You are here
Home > PC & Mobile > Internet > Telenor SIM Card ကို Facebook ကနေ ဘယ်လိုမှတ်ပုံတင်မလဲ

Telenor SIM Card ကို Facebook ကနေ ဘယ်လိုမှတ်ပုံတင်မလဲ

Telenor က SIM Card မှတ်ပုံတင်ဖို့အတွက် ပိုမိုလွယ်ကူစေရန် Telenor ရဲ့ Facebook မှ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးလိုက်ပါတယ်။ မှတ်ပုံတင်နည်းကို နားလည်တဲ့သူတွေ ရှိသလို နားမလည်တဲ့ သူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် နားမလည်တဲ့ သူတွေကို ရည်ရွယ်ပြီး Telenor ရဲ့ SIM Card ကို Facebook မှ မှတ်ပုံတင်နည်းကို အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး မိမိ မှတ်ပုံတင်မယ့် တယ်လီနောရဲ့ ဖုန်းနံပါတ်ကို *97# ကို ခေါ်ဆိုပြီး ရယူပါ။ *97# ကို ငွေဖြည့်သလို Telenor SIM card နဲ့ ခေါ်ဆိုပါ။

ဖုန်းနံပါတ်ကို ရယူရန်
ဖုန်းနံပါတ်ကို ရယူရန်

*97# USSD code ဟာ မိမိဖုန်းနံပါတ်ကို ပြန်ကြည့်တဲ့ Code ပဲ ဖြစ်ပါတယ်။ Telenor က အဲဒီ Run ပြီး တက်လာတဲ့ ဖုန်းနံပါတ်ကို အတည်ယူပြီး Register ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

*97# ကို Call ၍ တက်လာသော Telenor ဖုန်းနံပါတ်ကို တွေ့ရပုံ
*97# ကို Call ၍ တက်လာသော Telenor ဖုန်းနံပါတ်ကို တွေ့ရပုံ

*97# ကို Call ၍ တက်လာသော Telenor ဖုန်းနံပါတ်ကို Screenshot ရယူပါ။ ပြီးပါက မိမိ မှတ်ပုံတင်မယ့် မှတ်ပုံတင် သို့မဟုတ် သက်သေခံကတ်ပြား တစ်ခုခုရဲ့ ရှေ့နောက် ကို ကြည်လင်ပြတ်သားစွာ ကတ်အပြည့်ဓါတ်ပုံရိုက်ယူပါ။ ခ

ပြီးနောက် Facebook messenger ကို ဖွင့်ပါ။

Telenor Myanmar Facebook page ကို Messenger search မှ ရှာထားပုံ
Telenor Myanmar Facebook page ကို Messenger search မှ ရှာထားပုံ

Telenor ရဲ့ Messenger ကို ရှာထားပုံဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း Messenger ရဲ့ ထိပ်နားမှာ Search box ရှိပါတယ်။ အဲဒီမှာ Telenor Myanmar လို့ ရိုက်ရှာပါက ပုံထဲကလိုပဲ Telenor Myanmar ဆိုပြီး အများအပြားကြလာပါလိမ့်မယ်။ Telenor page အစစ်က အပေါ်ဆုံးက ပုံအတိုင်းဖြစ်ပါတယ်။ အဲဒါကို နှိပ်ဖွင့်လိုက်ပါ။

Telenor ရဲ့ Facebook messenger ကို ဖုန်းနံပါတ် Screenshot နဲ့ မှတ်ပုံတင် ရှေ့နောက်ကို ပေးပို့ထားပုံ
Telenor ရဲ့ Facebook messenger ကို ဖုန်းနံပါတ် Screenshot နဲ့ မှတ်ပုံတင် ရှေ့နောက်ကို ပေးပို့ထားပုံ

Telenor ရဲ့ messenger ကို ပုံထဲက အတိုင်း *97# ကို Call ပြီး Screenshot ရယူထားတဲ့ ဖုန်းနံပါတ် နှင့် မှတ်ပုံတင် သို့မဟုတ် သက်သေခံကတ်ပြားတစ်ခုခုကို အမည်၊ မှတ်ပုံတင်အမှတ် သို့မဟုတ် သက်သေခံကတ်ပြားပါ အမှတ်နှင့် မိမိမှတ်ပုံတင်မည့် ဖုန်းနံပါတ် (Screenshot မှ ဖုန်းနံပါတ်) တွဲပို့လိုက်ပါ။

ပုံမှာတော့ အပြည့်အစုံ မဝင်လို့ ဒီလောက်ပဲ ဖော်ပြပေးလိုက်ပါတယ်နော်… ဒါဆို Telenor SIM card ကို Messenger မှ မှတ်ပုံတင်ခြင်း ပြီးမြောက်သွားပါပြီ။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top