လူမှုကွန်ရက်စာမျက်နှာတွေမှာ အနိုင်ကျင့်ရေးသားတဲ့ အမူအကျင့်က လူတော်တော်များများရဲ့ ရိုးရာတစ်ခုလိုတောင် ဖြစ်နေပါတယ်။ Facebook စပြီးပေါ်ပေါက်လာတဲ့အချိန်က လူတော်တော်များများက တစ်ဖက်သားကို အနိုင်ကျင့်ပြီး အရှက်ရစေလိုတဲ့ပုံစံ ရေးသားမှုတော်တော်များများကို လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် ဆယ်ကျော်သက် ကလေးတော်တော်များများ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ လုပ်ရပ်တွေကို လုပ်ခဲ့ပါတယ်။ Facebook က နောက်ပိုင်းမှာ ဒီလို bully လုပ်တဲ့အရေးအသားတွေပါတဲ့ စာ၊ပုံတွေကို တားဆီးလို့ရအောင် report လုပ်နိုင်တဲ့ feature တွေကို မိတ်ဆက်ခဲ့တာ ဒီနေ့တိုင်လာခဲ့ပါပြီ။
Instagram ကို Facebook က ဝယ်ယူပြီးတဲ့အချိန်တည်းက အခုချိန်ထိ bully လုပ်တဲဲ့ ပုံတွေကို တားဆီးရေးသားတဲ့ function ကို မိတ်မဆက်ရသေးပါဘူး။ Bully လုပ်တဲ့ပုံနဲ့အရေးအသားတွေကို တားဆီးပေးနိုင်မယ့် tools အကြောင်းကို instagram မှ တာဝန်ရှိသူ Adam Mosseri က အခုလိုပြောကြားခဲ့ပါတယ်။
ပထမဆုံး Tool က လူတွေကို အကောင်းပြောရေးသားတဲ့ post တွေရေးအောင် တွန်းအားပေးမှာ ဖြစ်ပါတယ်။ Bully လုပ်တဲ့ post တွေကို အလိုအလျောက် သိနိုင်မယ့် AI tools တွေကို သုံးပြီး အနိုင်ကျင့်တဲ့ post မျိုးကိုတွေ့တာနဲ့ ရေးသားတဲ့လူကို အရေးယူမယ့် နည်းလမ်းတွေကို လုပ်သွားမှာ ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ အကယ်၍ post ကို မတင်ခင်မှာ တွေ့ရှိရင်လည်း အကောင်းဘက်ကို ရေးသားနိုင်အောင် ပြန်ပြင်ရေးအောင် Instagram က post တင်တဲ့လူကို ပြန်မေးတဲ့ feature တွေပါဝင်ပါမယ်။
ဒုတိယ Tool ကတော့ လုံး၀တားမြစ်မယ့် feature ဖြစ်ပါတယ်။ အကယ်၍ သင်ရေးသားတဲ့ post အောက်မှာ တစ်စုံတစ်ယောက်က အနိုင်ကျင့် အရှက်ရစေတဲ့ comment မျိုးကို ရေးသားခဲ့မယ်ဆိုရင် ဘယ်သူမှမမြင်နိုင်ပဲ ရေးသားတဲ့လူက သူရေးတဲ့ comment ကိုပဲ သူမြင်နိုင်တဲ့ feature မျိုးဖြစ်ပါတယ်။ ဒီ feature တွေကို A.I tools တွေသုံးပြီး သိနိုင်အောင် instagram က အမြဲထောက်လှမ်းနေမှာ ဖြစ်ပါတယ်။
Comments