You are here
Home > PC & Mobile > Android > Huawei Mate 10 Pro

Huawei Mate 10 Pro

 

Price : 1,059,000

အားသာချက်

နောက်ဘက်ကင်မရာ နှစ်လုံးပါဝင်ခြင်းနဲ့ ကင်မရာ ကောင်းမွန်တာ၊ ဖုန်းရဲ့ Screen ပိုင်းကောင်းမွန်ခြင်းတွေက ဒီဖုန်းရဲ့ ကောင်းမွန်တဲ့အချက်လို့ ဆိုရမှာပါ။ မျက်နှာပြင်အပြည့် ပုံစံမျိုးဖြစ်ပြီး မှတ်ဉာဏ်ပိုင်းမြင့်မား ကောင်းမွန်ခြင်း၊ ဘက်ထရီရဲ့ ပါဝါသိုလှောင်နို်င်မှု ပမာဏမြင့်မားခြင်းတွေက ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်တွေပါပဲ။ ဖုန်းရဲ့ Specification ပိုင်းတွေ ကောင်းမွန်ပြီး CPU, GPU ပိုင်းတွေ မြင့်မားကောင်းမွန်တဲ့ အချက်နဲ့ ဖုန်းရဲ့ ပုံစံဒီဇိုင်းပိုင်း လှပခြင်း၊ ရေစိုခံနိုင်ခြင်း၊ OS မြင့်မားခြင်း၊ ကင်မရာမှာ အသုံးပြုထားတဲ့ Leica Lens တွေရဲ့ စွမ်းဆောင်ရည် ကောင်းမွန်ခြင်းစတဲ့ အချက်တွေကလည်း ဒီဖုန်းရဲ့ကောင်းမွန်တဲ့ အားသာချက်တွေလို့ ဆိုနိုင်ပါတယ်။

အားနည်းချက်

ဖုန်းရဲ့မှတ်ဉာဏ်ပိုင်း မြင့်မားကောင်းမွန်ပေမယ့်လည်း နောက်ထပ် မှတ်ဉာဏ်ထပ်တိုးပြီး သုံးနိုင်ဖို့အတွက် SD Card Slot မပါဝင်ပါဘူး။

ဒီဇိုင်း

ဒီဇိုင်းကလှပသေသပ်ပြီး ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ ပုံစံမျိုးရှိပါတယ်။ ရှေ့ဘက်မျက်နှာပြင် အပြည့်ပုံစံမျိုးဖြစ်ပြီး ဖုန်းရဲ့ဘေးဘောင်တွေ ပါးလွှာသေးငယ်တဲ့အပြင် မျက်နှာပြင်အပေါ်ဘောင်နဲ့ အောက်ခြေဘောင်တွေကလည်း သေးငယ်ပါတယ်။ ရှေ့ဘက်မျက်နှာပြင်ပေါ်မှာ ခလုတ်တွေ တစ်ခုမှ မပါဘဲတဲ့အတွက် Android Button တွေကို Touch စနစ်နဲ့ပဲ အသုံးပြုရမှာပါ။ ရှေ့ဘက်မျက်နှာပြင် အပေါ်ထိပ်မှာ ကင်မရာကို တပ်ဆင်ထားပြီး ကျောဘက်ကာဗာအပေါ်နားမှာ ကင်မရာနှစ်လုံးကို အထက်အောက်ပုံစံမျိုးနဲ့ တပ်ဆင်ပေးထားပါတယ်။ Fingerprint Sensro ကိုလည်း ကျောဘက်ကာဗာပေါ်မှာပဲ ကင်မရာရဲ့ အောက်နားမှာ တပ်ဆင်ပေးထားပါတယ်။ စပီကာ၊ USB နဲ့ နားကြပ်ပေါက်တွေကတော့ ဖုန်းရဲ့အောက်ခြေ ဘောင်ပေါ်မှာတပ်ဆင် ပေးထားတာပါ။ ဖုန်းရဲ့ ရှေ့ဘက်နဲ့ နောက်ဘက် မျက်နှာပြင်တွေအားလုံးကို မှန်သားတွေကို အသုံးပြုထားပြီးကိုယ်ထည်ကတော့ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားတာပါ။

