You are here
Home > PC & Mobile > Android > Facebook Page ရဲ့ Message မှာ Response Assistant ဖွင့်နည်း

Facebook Page ရဲ့ Message မှာ Response Assistant ဖွင့်နည်း

ခေတ်ကိုက Facebook ခေတ်ဖြစ်လာပြီဆိုတော့လည်း Facebook နဲ့ ဆိုင်တာလေးတွေ မသိသေးတဲ့သူတွေအတွက် ဖော်ပြပေးဖို့က ကျွန်တော်တို့ရဲ့ တာဝန်လို ဖြစ်လာတာပေါ့။

ဒီတစ်ခေါက်မှာတော့ မေးထားတဲ့ သူတွေလည်း ရှိလို့ Facebook page admin တွေအတွက် Facebook page ရဲ့ Message မှာ Auto response ဖွင့်နည်းလေး ရေးသားဖော်ပြပေးလိုက်ပါတယ်။ အရမ်းအခက်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မသိသေးတဲ့သူတွေ အတွက်တော့ အခက်အခဲ တစ်ခုပါပဲ။ ဒါကြောင့် ပုံလေးတွေနဲ့ Response assistant ဖွင့်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

Zawgyi Version

Response assistant ဖွင့်နည်း (PC)

PC မှ Response assistant ကို ဖွင့်ဖို့ဆိုရင်တော့ ပထမဆုံး Facebook ကို Login လုပ်ပြီး မိမိဖွင့်ချင်တဲ့ Facebook page ကို သွားပါ။ မိမိ Response assistant ဖွင့်ချင်တဲ့ Facebook page ကို ရောက်ပြီဆိုရင် Settings ကို သွားပါ။ Settings ကို ဘယ်လိုသွားလဲဆိုတာ အောက်ပါ ပုံကိုကြည့်ပါ။

Unicode Version



Facebook page settings ကို သွားရန်
Facebook page settings ကို သွားရန်

Zawgyi Version

Facebook page ရဲ့ ညာဘက် မှာ Settings ဆိုတာ ရှိပါတယ်။ ပုံမှာ အဝါရောင်နဲ့ Highlight လုပ်ပေးထားပါတယ်။ Settings ထဲကို ရောက်ပြီဆိုပါက စာမျက်နှာရဲ့ ဘယ်ဘက် General အောက်မှာ ရှိတဲ့ Messaging ကို ဖွင့်ပါ။ အောက်ပါပုံကို အတိုင်းမြင်ရမှာ ဖြစ်ပါတယ်။

Unicode Version


Messaging settings ကို မြင်ရပုံ
Messaging settings ကို မြင်ရပုံ

 

Response assistant ဖွင့်ထားပြီး မြင်ရပုံ
Response assistant ဖွင့်ထားပြီး မြင်ရပုံ

Zawgyi Version

အပေါ်ပုံနှစ်ပုံမှာ ပထမပုံက Messaging settings ကို ဝင်ရောက်ပုံဖြစ်ပြီး ဒုတိယပုံကတော့ Messaging setting ထဲမှ ကျွန်တော်တို့ ပြုလုပ်ချင်တဲ့ Response assistant ကို ဖွင့်ပြီးသား မြင်ရပုံဖြစ်ပါတယ်။ Response assistant မဖွင့်ရသေးတဲ့ Facebook page တွေကတော့ ညာဘက်နားက Yes လို့ ပေါ်နေတဲ့ Button မှာ No လို့ ပေါ်နေမှာ ဖြစ်ပါတယ်။ အောက်က စာတွေကတော့ ထည့်ပြီးသားဖြစ်တာကြောင့် ပေါ်နေတာ ဖြစ်ပြီး ခုမှ စဖွင့်မှာဆိုရင်တော့ Facebook ရဲ့ auto ထည့်ပေးထားတဲ့ English စာတွေ မြင်ရမှာ ဖြစ်ပါတယ်။ အဲဒါတွေကို ပြောင်းဖို့အတွက်ကတော့ Change ကို နှိပ်ပြီး ပြောင်းနိုင်ပါတယ်။

Response assistant မှာ ဖွင့်သုံးလို့ရတဲ့ Option ၃ ခု ရှိပါတယ်။ အဲဒါတွေကတော့ –

  • Send Instant Replies to anyone who messages your Page
  • Stay responsive when you can’t get to your computer or phone
  • Show a Messenger Greeting

