HP Laptop တွေက မယုံရတော့ဘူးလား???

0
1335

#HP Laptop တွေက မယုံရတော့ဘူးလား???#

HP 460 နောက်ပိုင်း မော်ဒယ်လ်တွေမှာ ကိုယ့်ရိုက်ထည့်လိုက်တဲ့ ကီးဘုတ်လက်ကွက်က အရေးကြီးတဲ့ ဒေတာတွေ ဖြစ်တဲ့ user account information(gmail & facebook etc) တွေ ခရက်ဒစ်ကတ် အကောင့် နံပါတ်တွေကို မှတ်ယူထားနိုင်တဲ့ Keylogger ဆော့ဝဲလ်ကို ကြိုတင်ထည့်သွင်းထားပါတယ်လို့ လုံခြုံရေး သုတေသန ပညာရှင် Michael Myng က ဆိုထားပါတယ်…

HP ဘက်ကလဲ သူတို့ဘက်က လုံခြုံရေးဆိုင်ရာ ချွတ်ယွင်းချက်ပါလို့ ပြောကြားထားပါတယ်… အဲအတွက်လဲ keylogger ကို ပြန်ဖျက်ဖို့ software patch ကို ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့လဲ ပြောပါတယ်…
သက်ရောက်မှု ရှိခဲ့တဲ့ အမျိုးအစားတွေက EliteBook ProBook Pavilion တွေပဲ ဖြစ်ပါတယ်..
မိုက်ကယ် ပြောစကား အရဆိုရင်တော့ keylogger က ပါလာပေမယ့် default အားဖြင့်တော့ disabled ဖြစ်နေပါတယ်တဲ့… သို့သော် ဟက်လုပ်ချင်တဲ့ သူ ဟာ open source tools တခုခုကို သုံးပြီး registry တန်ဖိုးကို ပြောင်းလဲပြီး ဟက်လို့ ရမယ်လို့ ပြောကြားထားပါတယ်…

ဒီလိုနေရာမျိုးမှာပါတဲ့…

“registry key:
HKLM\Software\Synaptics\%ProductName%
HKLM\Software\Synaptics\%ProductName%\Default”

 

တွေ့ရတဲ့ နေရာတွေကတော့ Touchpad Driver ဆိုတဲ့ ဖိုတာထဲမှာ SynTP.sys file အနေနဲ့ပါ…
မေလထဲမှာ ထပ်မံတွေ့ရှိတာကတော့ Audio Drivers Folder ထဲမှာပါ…

ps: မြန်မာပြည်အနေနဲ့ ခြိမ်းခြောက်မှု အရမ်း မရှိပေမယ့် ဒီသတင်းအရတော့ HP Laptop တွေ အနည်းငယ်တော့ ဈေးကျသွားမယ် ထင်ပါတယ်…

Source: Internet

လေးစားစွာဖြင့်
ကိုထွဋ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.