Product ReviewsTech News

Huawei ရဲ့စမတ်ဖုန်းအသစ် Huawei Mate 9 ကိုမိတ်ဆက်ပြသ

0
Huawei ရဲ့စမတ်ဖုန်းအသစ် Huawei Mate 9 ကိုမိတ်ဆက်ပြသ


Huawei ဟာနိုဝင်ဘာ ၃ ရက်နေ့မှာ ၎င်းတို့ရဲ့အကောင်းစားစမတ်ဖုန်းသစ် Huawei Mate 9 ကို ဂျာမနီနိုင်ငံ ၊ မြူးနစ်မြို့မှာမိတ်ဆက်ပြသလိုက်ပါပြီ။ Huawei P9 နဲ့ အဆင့်မြင့် Premium စမတ်ဖုန်းဈေးကွက်သို့ထိုးဖောက်နိုင်ခဲ့တဲ့ ၊ အဆင့်မြင့်စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုအဖြစ်အသိမှတ်ပြုခံခဲ့ရတဲ့ Huawei အတွက် Huawei Mate 9 ဟာလည်းအားလုံးရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပါတယ်။

Huawei Mate 9 ဟာ ၅.၉  လက်မအရွယ် 1080p အရည်အသွေးရှိ IPS Display ကိုတပ်ဆင်ထားပါတယ်။ အပေါ်မှန်အနေနဲ့ 2.5D Glass အမျိုးအစားနဲ့ဖုံးအုပ်ထားပါတယ်။

Huawei Mate 9 မှာ Processor အနေနဲ့ Kirin Chipset အသစ်ဖြစ်တဲ့ Kirin 960 Chipset ကိုတပ်ဆင်အသုံးပြုထားပါတယ်။ Kirin 960 Chipset ကို Huawei မှကိုယ်တိုင်ထုတ်လုပ်ထားပြီးစွမ်းဆောင်ရည်မြင့်မားတဲ့ Octa-Core Chipset ဖြစ်ပါတယ်။ Huawei ကတော့ သူ့ရဲ့ Chipset အသစ်ဟာ Multi-Core CPU Performance စမ်းသပ်ချက်မှာအမြင့်ဆုံးရမှတ်ရရှိထားပြီး iPhone 7 ရဲ့ A10 Fusion Processor ၊ Snapdragon ရဲ့ Snapdragon 821 Processor တွေထက်ပိုမိုမြန်ဆန်တယ်လို့ဆိုပါတယ်။

Kirin 960 Chipset ဟာ Google ရဲ့ DayDream feature ကိုလည်းအထောက်အပံ့ပေးတာကြောင့် Google ရဲ့နောက်ဆုံးထုတ် VR မျက်မှန်တွေနဲ့လည်းတွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ် ။ RAM အနေနဲ့ 4GB ပါဝင်ပါတယ်။

Camera ပိုင်းအားဖြင့် Huawei Mate 9 မှာ second-generation Leica camera တွေကိုအသုံးပြုထားပါတယ်။ Dual-camera ဖြစ်ပြီး တစ်လုံးကတော့ 20MP (f/2.2) အရည်အသွေးရှိ monochrome Camera အမျိုးအစားဖြစ်ပြီး ကျန်တစ်ုလုံးကတော့ 12MP( f/2.2) အရည်အသွေးရှိ color sensors Camera ကိုတပ်ဆင်ထားပါတယ်။ ဒီ Camera ၂ လုံးကို optical image stabilization နဲ့ချိန်ညှိပေးမှာဖြစ်သလို  4-in-1 hybrid autofocus စနစ်လည်းပါဝင်တာကြောင့် laser, phase-detect, depth နဲ့ contrast detection တွေအတွက်အလွန်ကောင်းမွန်မှာဖြစ်ပါတယ်။  dual-tone dual-LED flash လည်းပါဝင်ပါတယ်။

Camera ပိုင်းမှာနောက်ထပ်ထူးခြားချက်တစ်ခုအနေနဲ့ Hybrid Zoom feature ပါဝင်ပြီး ဒီ feature ဟာ ဓာတ်ပုံကို Zoom ဆွဲရိုက်ကူးတဲ့အခါ ဓာတ်ပုံကြည်လင်မှုအရည်အသွေးလျော့ကျမသွားအောင်ထိန်းညှိပေးမယ့် feature ဖြစ်ပါတယ်။ wide aperture effect mode, a neat light painting feature စတဲ့ feature တွေလည်းပါဝင်တာကြောင့် ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုပင် bokeh effect ထည့်သွင်းနိုင်ပါသေးတယ်။

Huawei Mate 9 ဟာ ဗီဒီယိုရိုက်ကူးမှုအနေနဲ့ 4K video အရည်အသွေးဖြင့် ဗီဒီယိုရိုက်ကူးမှုတွေကိုလည်းပြုလုပ်နိုင်ပါပြီ။ Huawei ရဲ့အဆင့်မြင့်ဖုန်းတွေထဲမှာဆိုရင်တော့ ဒါဟာပထမဆုံးပါပဲ။

ရှေ့ selfie camera ကတော့ 8MP sensor (f/1.9 aperture and autofocus) Camera ကိုတပ်ဆင်ထားပါတယ်။