တို့ပဲ ဖြစ်ပါတယ်။

Send Instant Replies to anyone who messages your page ဆိုတာကတော့ ကိုယ့်ရဲ့ Facebook page ကို Message ပို့လိုက်တဲ့အခါ Facebook က ချက်ချင်း ပြန်ပို့ပေးတဲ့ Message ဖြစ်ပါတယ်။

Stay responsive when you can’t get to your computer or phone ဆိုတာကတော့ ကိုယ့်ရဲ့ Facebook page Message ပို့ပြီး Facebook က Auto response လုပ်ပြီးတာတောင်မှ Message ထပ်ပြီး လက်ခံရရှိတဲ့အခါမှာ ကိုယ်က Online ဖြစ်မနေဘူး မကြည့်ဖြစ်သေးဘူးဆိုရင် Facebook က ထပ်ပြီး ဒီ Message ကို ပို့ပေးပါတယ်။

Show a Messager Greeting ဆိုတာကတော့ Messager ကနေ ကိုယ့်ရဲ့ Facebook page ကို ပထမဆုံး Message ပို့ဖို့ ခေါ်လိုက်တဲ့အခါမှာ နှုတ်ဆက်တဲ့ Message ဖြစ်ပါတယ်။

အပေါ်က Option ၃ ခုကို သဘောပေါက်မယ်လို့ ထင်ပါတယ်။ အောက်ပါ ပုံကို ဆက်ကြည့်ပါ။

Unicode Version



  • Send Instant Replies to anyone who messages your Page
  • Stay responsive when you can’t get to your computer or phone
  • Show a Messenger Greeting






Response message ကို ပြောင်းပုံ
Response message ကို ပြောင်းပုံ
Add personalization ကို ဖွင့်ကြည့်ပုံ
Add personalization ကို ဖွင့်ကြည့်ပုံ

Zawgyi Version

Change button ကို နှိပ်လိုက်ပါက အပေါ်က ပုံကို မြင်ရမှာ ဖြစ်ပါတယ်။ ပုံမှာတော့ ကျွန်တော်က စာတွေကို ပြောင်းထည့်ပြီးသား ဖြစ်နေတာကြောင့် Facebook က English စာတွေ မမြင်ရတော့တာပါ။ ဒီမှာ တစ်ခု ပြောပြချင်တာက Add Personalization ကိုပါ။ Add personalization က ဘာလုပ်ပေးလဲဆိုတော့ စာပို့သူရဲ့ နာမည်ကို Auto ထည့်ပေးတာပါ။ Your website URL ကို ထည့်မယ်ဆိုရင် Page မှာ ထည့်ထားတဲ့ Website url ဝင်သွားမှာပါ။ ကိုယ်ထားချင်တဲ့နေရာမှာ Pointer ချပြီး ထည့်ရတာ ဖြစ်ပါတယ်။ First name, Last name, Full name တွေကိုတော့ မိမိ ကြိုက်နှစ်သက်သလို ထည့်လို့ရပါတယ်။ အားလုံးပြီးရင်တော့ Save ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါဆို Response assistant ဖွင့်တာ အောင်မြင်သွားပါပြီ။

Unicode Version


Zawgyi Version

Response assistant ကို Mobile က ဖွင့်နည်း

Response assistant ကို ဖွင့်ဖို့အတွက်က Facebook page manager ဆိုတဲ့ app ရှိမှ ရမှာ ဖြစ်ပါတယ်။ ရိုးရိုး Facebook ကနေ Facebook page ရဲ့ Setting တွေကို သွားပြင်လို့မရပါဘူး။ Facebook page manager ကတောင် Desktop မှာလောက် Setting တွေ အကုန် ပြင်လို့မရပါဘူး။ Facebook page ကို Smart ကျကျ သုံးချင်တယ်ဆိုရင်တော့ Desktop ကနေ Edit လုပ်ဖို့ လိုပါလိမ့်မယ်။

ပထမဆုံးအနေနဲ့ Facebook page manager မရှိသေးဘူးဆိုရင် Facebook page manager ကို အရင်သွင်းဖို့ လိုပါလိမ့်မယ်။ အောက်မှာ အဆင်ပြေတဲ့နေရာက ရယူပါ။

Google Play Store | Apple Store | APKMirror | 1Mobile

Facebook page manager ရပြီဆိုပါက မိမိ Facebook အကောင့်ကို Login ပြုလုပ်ပါ။ ပြီးပါက မိမိရဲ့ Response assistant ပြုလုပ်မယ့် Page ကို ဝင်ပါ။ ပြီးပါက အောက်ပါပုံကို ကြည့်ပါ။

