AndroidiPhone & iPadMacProduct ReviewsWindows

Tablet တစ်လုံးကို Multi Display အနေနဲ့ အသုံးပြုခြင်း

0
Tablet တစ်လုံးကို အပို Display အနေနဲ့ အသုံးပြုခြင်း

ကွန်ပျူတာ တစ်လုံးကနေ Display နှစ်ခုကို ခွဲခြားပြီး Spreadsheet, web browser အစရှိတာတွေကို အသုံးပြုချင် သူတွေအတွက် နောက်ထပ် Monitor နဲ့ Graphic card တွေ ဝယ်ယူ ဖို့ဆိုတာ ငွေ အများကြီး ထပ်ကုန်ကျနိုင်ပါတယ်။ အကယ်၍ ကိုယ့်မှာ iPad ပဲဖြစ်ဖြစ် Android Tablet တစ်ခုပဲဖြစ်ဖြစ် ရှိတယ်ဆိုရင် Display Screen တစ်ခု အနေနဲ့ ထပ်မံ ခွဲထုတ်ပြီး အသုံးပြုနိုင်ပါတယ်။

လိုအပ်ချက်

ဒီလို ပြုလုပ်ဖို့အတွက် လိုအပ်ချက်တွေကတော့ Wi-Fi ရှိဖို့ လိုအပ်ပါမယ်။ Android Tablet အသုံးပြုမယ်ဆိုရင် Android version 2.01 နဲ့အထက် လိုအပ်မှာဖြစ်ပြီး iPad ကို အသုံးပြုမယ်ဆိုရင် iOS 7 နဲ့အထက် အသုံးပြုထားရမှာဖြစ်ပါတယ်။

အသုံးပြုမယ့် ကွန်ပျူတာက Windows Operating System အသုံးပြုထားတဲ့ ကွန်ပျူတာဆို အနိမ့်ဆုံး Windows XP ဖြစ်ရပါမယ်။ Mac OS အသုံးပြုထားတဲ့ကွန်ပျူတာဆိုရင် OS X 10.9 နဲ့ အထက်ဖြစ်ရပါမယ်။

အဆိုပါ အချက်အလက်တွေ ပြည့်စုံပြီဆိုရင် iDisplay ဆိုတဲ့ app လိုအပ်မှာဖြစ်ပါတယ်။ အဆိုပါ app ကို Play Store မှာဆိုရင် (https://play.google.com/store/apps/details?id=com.idisplay.virtualscreen) မှာ ကန်ဒေါ်လာ ၅.၉၉ ပေးသွင်းပြီးရယူရပါမယ်။ iOS အတွက် ဆိုရင်တော့ (http://app.appsflyer.com/id363500805?pid=getidisplay&c=appstorebutton) ဆိုတဲ့ လင့်ခ်မှာ ကန်ဒေါ်လာ ၁၉.၉၉ ပေးသွင်းရမှာ ဖြစ်ပါတယ်။

ကွန်ပျူတာတွေမှာ အသုံးပြုဖို့အတွက်ကတော့   http://getidisplay.com/ ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ သက်ဆိုင်ရာ ကွန်ပျူတာအမျိုးအစားအတွက် ဆော့ဖ်ဝဲကို ရွေးချယ် download လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါဆော့ဖ်ဝဲတွေကို ထည့်သွင်းပြီးရင် ကွန်ပျူတာကို restart ပြုလုပ်ရပါမယ်။

ကွန်ပျူတာ Reboot ပြန်တက်လာရင် Tablet ဒါမှမဟုတ် iPad နဲ့ ကွန်ပျူတာနဲ့ Device တွေကို Wi-Fi နဲ့ချိတ်ဆက်ပြီး ဆက်သွယ်ပေးလိုက်ပါ။ ကွန်ပျူတာနဲ့ အဆိုပါ device တွေ ချိတ်ဆက်မိတဲ့အခါမှာ dialog box တစ်ခုတက်လာပါလိမ့်မယ်။ အဆိုပါနေရာမှာ always allow ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင် Tablet တစ်လုံးကို ကွန်ပျူတာအတွက် အပို Display အနေနဲ့ စတင် အသုံုးပြုနိုင်ပြီဖြစ်ပါတယ်။

အင်တာနက်ဂျာနယ်မှ ကူးယူဖော်ပြသည်။

Huawei ဆားဗစ် ဝန်ဆောင်မှု စည်းမျဉ်းများ

Previous article

Anti-Virus Offline Update များ Download ပြုလုပ်ရန်

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Android