မြင်ကွင်း

မြင်ကွင်းအရွယ်အစားက ၆.၀ လက်မရှိတဲ့ AMOLED Screen ကို အသုံးပြုထားပြီး 1080 x 2160 pixels, 18:9 ratio ရှိပါတယ်။

နည်းပညာ

ကင်မရာပိုင်းမှာ နောက်ဘက်ကင်မရာရော ရှေ့ကင်မရာမှာပါ Portrait Mode စနစ်တွေ ပါဝင်ပါတယ်။ ဓာတ်ပုံအသုံးပြု စနစ်ပိုင်းတွေမှာလည်း Wide Aperture, Moving Capture အစရှိတဲ့ စနစ်တွေ စုံစုံလင်လင် ထည့်သွင်းပေးထားတာ တွေ့ရမှာပါ။ Facebook နဲ့ Messenger ကို အကောင့်နှစ်ခုစီ ခွဲသုံးနိုင်တဲ့ App Twin, Smart Assistant, Navigation အစရှိတဲ့ စနစ်တွေ စုံစုံလင်လင် ပါဝင်တာတွေ့ရ ပါတယ်။ Fingerprint ကလည်း ဖုန်းရဲ့အချက်အလက် လုံခြုံရေးအတွက်အပြင် ဓာတ်ပုံတွေ ကြည့်တာ၊ Notification တွေ ခေါ်တဲ့အတွက်ပါ အသုံးပြုနိုင်ပါတယ်။

သုံးသပ်ချက်

Huawei Mate 10 Pro ဟာ တန်ဖိုးမြင့် ဖုန်းအမျိုးအစားတစ် ဖြစ်တဲ့အတွက် ဖုန်းမှာအသုံးပြုထားတဲ့ CPU, GPU ပိုင်းတွေနဲ့ မှတ်ဉာဏ်ပိုင်းတွေမှာ ကောင်းမွန်တာတွေ့ရပါတယ်။ ဒီဖုန်းဟာ ကင်မရာပိုင်းမှာ တော်တော်လေး ကောင်းမွန်တာ တွေ့ရပါတယ်။ Leica Lens တွေနဲ့ ကင်မရာရဲ့ Aperture ကောင်းမွန်ခြင်းတွေအပြင် OIS လို့ခေါ်တဲ့ Optical Image Stabilization ရဲ့ စွမ်းဆောင်ရည်နဲ့ လေဆာ Focus နည်းပညာတွေကြောင့် ဓာတ်ပုံသမားတွေ အတွက်တော့ အကြိုက်တွေ့နိုင်တဲ့ ဖုန်းပါပဲ။ ဖုန်းမှာ ထည့်သွင်းပေးထားတဲ့ ဘက်ထရီကလည်း ပါဝါသိုလှောင်နိုင်မှု ပမာဏမြင့်မားတဲ့အတွက် ဖုန်းကိုအချိန်ကြာကြာ အသုံးပြုနိုင်တဲ့အပြင် အားသွင်းနှုန်းမြန်ဆန်တဲ့ Fast battery charging 4.5V/5A စနစ်ကြောင့် ဖုန်းကိုအားပြန်သွင်းတဲ့ အချိန်မှာလည်း မြန်ဆန်ပါတယ်။

Huawei Mate 10 Pro star rating

  • Network – GSM – 2G/ 3G/ 4G
  • SIM – Dual SIM (Nano Sim Dual Standby)
  • OS – Android 8.0
  • CPU – Octa-core (4×2.4 GHz & 4×1.8 GHz)
  • GPU – Mali-G72 MP12
  • Memory – Internal 64GB, 4GB RAM , Micro SD No
  • Camera – Dual: 12 MP (f/1.6, 27mm, OIS) +20 MP (f/1.6, 27mm), 2x lossless zoom, Leica optics, phase detection & laser
  • autofocus, dual-LED dual-tone flash, Geo-tagging, touch focus, face/smile detection, Video, Secondary 8 MP, f/2.0
  • Wi-Fi – 802.11 a/b/g/n/ac, dual-band, DLNA, Wi-Fi Direct, hotspot
  • Bluetooth – 4.2, A2DP, aptX HD, LE
  • Battery – Li-Po 4000 mAh Battery

