You are here
Home > PC & Mobile > Android > Huawei Enjoy 6

Huawei Enjoy 6

Price

149,000 MMK

အားသာချက်

စျေးနှုန်းသင့်တင့်တဲ့ တန်ဖိုးနည်းဖုန်းဖြစ်ပြီး ဖုန်းရဲ့ မှတ်ဉာဏ်ပိုင်း၊ CPU, GPU ပိုင်းတွေမှာသင့်တင့်ကောင်းမွန်တဲ့ ဖုန်းဖြစ်ပါတယ်။ ဖုန်းမှာ ထည့်သွင်းပေးထားတဲ့ ဘက်ထရီက ပါဝါသိုလှောင်နိုင်မှုပမာဏ မြင့်မား တဲ့အတွက် ဖုန်းကိုအချိန်ကြာကြာ အသုံးပြုနိုင်ခြင်းကလည်း ဒီဖုန်းရဲ့အားသာချက်တစ်ခုပါပဲ။ OS ပိုင်းကောင်းမွန်ပြီး ကင်မရာပိုင်းမှာဆို ရင်လည်း Megapixels တွေက သင့်တင့်ကောင်းမွန်ပါတယ်။ Enjoy 6s နဲ့ စျေးနှုန်းချင်းသိပ်မကွာသလို Specification တွေမှာဆိုရင်လည်း သိပ်မကွာခြားလှပေမယ့် ဘက်ထရီ ပိုင်းမှာတော့ Enjoy 6s ထက်ပိုပြီးကောင်းမွန်ပါတယ်။

အားနည်းချက်

တန်ဖိုးသင့် ဖုန်းအမျိုးအစားဖြစ်တဲ့အတွက် Berometer Sensor နဲ့ Temperature လို Sensor တွေကို ဒီဖုန်းမှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ Dual Sim ဖုန်းဖြစ်ပေမယ့် SD Card အသုံးပြုမယ်ဆိုရင်တော့ Sim Card တစ်ကတ်ပဲ သုံးလို့ ရမှာပါ။

ဒီဇိုင်း

ရိုးရိုးရှင်းရှင်းနဲ့ လှပသေသပ်တဲ့ ပုံစံမျိုး ရှိပါတယ်။ ဖုန်းကိုယ်ထည် တစ်ခုလုံးကို သတ္တုနဲ့ ပလတ်စတစ်စပ်ထားတဲ့ ကိုယ်ထည်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး ကိုင် တွယ်အသုံးပြုချိန်မှာတော့ ထုထည်နဲ့ အလေးချိန် အနည်းငယ်ရှိတယ်လို့ ခံစားရစေပါတယ်။ ကျောဘက်ကာဗာပေါ်မှာ Fingerprint Sensor ကိုတပ်ဆင်ပေးထားပြီး Volume Button နဲ့ ပါဝါခလုတ်တွေကတော့ ဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာပါ။ ဖုန်းရဲ့ ရှေ့ဘက်မြင်ကွင်းမျက်နှာ ပြင်ပေါ်မှာတော့ ခလုတ်တစ်ခုမှမပါပဲ အားလုံးကို Touch စနစ်နဲ့အသုံး ပြုရမှာပါ။

မြင်ကွင်း

၅.၀ လက်မရှိတဲ့ AMOLED Screen ဖြစ်ပြီး 720 x 1280 Pixels ရှိတဲ့ ပုံမှန် HD Screen အမျိုးအစားပါ။

