You are here
Home > Lifestyle > Creative > Monochrome ဓာတ်ပုံ ပုံစံပြုပြင်လို့ကောင်းအောင် ဖုန်းနဲ့ ဘယ်လို ရိုက်ကူးမလဲ

Monochrome ဓာတ်ပုံ ပုံစံပြုပြင်လို့ကောင်းအောင် ဖုန်းနဲ့ ဘယ်လို ရိုက်ကူးမလဲ

Monochrome ဓာတ်ပုံ ပုံစံပြုပြင်လို့ကောင်းအောင် ဖုန်းနဲ့ ဘယ်လို ရိုက်ကူးမလဲ

Monochrome ဓာတ်ပုံတစ်ပုံအဖြစ်ကိုဆော့ဖ်ဝဲနဲ့ Convert မလုပ်ခင်မှာ ကိုယ့်ရဲ့ဓာတ်ပုံမှာ ဘယ်လိုအချက်တွေနဲ့ ပြည့်စုံစွာ ရိုက်ကူးထားသင့်ပြီး ဘယ်လိုနေရာတွေကို ရိုက်ကူးမယ်ဆိုရင် ပုံကောင်းတွေ ထွက်နိုင်တယ်ဆိုတာကို လေ့လာနိုင်ဖို့အတွက် အောက်မှာ အချက်အလက်အချို့နဲ့ ဖော်ပြပေးသွားပါ့မယ်။

how to shoot with smartphone and edit to be monochrome

၁။ High Contrast မြင်ကွင်တွေကို ရိုက်ကူးခြင်း

Monochrome ဓာတ်ပုံဆိုတာဟာ Monotone ဖြစ်တာကြောင့် ကိုယ်ရိုက်ကူးမယ့်မြင်ကွင်းတစ်ခုကို ကြည့်လိုက်တဲ့ အချိန်မှာ မြောက်မြားလှစွာတဲ့ မတူညီတဲ့ အရိပ်ပေါင်းစုံမြင်တွေ့ရမှာပါ။ ဒါကြောင့်မို့ ရိုက်ကူး ဖို့အတွက် ဓာတ်ပုံထဲမှာ အဖြူသန့်သန့်၊ အမည်းသန့်သန့် ထွက်ပေါ်နိုင်လောက်မယ့် အရာတွေ၊ နေရာတွေကို ရွေးချယ်ရိုက်ကူးရမှာ ဖြစ်ပါတယ်။

အဲလိုအနေအထားမျိုးတွေ ရိုက်ကူးရတဲ့အခါ High Contrast မြင်ကွင်းတွေက အကောင်းဆုံးပဲဖြစ်ပါတယ်။ High Contrast ဆိုတာက
မြင်ကွင်းထဲမှာ အရမ်းမှောင်ပြီး အရမ်းလင်းတဲ့နေရာနှစ်ခု တစ်ပြိုင်တည်း ပါဝင်နေတာကို ဆိုလိုခြင်းဖြစ်ပါတယ်။

how to shoot with smartphone and edit to be monochrome

၂။ Silhouettes ပုံတွေ ဖန်တီးရိုက်ကူးခြင်း

Silhouettes ဆိုတာဟာ အရမ်းကို ဆွဲဆောင်မှုရှိပြီး စွမ်းအားကြီး တဲ့ Monochrome ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ Silhouette ဓာတ်ပုံ
တစ်ပုံမှာရိုက်ကူးမယ့် Subject တစ်ခုဟာ လင်းလက်နေတဲ့ Background ရှေ့ကနေ ကွယ်ရပ်ပြီးပေါ်နေတဲ့ဓာတ်ပုံမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။

how to shoot with smartphone and edit to be monochrome

Silhouette ဓာတ်ပုံတစ်ပုံကို ဖန်တီးမယ့်ပုံစံကတော့ မှောင်နေတဲ့ ဘေးပတ်ဝန်းကျင်မှာ အလင်းဖြာကြနေတဲ့ ပြတင်းပေါက်တစ်ခု ဒါမှမဟုတ် အလင်းဝင်နေတဲ့ နေရာတစ်ခုခုရဲ့ရှေ့မှာ Subject တစ်ခုကို အလင်းကိုကွယ်ပြီး ရိုက်ကူးရမယ့်ပုံစံဖြစ်ပါတယ်။ Subject ဆိုရာမှာ လူ သို့မဟုတ် အရာဝတ္ထုတစ်ခုကို ထည့်သွင်းရိုက်ကူးရမှာ ဖြစ်ပါတယ်။