Unicode Version




Google Play Store | Apple Store | APKMirror | 1Mobile


Mobile ကနေ Page settings ကို ဝင်ပုံ
Mobile ကနေ Page settings ကို ဝင်ပုံ

Zawgyi Version

မိမိ Response assistant ပြုလုပ်မယ့် Page ချလာပြီဆိုရင်တော့ ညာဘက်နားက အဝါရောင် Highlight ပြထားတဲ့ အစက် ၃ စက် ကို နှိပ်ပါ။ အဲဒါက Settings ထဲကို ဝင်တာ ဖြစ်ပါတယ်။ Setting ထဲကို ရောက်ပြီဆိုရင်တော့ အောက်ဆုံးကို ကြည့်လိုက်ပါ။ အောက်ပါပုံအတိုင်း Messaging settings ကို မြင်ရမှာ ဖြစ်ပါတယ်။

Unicode Version


Messaging settings ကို မြင်ရပုံ
Messaging settings ကို မြင်ရပုံ

Zawgyi Version

Messaging Settings ကို တွေ့ပြီဆိုပါက နှိပ်ပြီး ဝင်လိုက်ပါ။ ပြီးပါက အောက်ပါပုံကို ဆက်ကြည့်ပါ။

Unicode Version


Response Assistant ကို မြင်ရပုံ
Response Assistant ကို မြင်ရပုံ

Zawgyi Version

ပုံမှာ မြင်ရတာကတော့ Message ကို ဖွင့်ပြီးသားအနေနဲ့ မြင်ရတာ ဖြစ်ပါတယ်။ မဖွင့်ရသေးဘူးဆိုရင် ဖွင့်ပြီး မိမိရဲ့ Message ကို ထည့်ပါ။ Instant Replies ကတော့ ချက်ချင်း ပြန်ပို့မယ့် Message ပဲ ဖြစ်ပါတယ်။ Enable Away Messages ဆိုတာကတော့ ပထမ Message ပို့ပြီး စာပို့သူမှ ထပ်မံပေးပို့ပါက မိမိ အွန်လိုင်းမရှိတဲ့အခါမှာ ပြန်ပို့မယ့် Message ပဲ ဖြစ်ပါတယ်။ ဒီမှာတော့ Desktop မှာလို့ Greeting message option မပါဝင်ပါဘူး။ Greeting message ကို ဖွင့်လိုပါက PC နဲ့ ဖွင့်မှ ရမှာ ဖြစ်ပါတယ်။ အောက်မှာ Personalization ထည့်ပုံကို ဆက်ကြည့်ပါ။

Unicode Version


Personalization ကို ဖွင့်ပုံ
Personalization ကို ဖွင့်ပုံ
Personalization ကို ထည့်ပုံ
Personalization ကို ထည့်ပုံ

Zawgyi Version

Personalization ဆိုတာကတော့ Message မှာ စာပို့သူရဲ့ Facebook အမည်ကို Auto ထည့်တာနဲ့ Website လိပ်စာကို Auto ထည့်ပေးတာပဲ ဖြစ်ပါတယ်။ ထည့်မယ်ဆိုရင် ထားမယ့် နေရာမှာ Pointer ကို ထားရမှာ ဖြစ်ပါတယ်။ ပြီးရင် ပထမပုံက အသည်းပုံကို နှိပ်ပေးရမှာဖြစ်ပါတယ်။ ဒုတိယပုံကတော့ အသည်းပုံကို နှိပ်လိုက်တဲ့အခါ မြင်ရတဲ့ ပုံပဲ ဖြစ်ပါတယ်။ ဒုတိယပုံမှာ မိမိ ကြိုက်နှစ်သက်ရာကို ရွေးပြီး OK နှိပ်လိုက်ပါ။ ပြီးပါက Save ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Response Assistant ကို အောင်မြင်စွာထည့်ပြီးပါပြီ။

Myanmar End User ရဲ့ ဆောင်းပါးများကို Facebook မှ ဖတ်ပါက MPT အသုံးပြုသူများ အခမဲ့ ဖြစ်ပြီး… အခြားအော်ပရေတာများကတော့ Data ကုန်ကျမှု မရှိသလောက်ပါပဲ… ဒါကြောင့် နည်းပညာဆောင်းပါးများဖတ်ဖို့ အကူအညီများ ရယူဖို့ Myanmar End User ရဲ့ Facebook page ကို Like လုပ်ထားလိုက်ပါ…

Unicode Version



 

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top