နည်းပညာ

Fingerprint ဟာ ဖုန်းလုံခြုံရေး အတွက်အပြင် အခြားစနစ်တွေအတွက်ပါထိန်းချုပ်အသုံးပြုနိုင်ပါ တယ်။ ကင်မရာပိုင်းမှာလည်း မြင့်မားတဲ့ ဓာတ်ပုံအသုံးပြု စနစ်တွေမပါ ဝင်ပေမယ့် ကောင်းမွန်တဲ့ ဓာတ်ပုံ Mode တွေတော့ ပါဝင်တာတွေ့ရပါ တယ်။ တန်ဖိုးသင့် စျေးနှုန်း အလယ်အလတ်စားဖုန်းဖြစ်တဲ့အတွက် ဆန်း သစ်မြင့်မားတဲ့ နည်းပညာတွေကိုတော့ အသုံးပြုထားတာသိပ်မတွေ့ရပါ ဘူး။ ကင်မရာအသုံးပြုခြင်းအပိုင်းတွေမှာတော့ ကောင်းမွန်အောင်ပြု လုပ်ပေးထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြံုပြီးသုံးသပ်ကြည့်မယ်ဆိုရင်တော့ Enjoy 6 ဟာဖုန်းရဲ့ CPU, GPU အစရှိတဲ့ ဖုန်းတွင်းအသုံးပြု Hardware ပိုင်းတွေ မှာသင့်တင့်ကောင်းမွန်တယ်လို့ ဆိုနိုင်တဲ့ဖုန်းပါ။ ကင်မရာပိုင်းမှာဆိုရင် လည်း ရှေ့ကင်မရာရော နောက်ဘက်ကင်မရာကပါ Megapixels ပိုင်း မှာသင့်တင့်တဲ့အခြေအနေမျိုးမှာရှိနေပြီး Camera Mode တွေနဲ့ အသုံး ပြုနိုင်တဲ့ ဓာတ်ပုံစနစ်ပိုင်းတွေမှာတော့ ကောင်းမွန်တာတွေ့ရပါတယ်။ ဘက်ထရီပိုင်းမှာလည်း ပါဝါသိုလှောင်နိုင်မှု ပမာဏများပြားတဲ့ဘက်ထ ရီဖြစ်တဲ့အတွက် အချိန်ကြာကြာ သုံးနိုင်ပါတယ်။ ဒါပေမဲ့ အားသွင်းမြန် ဆန်တဲ့ Quick Charger လိုစနစ်တွေတော့ ပါဝင်တာမတွေ့ရပါဘူး။ Fingerprint ပိုင်းမှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။ စျေးနှုန်းအ ရကြည့်မယ်ဆိုရင်တော့ ဖုန်းရဲ့ Specification ပိုင်းကအခြား တန်ဖိုးနည်း ဖုန်းတွေနဲ့ ယှဉ်နိုင်သလို ဖုန်းတွင်း Settings ပိုင်း၊ Feature ပိုင်းနဲ့ ကင်မပိုင်းတွေမှာတော့ ဒီဖုန်းက ကောင်းမွန်တယ်လို့ ဆိုနိုင်ပါ တယ်။ Enjoy 6s ထက် အချို့ Specification ပိုင်းတွေမှာ အနည်းငယ် နိမ့်ပေမယ့် ဘက်ရီပိုင်းမှာတော့ ဒီဖုန်းက Enjoy 6s ထက်ပိုပြီးမြင့်မား ကောင်းမွန်တာ တွေ့ရပါတယ်။

  • Network – GSM – 2G/ 3G
  • SIM – Dual SIM (Micro Sim Dual Standby)
  • OS – Android 6.0
  • CPU – Octa-core (4×1.4 GHz & 4×1.0 GHz)
  • GPU – Mali-T860MP2
  • Memory – Internal 16GB, 3GB RAM , Micro SD 256GB
  • Camera – 13 MP, f/2.2, autofocus, LED flash, Geo- tagging, touch focus, face detection, panorama, Video, Secondary
  • 5 MP
  • Wi-Fi – 802.11 b/g/n, Wi-Fi Direct, hotspot
  • Bluetooth – 4.0, A2DP
  • Battery – Li-Po 4100 mAh Battery

Huawei Enjoy 6 review star rate

ဆက်စပ်ဆောင်းပါးများ –

သူတို့အမြင်

ကိုအောင်အောင် (စမ်းသပ်အသုံးပြုသူ)

