You are here
Home > PC & Mobile > Internet > Facebook Messenger မှ အရေးကြီး အချက်အလက်များ လုံခြုံစွာ ပေးပို့နည်း

Facebook Messenger မှ အရေးကြီး အချက်အလက်များ လုံခြုံစွာ ပေးပို့နည်း

ကျွန်တော်တို့ Network ထဲမှာ ဖြစ်ဖြစ်၊ အင်တာနက်ပေါ်မှာ ဖြစ်ဖြစ် ကွန်ပျူတာ တစ်လုံးကနေ တစ်လုံးကို အချက်အလက်တွေ လှမ်းပို့တဲ့အခါမှာ လေယာဉ်၊ သင်္ဘောတွေပေါ်ကို Parking တွေလုပ်ပြီး တင်သလိုပဲ Network ထဲမှာလည်း အချက်အလက်တွေကို Parking လေးတွေ လုပ်ပြီး ပို့ပါတယ်။ ဒါက သာမန်လုပ်ဆောင်တဲ့ လုပ်ဆောင်မှုပါ။ အဲလိုပေးပို့တဲ့ အချက်အလက်တွေကို Hacker တွေ၊ ISP တွေ၊ Mobile Operator တွေက ကြားဖြတ် ရယူထားနိုင်ပါတယ်။ ဒီတော့ သာမန်ပေးပို့မယ်ဆို ကျွန်တော်တို့ ပေးပို့တဲ့ အချက်အလက်တွေကို ရယူကြည့်ရှုနိုင်တယ်လို့ ဆိုရမှာပေါ့။ အဲလို ရယူကြည့်ရှုခွင့် မပေးချင်ရင် ကျွန်တော်တို့အနေနဲ့ Encryption လို့ခေါ်တဲ့ ဖုံးကွယ်လို့ရတဲ့ နည်းရှိပါတယ်။ ဒီလို ဖုံးကွယ်တဲ့နည်းကို သုံးလိုက်မယ်ဆိုရင် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းက ရယူသွားမယ်ဆိုရင်တောင် အလွယ်တကူ ကြည့်ရှုလို့မရနိုင်တော့ပါဘူး။ Encryption လုပ်တဲ့အခါ Key သုံးပြီး လုပ်ရပါတယ်။ ဒါကြောင့် ပြန်ဖော်ရင်လည်း Key သုံးပြီး ပြန်ဖော်ရပါတယ်။ ဒါကြောင့် Encryption လုပ်ထားတဲ့ အချက်အလက်တွေကို သက်ဆိုင်တဲ့ Company တွေကပဲ ပြန်ဖော်ပေးနိုင်ပါတယ်။

အဲဒီလိုပဲ ကျွန်တော်တို့ Facebook Messenger သုံးတဲ့အခါမှာလည်း Facebook ကနေပြီးတော့ အသုံးပြုသူတွေအတွက် အရေးကြီးတဲ့ အချက်အလက်တွေကို လုံလုံခြုံခြုံပေးပို့နိုင်ဖို့အတွက် Encryption လုပ်ပြီး ပေးပို့လို့ရအောင် ဝန်ဆောင်မှုပေးထားပါတယ်။ ဒါကြောင့် အဲဒီနည်း အသုံးပြုပြီး အချက်အလက်တွေ ပေးပို့မယ်ဆိုရင် ကြားက Hacker တွေ၊ ISP တွေ၊ Mobile Operator တွေက ကြားဖြတ်ယူထားမယ်ဆိုရင်တောင် ဖွင့်ကြည့်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ်ပို့လိုက်တဲ့ အချက်အလက်ကို အချိန်သတ်မှတ်ပြီး ဖျက်ခိုင်းလို့လည်း ရပါသေးတယ်။ ဘယ်လိုနေရာတွေမှာ အသုံးဝင်လည်းဆိုရင် ဘဏ်အကောင့်တွေ ပေးပို့တဲ့အခါ၊ Password ပေးပို့တဲ့အခါ၊ အခြားတကိုယ်ရေ အရေးကြီးတဲ့အချက်အလက်တွေ ပေးပို့တဲ့အခါ၊ Company ရဲ့ အရေးကြီးအချက်အလက်တွေ ပေးပို့တဲ့အခါတွေမှာ အသုံးဝင်ပါတယ်။ ပြုလုပ်နည်းကို အောက်မှာ ဆက်ကြည့်လိုက်ပါ။

Facebook Messenger ရဲ့ Secret Conversation ကို အသုံးပြုနည်း

Secret Conversation ကို စဖွင့်ပုံ
Secret Conversation ကို စဖွင့်ပုံ

ပုံမှာ မြင်ရတဲ့အတိုင်း Messenger ကို ဖွင့်လိုက်ပါက ပထမပုံရဲ့ ညာဘက် လူပုံလေးကို နှိပ်လိုက်ပါ။ အလယ်မှာပြထားတာကတော့ Secret Conversation ဟာ လုံခြုံရေးပိုကောင်းတဲ့အကြောင်းနဲ့ ဒီအဆင့်က Secret Conversation ကို ဖွင့်တဲ့အဆင့်သာဖြစ်ကြောင်း အနည်းငယ်ပြောထားတာပါ။ OK ကို နှိပ်လိုက်ပါ။ ညာဘက်က နောက်ဆုံးပုံ End to end Encryption ကို ဖွင့်ပေးရမှာ ဖြစ်ပါတယ်။

သူငယ်ချင်းဆီကို Secret conversation လုပ်မယ်ဆိုရင်
သူငယ်ချင်းဆီကို Secret conversation လုပ်မယ်ဆိုရင်

ဒီပုံကတော့ သူငယ်ချင်းဆီကို အရေးကြီးအချက်အလက်တွေ ပေးပို့တော့မယ်ဆိုရင် Secret conversation နဲ့ ပေးပို့မယ့် ပုံဖြစ်ပါတယ်။ မိမိပေးပို့မဲ့ သူငယ်ချင်းကို ရုံးရုံးချက်သလိုပဲ ဖွင့်လိုက်ပါ။ ပုံရဲ့ ပထမပုံမှာ မြှားနဲ့ ပြထားတဲ့ ပုံလေးကို နှိပ်လိုက်ပါ။ ဒါဆို ဒုတိယပုံကို မြင်ရမှာ ဖြစ်ပါတယ်။ မြှားပြထားတဲ့အတိုင်း Secret Conversation ကို နှိပ်ပါ။ ဒါဆို ကိုယ့်သူငယ်ချင်းနဲ့ Secret conversation နဲ့ စကားပြောဖို့ အဆင်သင့်ဖြစ်ပါပြီ။

အချိန်သတ်မှတ်ပြီး conversation ကို ဖျက်ပစ်ရန်
အချိန်သတ်မှတ်ပြီး conversation ကို ဖျက်ပစ်ရန်

ပုံမှာ နာရီပုံလေးကို နှိပ်ပြီး ကိုယ် သတ်မှတ်ပေးတဲ့အချိန်အထိ ကိုယ့်သူငယ်ချင်းနဲ့ ပြောထားသမျှ ပေးပို့ထားသမျှအချက်အလက်တွေကို ဖျက်ပစ်နိုင်ပါတယ်။

အားလုံးပဲ နည်းပညာခေတ်မှာ တကိုယ်ရေလုံခြုံရေးတွေကိုလည်း ဂရုစိုက်နိုင်ကြပါစေ…

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top