EntertainmentTechnology Explained

တယ်လီနော မှ My Tune ဝန်ဆောင်မှု ရယူ အသုံးပြုနည်း

0
တယ်လီနော မှ My Tune ဝန်ဆောင်မှု ရယူ အသုံးပြုနည်း

တယ်လီနောရဲ့ My Tune ဆိုတာကတော့ မိမိကို အခြားနံပါတ်တစ်ခုမှ ဖုန်းခေါ်ဆိုစဉ် “တူ… တူ… တူ…” ဆိုသည့် ဖုန်းခေါ်ဆိုနေမှုသံစဉ်ကို တယ်လီနောမှ ဝန်ဆောင်မှုပေးထားသော သီချင်းနှင့် သံစဉ်များ ထည့်သွင်း အသုံးပြုခြင်း ဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုအတွက် တစ်ပတ်ကို ၃၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး သင်ထည့်သွင်းထားသော ဖုန်းဘေလ်မှ အလိုအလျှောက် ဖြတ်သွားမည် ဖြစ်ပါသည်။ ဒါ့အပြင် သင်ရွေးချယ်လိုက်သော သီချင်း (သို့မဟုတ်) သံစဉ်တစ်ခုကို တစ်နှစ်အတွက် ၃၀၀ ထပ်မံ ကျသင့်မှာ ဖြစ်ပါတယ်။

တယ်လီနောရဲ့ My Tune ဝန်ဆောင်မှုကို ရယူရန်အတွက်

SMS ဖြင့် 333 နံပါတ်သို့ MT ON ဆိုပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။

ဒါမှမဟုတ် Browser ဖြင့် mytune.telenor.com.mm ကို ဖွင့်ပါ။ ညာဘက်ထောင့်မှာ Register ကို နှိပ်ပြီး အောက်ပါ ဖောင်ကိုဖြည့်ပါ။

ဖောင်တွင် –

Telenor ရဲ့ mytune register form

Telenor ရဲ့ mytune register form

Phone Number ဆိုသည့်အကွက်တွင် သင်၏ တယ်လီနော ဖုန်းနံပါတ်ကို ထည့်သွင်းပါ။
Validate Code ဆိုသည့်အကွက်တွင် ဘေးနားတွင် မြင်နေရသော နံပါတ်များကို ရိုက်ထည့်ပါ။
Validate Code အောက်နားက Obtain Veri. Code ကို နှိပ်ပါ။ သင့်ဖုန်းထံ SMS ဖြင့် Verification Code ပို့ပေးပါလိမ့်မည်။ SMS ရရှိပါက နံပါတ် ၆ လုံးပါသော Authentication code  ကို Verification Code ဆိုသည့်အကွက်တွင် ဖြည့်ပါ။ အားလုံး အဆင်သင့်ဖြစ်ပါက OK ကို နှိပ်ပါ။ သင့် တယ်လီဖုန်းနံပါတ်သို့ ဝန်ဆောင်မှုရပြီဖြစ်ကြောင်းနှင့် ငွေ ၃၀၀ ဖြတ်သွားပြီဆိုတဲ့အကြောင်း SMS ထပ်မံ ပို့ပေးမှာ ဖြစ်ပါတယ်။
၎င်း SMS နှင့်အတူ Sign In ပြုလုပ်ဖို့အတွက် Password ပါရှိသော SMS လည်း ရောက်ရှိမှာ ဖြစ်ပါတယ်။ Password က နံပါတ် ၆ လုံး ဖြစ်ပါတယ်။

အပေါ်က အဆင့်တွေ ပြီးရင်တော့ Sign In ကို နှိပ်ပြီး Sign In ပြုလုပ်ပါ။

ဖောင်တွင် –

Telenor ရဲ့ mytune signin form

Telenor ရဲ့ mytune signin form

Phone Number ဆိုသည့်အကွက်တွင် သင်၏ ဖုန်းနံပါတ်ကို ထည့်သွင်းပါ။
Password ဆိုသည့်အကွက်တွင် နောက်ဆုံး ဝင်ရောက်လာသော Password ပါသော SMS မှ နံပါတ် ၆ လုံးကို ထည့်သွင်းပါ။
Validate Code ဆိုသည့်အကွက်တွင် ဘေးမှ နံပါတ်များကို ထည့်သွင်းပါ။
အားလုံးထည့်သွင်းပြီးပါက Sign In ကို နှိပ်ပါ။
Password ကို ထပ်မံသိလိုပါက 333 သို့ pwd ဟု SMS ပေးပို့ကာ တောင်းနိုင်ပါသည်။
အားလုံးမှန်ကန်တယ်ဆိုရင် My Tune အကောင့်ထဲကို ရောက်သွားပါပြီ။