သူတို့အမြင်

ကိုဝေလင်းမောင် (စမ်းသပ်အသုံးပြုသူ)

Mate 10Pro ကိုတော့ သဘောကျတယ်။ ဒီဇိုင်းလည်းလှတယ်။ မျက်နှာပြင်အပြည့်ပုံစံနဲ့ ဖြစ်တဲ့အတွက် မြင်ကွင်းကလည်းကျယ်ပြီး ကိုင်ရတာလည်း အဆင်ပြေပါတယ်။ Screen ပိုင်း၊ Fingerprint ပိုင်းနဲ့ ဖုန်းထဲမှာ သုံးရတဲ့ စနစ်ပိုင်းတွေ တော်တော်လေး ကောင်းတာ တွေ့ရတယ်။ ကင်မရာပိုင်းကိုတော့ အကြိုက်ဆုံးပဲ။ Leica Lens တွေရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ Megapixels တွေကောင်း တဲ့အတွက် ဓာတ်ပုံရိုက်ရတော့ အရမ်းကောင်းပါတယ်။ ရှေ့ကင်မရာ နောက်ဘက်ကင်မရာမှာပါ Portrait Mode စနစ်ပါတာကိုလည်း သဘောကျတယ်။ ဘက်ထရီကလည်း တော်တော်လေး အသုံးခံတယ်။ စျေးနှုန်းအရတော့ နည်းနည်းများတယ်လို့ မြင်တယ်။

မအေမီကို (စမ်းသပ်အသုံးပြုသူ)

ကင်မရာပိုင်းနဲ့ Memory ပိုင်းမှာတော်တော်လေး အားဖြည့်ထားတဲ့ဖုန်းလို့ ပြောလို့ရတယ်။ ကင်မရာတွေက ရှေ့ရော နောက်ရော အားလုံးကို ကောင်းအောင် လုပ်ပေးထားတာတွေ့ရတယ်။ အခြားတန်ဖိုးမြင့်ဖုန်းတွေရဲ့ ကင်မရာတွေလိုပါပဲ။ သူ့စျေးနဲ့ သူဆိုရင်တော့ ကင်မရာတွေက တော်တော်လေးကို ကောင်းတယ်လို့ ပြောလို့ရတဲ့ အခြေအနေမျိုးရှိတယ်။ မှတ်ဉာဏ်ပိုင်းကလည်း မြင့်တဲ့အပြင် ဘက်ထရီပိုင်းတွေနဲ့ အခြားဖုန်းထဲမှာသုံးတဲ့ စနစ်တွေကလည်း ကောင်းတာတွေ့ရပါတယ်။ ရှေ့ Screen ပိုင်းနဲ့ ဒီဇိုင်းပိုင်းကလည်း ကောင်းပါတယ်။

မစိုးစိုးထွေး (စမ်းသပ်အသုံးပြုသူ)

ကင်မရာက တော်တော်လေး ကောင်းတယ်။ ရှေ့ကင်မရာကလည်း နောက်ခံ Background တွေကို ဝါးအောင်လုပ်ပြီး ရိုက်လို့ရတာကို သဘောကျတယ်။ နောက်ဘက်ကင်မရာက Portrait စနစ်ကလည်း တော်တော်လေး ကောင်းပါတယ်။ Memory ကလည်း မြင့်တယ်။ Fingerprint ကလည်းကောင်းတယ်။ ဘက်ထရီကလည်း အသုံးခံတယ်။ ဒီဇိုင်းလည်းလှလာတယ်။ ရှေ့ဘက်မျက်နှာပြင် အပြည့်ပုံစံမျိုး ဖြစ်နေတာကိုလည်း သဘောကျပါတယ်။ စျေးတော့ နည်းနည်းမြင့်တယ်လို့ ခံစားရတယ်။

-ကိုသက်

အင်တာနက်ဂျာနယ် မှ ကူးယူဖော်ပြသည်

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top