တန်ဖိုးနည်း ဖုန်းအမျိုးအစားဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းကတော့ သိပ်အမြင့်ကြီးမဟုတ်ပါဘူး။ ဒီဖုန်းက ဖုန်းရဲ့ Physical ပိုင်းနဲ့ Specification ပိုင်းတွေကိုပဲ ကြည့်မယ်ဆိုရင်စျေးနဲ့ တန်တယ်လို့တော့ ခံစားရတယ်။ ကင်မရာရဲ့ Megapixels တွေနဲ့ Memory ပိုင်းတွေ၊ ဘက်ထရီပိုင်းတွေက အခြား Mid Range ဖုန်းတွေရဲ့ Specification ပိုင်းတွေနဲ့ သိပ်မကွာသလိုပဲ။ ဖုန်းကို တကယ်တမ်း သုံးကြည့်တဲ့အချိန်မှာလည်း Fingerprint ပိုင်း၊ ကင်မရာ ပိုင်းတွေနဲ့ ဖုန်းအတွင်းပိုင်း စနစ်တွေ၊ Settings ပိုင်းတွေကတော့ ကောင်းပါတယ်။ ဘက်ထရီပိုင်းမှာလည်း ဒီဖုန်းကတော်တော်ကောင်း အောင်သုံးထားတာတွေ့ရတယ်။

မချိုချိုမာ (စမ်းသပ်အသုံးပြုသူ)

ဖုန်းရဲ့ Specification ပိုင်းကတော့ အခြားတန်ဖိုးနည်း ဖုန်းတွေနဲ့ ဘာမှသိပ်ပြီး ထူးထူးခြားခြားကွာတာမရှိသလိုပဲ။ ဒါပေမဲ့ ဖုန်းရဲ့ Settings ပိုင်းနဲ့ အတွင်းပိုင်းမှာ အသုံးပြုရတဲ့ စနစ်တွေနဲ့ ပုံစံ တွေကတာ့ ကောင်းပါတယ်။ OS Version ကလည်း မြင့်တော့စုံစုံ လင်လင်သုံးလို့ ရတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း နောက်ဘက် ကင်မရာရဲ့ Megapixels ကသင့်တင့်တဲ့အတွက် ရုပ်ထွက်ပိုင်းကောင်းပါတယ်။ ဘက် ထရီကလည်း mAh များတဲ့အပြင် ဖုန်းရဲ့ Screen ပိုင်းနဲ့ CPU ပိုင်း တွေကလည်း ပါဝါသိပ်မစားတော့ ကြာကြာအသုံးခံတယ်။

ကိုသန်းထွဋ်ဇော် (စမ်းသပ်အသုံးပြုသူ)

CPU ပိုင်းနဲ့ GPU ပိုင်းတွေကောင်းတဲ့ဖုန်းပါ။ မှတ်ဉာဏ်ပိုင်းမှာ နည်းတယ်လို့ ထင်ရပေမယ့်လည်း RAM 3GB နဲ့ သူ့ရဲ့ CPU ရဲ့လုပ်ဆောင်ချက် တွေက မျှတတဲ့အတွက် ဖုန်းကသုံးရတာလည်းပေါ့ပေါ့ပါးပါးရှိပါတယ်။ Fingerprint ကလည်းတုန့်ပြန်မှု မြန်တာတွေ့ရတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း Megapixels တွေရော Sensor တွေရော ကောင်းပါတယ်။ SD Card သုံးတဲ့အချိန်မှာ Sim Card က တစ်ကတ်ပဲသုံးလို့ရ တော့မှာ။ အဲဒါကိုတော့ သိပ်သဘောမကျဘူး။

 Huawei Enjoy 6 camera modes 1Huawei Enjoy 6 camera modes 2Huawei Enjoy 6 settingsHuawei Enjoy 6 huawei idHuawei Enjoy 6 maintenance

-ကိုသက်
အင်တာနက်ဂျာနယ် မှ ကူးယူဖော်ပြသည်

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top