EntertainmentLifestyleSocial Media

Facebook Live ကို Landscape Full screen ဘယ်လိုကြည့်မလဲ

0
Facebook Live ကို Landscape Full screen ဘယ္လုိၾကည့္မလဲ
Facebook Live ကို Landscape Full screen ဘယ်လိုကြည့်မလဲ

Zawgyi Version

Facebook live streaming ကို ၂၀၁၅ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ဇန်နဝါရီလမှာတော့ Facebook iOS application နဲ့ အမေရိကန်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ခုဆိုရင် Facebook live ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ Facebook live ကို ကြည့်တဲ့အခါ Comment တွေနဲ့ reaction တွေ တက်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဆယ်လီတွေရဲ့ Live streaming မှာ အဲဒါတွေက အဆင်ပြေပေမယ့် အားကစားနဲ့ဆိုင်တဲ့ ဘောလုံးပွဲတို့လို Live တွေ၊ အွန်လိုင်းကျူတိုရီရယ် စသည်တို့မှာဆိုရင် Comment တွေ reaction တွေက အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကို ဖျောက်ပြီး Full screen ဘယ်လိုကြည့်မလဲ။

Facebook Live ကို Fullscreen ဘယ်လိုကြည့်မလဲ

လူတော်တော်များများ မသိသေးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက Facebook user တွေချည်းပဲ မဟုတ်ပါဘူး။ နိုင်ငံတကာက Facebook user တွေ တော်တော်များများ မသိသေးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ နည်းလမ်းက လွယ်ပါတယ်။

ပထမဆုံးပုံက ပုံမှန် Live ကို ကြည့်တဲ့အခါ မြင်ရတဲ့ ပုံစံဖြစ်ပါတယ်။

Unicode Version





ပုံမှန် Live ကို ကြည့်တဲ့အခါ မြင်ရတဲ့ ပုံ

ပုံမှန် Live ကို ကြည့်တဲ့အခါ မြင်ရတဲ့ ပုံ

(Zawgyi Version) ဒုတိယပုံကတော့ Comment တွေနဲ့ Reaction တွေနဲ့ Full screen ပဲ ဖြစ်ပါတယ်။

(Unicode Version) ဒုတိယပုံကတော့ Comment တှနေဲ့ Reaction တှနေဲ့ Full screen ပဲ ဖွဈပါတယျ။

Comment တွေနဲ့ Reaction တွေနဲ့ Fullscreen

Comment တွေနဲ့ Reaction တွေနဲ့ Fullscreen

(Zawgyi Version) Full screen ဖြစ်ဖို့အတွက် Auto rotate screen ကို ဖွင့်ပေးထားရမှာ ဖြစ်ပါတယ်။ auto rotate screen ပြီး ဖုန်းကို Landscape ထားလိုက်ပါက Fullscreen ဖြစ်သွားပါလိမ့်မယ်။ တတိယပုံကတော့ Comment နဲ့ reaction ကို မပေါ်အောင် ဖယ်ထားတာ ဖြစ်ပါတယ်။ Portrait ဆိုရင်တော့ Auto rotate screen ကို ဖွင့်ပေးစရာမလိုပါဘူး Auto full screen ဖြစ်နေပါလိမ့်မယ်။


Comment နဲ့ reaction ကို ဖျောက်ထားသည့် ပုံ

Comment နဲ့ reaction ကို ဖျောက်ထားသည့် ပုံ

(Zawgyi Version) ဒီပုံကတော့ လုံးဝ Full screen ပဲ ဖြစ်ပါတယ်။ Comment နဲ့ Reaction ကို ဘေးကို ရွှေ့ထားတာ ဖြစ်ပါတယ်။ ဒီလိုလုပ်လို့ရတယ်ဆိုတာ တော်တော်များများ မသိကြပါဘူး။ ဒါကြောင့် ခုလိုဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ Comment နဲ့ Reaction ကို ဘေးကို ရွှေ့ဖို့ဆိုရင် ဖုန်း Screen ကို ဘယ်ဘက်ကနေ ညာဘက်ကို ပွတ်ဆွဲလိုက်ပါ။ ပြန်ဖော်ချင်ရင်ဆိုရင်တော့ ညာဘက်ကနေ ဘယ်ဘက်ကို ပြန်ပြီး ပွတ်ဆွဲလိုက်ပါ။ ဒါပါပဲ 🙂


Screen ကို ၃၆၀ ဒီဂရီ လှန်လို့ရတဲ့ HP X360

Previous article

Laptop တစ်လုံးနီးပါး စွမ်းဆောင်ရည်နဲ့ Windows 10 Tablet

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.