အဲလိုဖုန်းနဲ့ ရိုက်ကူးနေတဲ့အချိန်မှာ ဖုန်းကင်မရာမှာပါဝင်တဲ့ Focus ကိုချိန်ရွယ်ပြီး exposure ကိုလည်း အတိုးအလျှော့ တစ်ချိန်တည်းမှာ ပြုလုပ်ကာ အလင်းအမှောင်ကို ကစားရိုက်ကူးနိုင်ပါတယ်။

how to shoot with smartphone and edit to be monochrome

၃။ Shade တွေပိုပြီး ထင်ရှားအောင် ရိုက်ကူးခြင်း

Monochrome ဓာတ်ပုံတစ်ပုံမှာ Subject တစ်ခုအရိပ်တွေ ထင်ရှားစွာ ပေါ်အောင်ရိုက်ကူးခြင်းကလည်း အားသာချက် တစ်ခုပဲဖြစ်ပါတယ်။ ဒါမှသာ ပုံရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အရိပ်တွေ ထင်ရှားခြင်းကြောင့် ဓာတ်ပုံတစ်ပုံဟာ ပိုကြွလာပြီး ကြည့်ကောင်းစေမှာ ဖြစ်ပါတယ်။

how to shoot with smartphone and edit to be monochrome

ပတ်ဝန်းကျင်မှာ အလိုအလျောက်ဖြစ်ပေါ်နေတဲ့ အရိပ်ထင်ရှားမှု တွေဟာ Monochrome ဓာတ်ပုံတွေဖြစ်ပေါ်ဖို့အတွက် အကောင်းဆုံး အနေအထားပဲ ဖြစ်ပါတယ်။ အဲလိုနေရာကို ဓာတ်ပုံရိုက်ကူးလိုက်ပြီး Monochrome အဖြစ် ဆောဖ်ဝဲနဲ့ပြန်ပြောင်းလိုက်တဲ့ချိန်မှာ ပုံရိပ်တွေဟာ ထင်ရှားပြီးပိုကောင်းတဲ့ ဓာတ်ပုံကို ဖြစ်ပေါ်စေပါတယ်။ သင့်အနေနဲ့ ရိုက်ကူးမယ်ဆိုရင်တော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့အဝိုင်း၊ လေးထောင့်၊ တြိဂံစတဲ့ အရိပ်ကျနေတဲ့ နေရာတွေအားလုံးကို ချိန်ရွယ်ပြီး ရိုက်ကူးသင့်ပါတယ်။

how to shoot with smartphone and edit to be monochrome

၄။ အရိပ်တွေကို ရိုက်ကူးခြင်း

အရိပ်ဆိုတာဟာ ဓာတ်ပုံတစ်ပုံမှာ မရှိမဖြစ်သော အရာတစ်ခုဖြစ်ပြီး အဲဒီကနေ ပိုပြီးလှပတဲ့ ဓာတ်ပုံတွေကို အမြဲတမ်းမြင်နေကြရမှာပါ။ အဲလိုပဲ Monochrome ဓာတ်ပုံတစ်ပုံမှာလည်း အရိပ်တွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက ပိုပြီးထူးခြားတဲ့မြင်ကွင်းကို ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။ နေရောင်ကြောင့် အရာဝတ္ထုတွေလူတွေကို ကျရောက်ပြီး အရိပ်ထွက်လာတဲ့ အရာတွေကို ရိုက်ကူးခြင်းဖြင့် Monochrome ပုံတွေကို ဖန်တီးနိုင်ပါတယ်။

how to shoot with smartphone and edit to be monochrome

Monochrome ဓာတ်ပုံပညာမှာ အရိပ်တွေဟာ ပုံကိုပိုပြီး Contrast ဖြစ်အောင် အကူအညီအပေးနိုင်ဆုံးပဲ ဖြစ်ပါတယ်။ အရိပ်ကျနေတဲ့ မှောင်နေတဲ့နေရာမှာ အလင်းဖြာကျခြင်းကို ဖမ်းပြီးရိုက်ကူးကာ လှပတဲ့ဓာတ်ပုံတစ်ပုံကိုလည်း ဖန်တီးနိုင်ပါတယ်။

၅။ Pattern တွေ ရှာဖွေရိုက်ကူးခြင်း

ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ Pattern တွေ အမြောက်အမြား ရှိပါတယ်။ အဆောက်အဦတွေမှာ အလှဆင်ထားတဲ့ အရာတွေ တစ်ညီ တညာတည်းဖြစ်နေတာ။ အရိပ်ကျတဲ့နေရာတွေမှာ Pattern ကွက်လို ဖြစ်နေတာတွေကို ရိုက်ကူးခြင်းဟာလည်း Monochrome ပုံအဖြစ် ပြန်ပြောင်းဖို့အတွက် အရမ်းကို ကောင်းမွန်စေပါတယ်။

how to shoot with smartphone and edit to be monochrome

အဆောက်အဦ Architecture ကို သေချာကို Pattern အဖြစ် ရှာဖွေပြီး ရိုက်ကူးလို့ပဲဖြစ်ဖြစ်၊ အရိပ်ကျနေတဲ့ နေရာတွေကိုပဲဖြစ်ဖြစ် Pattern ပုံစံရှာဖွေပြီး ရိုက်ကူးလို့ဖြစ်ဖြစ် ရိုက်ကူးပြီးသွားရင် ဓာတ်ပုံက အရောင်တွေကို ဖယ်ရှားကာ Monochrome ဓာတ်ပုံအဖြစ် ပြန်လည် ပုံဖော်လိုက်တဲ့အခါ ထူးခြားတဲ့ဓာတ်ပုံတွေကို ရရှိမှာပဲဖြစ်ပါတယ်။

