ Business Profile ကို ပြောင်းချင်ရင် settings ထဲမှာ ဝင်ပြောင်းလို့ရပါတယ်။
Buffer app ကိုတော့ Playstore နဲ့ Appstore မှာ Free ရယူနိုင်ပါတယ်။ Web က တစ်ဆင့်သုံးချင်ရင်လည်း ရပါတယ်။Instagram သာမက အခြား Twitter, Facebook နဲ့ social media app တွေအတွက် schedule တင်ဖို့ အကောင်းဆုံး manage လုပ်လို့ကောင်းတဲ့ app တစ်ခုလည်းဖြစ်ပါတယ်။
Comments