Huawei Mate 9 မှာ Storage အနေနဲ့ 64GB ပါဝင်ပြီး Memory Card လည်းထပ်စိုက်နိုင်ပါတယ်။  dual-SIM ဟန်းဆက်အမျိုးအစားဖြစ်ပြီး 4G LTE Network မှာလည်းအလွန်ကောင်းမွန်စွာအသုံးပြုနိုင်ပါမယ်။ Battery အနေနဲ့ 4,000 mAh battery ပါဝင်ပြီး အားသွင်းရာမှာအမြန်အားဝင်စေမယ့် Super Charge feature လည်းပါဝင်ပါတယ်။ ဒီ အမြန်အားသွင်းစနစ်အတွက် SCP (Super Charge Processor) ကိုအသုံးပြုထားပြီး Super Charge အားသွင်းစနစ်ဟာ iPhone 7 အားသွင်းကြာချိန်ထက် ၄ဆ ပိုမြန်တယ်လို့ပြောပါတယ်။ Fingerprint Sensor လည်းပါဝင်ပြီး Security ပိုင်းအတွက်တင်မဟုတ်ဘဲ အခြား function တွေအတွက်ပါ Lockscreen အနေအထားကနေလက်ဗွေဖြင့်ဖွင့်လို့ရအောင်ပြုလုပ်ပေးထားပါတယ်။

Huawei Mate 9 ကို System ပိုင်းအနေနဲ့ Android 7.0 (EMUI 5.0) အသုံးပြုထားပါတယ်။ အရောင်အနေနဲ့ Space Gray, Moonlight Silver, Champagne Gold, Mocha Brown, Ceramic White, and Black စတဲ့အရောင် ၆ မျိုးထုတ်လုပ်ပေးထားပါတယ်။

Huawei Mate 9 စမတ်ဖုန်းဟာ ဈေးနှုန်းအားဖြင့် မြန်မာငွေကိုးသိန်းဝန်းကျင်ခန့်ကျသင့်မယ်လို့ခန့်မှန်းရပါတယ်။

Huawei Mate 9 ကိုပဲ Porsche နဲ့ပူးပေါင်းပြီး Limited Edition ဖုန်းအဖြစ် Limited Edition Porsche Design စမတ်ဖုန်းကိုပါမိတ်ဆက်ပြသခဲ့ပါတယ်။

ဒီဖုန်းကတော့ Memory 256GB , RAM 6GB ပါဝင်မှာဖြစ်ပါတယ်။ Screen size ကတော့ ၅.၅ လက်မဖြစ်ပြီး QHD Curved Display နဲ့ပါ။ ဖုန်းရဲ့ကိုယ်ထည်ကို graphite black ဖြင့်ပြုလုပ်ထားပါတယ်။ ဒီဖုန်းကတော့ မြန်မာငွေ ၁၅ သိန်းဝန်းကျင်ခန့်ကျသင့်မှာဖြစ်ပါတယ်။

ဒါကတော့ Limited Edition Porsche Design “Huawei Mate 9” ရဲ့အချက်အလက်တွေပါ။

  • Dimensions: Height: 152 mm; Width: 75 mm; Depth: 7.5 mm
  • Weight: ~169g
  • Display: 5.5″ Curved AMOLED display, QHD (2560 x 1440), 534ppi
  • Processor: HUAWEI Kirin 960 octa-core (4 x 2.4 GHz A73+ 4 x 1.8 GHz A53) chip + i6 co-processor
  • GPU: Mali-G71 MP8
  • OS: Android 7.0 (Nougat) with Emotion UI (EMUI) 5.0
  • Memory: 256GB ROM; 6GB RAM
  • Dual SIM: Yes
  • NFC: Yes
  • Connectivity: Wi-Fi 2.4G/5G, 802.11 a/b/g/n/ac with Wi-Fi Direct support. BlueTooth 4.2, BLE support. USB Type-C (Hi-Speed USB)
  • Main Camera:  20 MP Monochrome + 12 MP RGB, F/2.2 aperture, OIS (Optical Image Stabilization), 4K video
  • Front camera: 8 MP AF, F/1.9 aperture.
  • Battery: 4000 mAh

Huawei Mate 9 စမတ်ဖုန်းတွေကို ၂၀၁၆ ဒီဇင်ဘာလကုန်လောက်မှာစတင်ရောင်းချမယ်လို့သိရပါတယ်။

Huawei Mate 9 specs

Size Height: 156.9mm; Width: 78.9mm; Depth: 7.9mm
Weight About 190g
Colors Space Gray, Moonlight Silver, Champagne Gold, Mocha Brown, Ceramic White
Display 5.9” FHD display
2.5D glass
1080p (1920 x 1080), 373ppi
16.7M colors, Color saturation (NTSC) 96%
High contrast 1500:1 (Typical)
CPU HUAWEI Kirin 960; Octa-core (4 x 2.4 GHz A73 + 4 x 1.8 GHz A53) + i6 co-processor
GPU Mali-G71 MP8
Operating System Android™ 7.0 (Nougat)
Emotion UI EMUI 5.0
Memory 64GB ROM
4GB RAM
microSD card slot, support up to 256GB (uses SIM 2 slot)
Dual SIM Dual SIM
NFC NFC-supported
Connectivity Wi-Fi 2.4G/5G, 802.11a/b/g/n/ac with Wi-Fi Direct support
BT4.2, support BLE
USB Type C (High Speed USB)
Camera Front: 8MP AF, F1.9
Main: Dual, 20MP Monochrome + 12MP RGB, F2.2
OIS (Optical Image Stabilization)
4K video
Battery 4000 mAh (Typical Value)

 

Photo: GSM Arena, Android Authority

သက်နိုင်စိုး (Myanmar Mobile App)

Windows အတွက် မရှိမဖြစ်လိုအပ်သော System Tool များ

Previous article

iPhone 7/ 7 Plus ကိုအရစ်ကျပေးပြီးဝယ်ယူနိုင်ရန် AYA Credit Card (FREE) အခမဲ့လျှောက်ထားနိုင်

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.