၆။ Texture တွေကို ရှာဖွေရိုက်ကူးခြင်း

Texture တွေရှိတဲ့ အဆောက်အဦ မျက်နှာပြင်ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင် အနေအထားပဲဖြစ်ဖြစ်၊ ရေမျက်နှာပြင်ပဲဖြစ်ဖြစ် အဲဒါတွေကို
ရိုက်ကူးခြင်းကလည်း Monochrome ဓာတ်ပုံဖန်တီးဖို့အတွက် အထူးသင့်တော်တဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

Texture ဖြစ်ပေါ်စေတဲ့မျက်နှာပြင်တွေကို ရိုက်ကူးတဲ့အခါမှာ Texture တွေကြောင့် ဖြစ်ပေါ်နေတဲ့အရိပ်တွေကို ပိုပြီး ထင်ရှား
လာအောင် Contrast တင်လို့ရတဲ့ Editing Software တွေ ထပ်သုံးနိုင်ပါတယ်။ Landscape ဓာတ်ပုံတွေထဲမှာလည်း ရေပြင်လို နေရာမှာ လှိုင်းလေးတွေဖြစ်ပေါ်နေတာကို ရိုက်ကူးထားတဲ့ပုံကိုလည်း Monochrome ဓာတ်ပုံပြောင်းတဲ့အခါမှာ Texture ပုံစံတွေဖြစ်ပေါ် သွားစေပါတယ်။ ရွေ့လျားနေတဲ့ရေပြင်တွေပေါ်ကို အလင်းဖြာကျတဲ့အတွက် ဖြစ်ပေါ်လာတဲ့အရိပ်နေရာတွေဟာ Texture ဖြစ်ပေါ်ဖို့ အကောင်းဆုံးနေရာတွေပဲ ဖြစ်ပါတယ်။

how to shoot with smartphone and edit to be monochrome

၇။ Space တွေ လွှတ်ရိုက်ခြင်း

ဓာတ်ပုံတစ်ပုံမှာ Space တွေများများလွှတ်ပြီး ရိုက်ကူးခြင်းကလည်း ဓာတ်ပုံတစ်ပုံရဲ့ ရသတစ်ခုဖြစ်တာကို တွေ့ရပါတယ်။ ဓာတ်ပုံရိုက်ကူးသူ အများစုက ကိုယ့်ရဲ့ဓာတ်ပုံတစ်ပုံမှာ Space တွေ အများကြီး ချန်ပြီး ရိုက်ကူးရတာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် တကယ်မှာတော့ Space များများ ချန်ရိုက်ကူးခြင်းဟာ ကိုယ်ပြောလို့တဲ့ အကြောင်းအရာကိုပိုပြီး ထင်ရှားပြသပေးနိုင်ဖို့အတွက် ပိုပြီးအထောက် အကူဖြစ်စေပါတယ်။ Monochrome ဓာတ်ပုံတစ်ပုံမှာ အဲဒီလို Space များများ ချန်ရိုက်တာကပိုပြီး ဆွဲဆောင်မှုရှိတာကို တွေ့ရပါတယ်။ အလင်းကို နောက်ခံထားပြီး ဘေးပတ်ဝန်းကျင်မှာ အရိပ်ကို များများချန်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံကို Monochrome ပုံအဖြစ် ပြောင်းတဲ့အခါ လှပတဲ့ဓာတ်ပုံတွေ ထွက်လာတာကို တွေ့ရပါတယ်။

how to shoot with smartphone and edit to be monochrome

တကယ်တော့ အရိပ်တွေအားလုံးဟာ Space များများချန်ရိုက်ကူး ခြင်းတော့မဟုတ်ပါဘူး။ တကယ်က မှောင်နေတဲ့နေရာအများစုကို ချန် ပြီးရိုက်ကူးခြင်းကမှ တကယ့်ကို Monochrome ဓာတ်ပုံဖန်တီးပြီး ရိုက်ကူးဖို့အတွက် ပိုပြီး အထောက်အကူဖြစ်တာကို တွေ့ရပါတယ်။ နေရောင်ကျနေတဲ့နေရာကို ရိုက်ကူးရင် အလင်းဘေးနားက မှောင် နေတဲ့နေရာကို များများချန်ရိုက်ခြင်းနဲ့ အလင်းဝင်ပေါက်တစ်ခု ရိုက်ကူးတယ်ဆိုရင် အလင်းရဲ့ဘေးက မှောင်နေတဲ့နေရာတွေကို များများချန် ရိုက်ခြင်းတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။

-စည်သူ

Internet Journal မှ ကူးယူဖော်ပြသည်

ဆက်စပ်ဆောင်းပါးများ –

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top