My Tune ထဲက Playlist ကို မြင်ရပုံ

My Tune ထဲက Playlist ကို မြင်ရပုံ

မြင်ရတဲ့ ပုံကတော့ ဝန်ဆောင်မှုပေးထားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ သီချင်းတွေကို နားထောင်ဖို့အတွက်ကတော့ Windows Media Plugin လိုမှာ ဖြစ်ပါတယ်။ ကျွန်တော် စမ်းကြည့်သလောက်ကတော့ Error ရှိနေပါတယ်။ အဆင်မပြေပါဘူး။

သီချင်းတွေရဲ့ ညာဘက်ဘေးနားမှာ + (Plus) နဲ့ Cart ( ခြင်းလှည်းပုံ) ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

(Plus) ကတော့ မိမိကြိုက်နှစ်သက်တဲ့ သီချင်းတွေကို Play List လုပ်ထားတာ ဖြစ်ပါတယ်။ အောက်ပါ ပုံကိုကြည့်ပါ။

My Tune မှာ ဝယ်ထားတဲ့ သီချင်းတွေရဲ့ Playlist ပုံ

My Tune မှာ ဝယ်ထားတဲ့ သီချင်းတွေရဲ့ Playlist ပုံ

 

Cart ( ခြင်းလှည်းပုံ) ကတော့ သီချင်းကို ဝယ်ယူဖို့ပဲ ဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ကို ၃၀၀ ကျပ် ကျသင့်မှာ ဖြစ်ပြီး ဖုန်းဘေလ်မှ အလိုအလျှောက်ဖြတ်သွားမှာ ဖြစ်ပါတယ်။ Cart ( ခြင်းလှည်းပုံ) ကို နှိပ်လိုက်ပါက အောက်ပါပုံကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အသုံးပြုမယ့် သီချင်းရွေးပုံ

အသုံးပြုမယ့် သီချင်းရွေးပုံ

ပုံမှာ ပြထားတဲ့အတိုင်း Cancel ပြုလုပ်ပါက အသုံးပြုမှာ မဟုတ်ပါဘူး။ OK ပြုလုပ်လိုက်ပါက အသုံးပြုမှာ ဖြစ်ပြီး သင့်ဖုန်းသို့ SMS ပေးပို့မှာ ဖြစ်ပါတယ်။

မိမိဖုန်းမှ My Tune ကို နားထောင်လိုပါက 333 1 “Song code” ကို ရိုက်ထည့်ပြီး ခေါ်ဆို နားဆင်နိုင်ပါတယ်။ ဥပမာ – 3331555278 ကို ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ 333 က ဝန်ဆောင်မှု နံပါတ်ဖြစ်ပြီး 1 က နားဆင်ရင် နံပါတ် ဖြစ်ပါတယ်။ 555278 ကတော့ ထူးအယ်လင်းနဲ့ မီးမီးခဲဆိုထားတဲ့ “မင်း”  ဆိုတဲ့ သီချင်းကုတ်ပဲ ဖြစ်ပါတယ်။

ဝန်ဆောင်မှုကို ပြန်လည်ဖျက်သိမ်းဖို့အတွက် –

333 သို့ MT OFF ဟုတ် SMS ပေးပို့ရမည် ဖြစ်ပါတယ်။

ဝန်ဆောင်မှု ပိတ်လိုပါက သတ်မှတ်ရက်ထက် မကျော်လွန်မီ ပိတ်ပါ။

VMware Technology Forum 2017 ကို ရန်ကုန်တွင် ကျင်းပပြုလုပ်မည်

Previous article

Networking ကို စိတ်ဝင်စားသူများအတွက် Online Video Tutorial များ

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.