You are here
Home > Lifestyle > လေအေးပေးစက်ကို ပြုပြင်ထိန်းသိမ်းခြင်း

လေအေးပေးစက်ကို ပြုပြင်ထိန်းသိမ်းခြင်း

၁။ ဘယ်လောက်ကြာရင် လေအေးပေးစက်ထဲကို ဓါတ်ငွေ့ထပ်ဖြည့်ရမလဲ။

လေအေးပေးစနစ်တွင် ဓါတ်ငွေ့သည် မည်သည့်နေရာသို့မှ မသွား။ လေအေးစနစ်အတွင်း လှည့်ပတ်နေသည်။ ထို့ကြောင့် လေအေးပေးစနစ်မှ ပိုက်များ၊ ပိုက်အဆက်များ လုံနေပါက ပုံမှန်အားဖြင့် ဓါတ်ငွေ့ထပ်ဖြည့်စရာမလိုပါ။ အကြောင်းကြောင်း ကြောင့် ဓါတ်ငွေ့များ ယိုစိမ့်မှသာ ပြန်ဖြည့်ရန်လိုသည်။ သို့သော် အဘယ်ကြောင့် ဓါတ်ငွေ့ယိုစိမ့်ရသနည်း ဟူသော အဖြေကို ရှာကာ အပေါက်ကို ဦးစွာဖာထေးရန် လိုပါသည်။ မဟုတ်ပါက ဓါတ်ငွေ့ထပ်ဖြည့်လျှင်လည်း ခဏသာခံပါလိမ့်မည်။

၂။ လေအေးပေးစက်ကို စက်ပြင်ဆရာခေါ်ပြီး သန့်ရှင်းရေးလုပ်ဖို့လိုသလား။

လေအေးပေးစက်ကို သုံးလတစ်ခါ ခြောက်လတစ်ခါ စသဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်သင့်ပါသည်။ လေအေးပေးစက် ဝန်ဆောင်မှုပေးသော ကုမ္ပဏီကို အကြောင်းကြားပါက သူတို့လာလုပ်ပေးပါလိမ့်မည်။ များသောအားဖြင့် ကွန်ဒင်ဆာနှင့် အီဗာပိုရေတာ ဆန်ကာပေါက်များ၌ တက်နေသောဖုံများကို ရှင်းထုတ်ခြင်း၊ လိုအပ်လျှင် ဓါတုဆေးရည်ဖြင့် ဆေးကြောခြင်း (Chemical cleaning) စသည်တို့ လုပ်ပေးပါလိမ့်မည်။ မိမိဘာသာလည်း လေအေးပေးစက်မှ ဆန်ကာကိုဖြုတ်ပြီး ဆေးကြောသန့်စင်နိုင်ပါ သည်။

၃။ လေအေးပေးစက်ကို စစ်တယ်ဆိုတာ ဘာတွေကိုစစ်တာလဲဆိုသည်မှာ

လေအေးပေးစက်ကို စစ်လျှင် အောက်ပါတို့ကို စစ်လေ့ရှိပါသည်။

(က) စနစ်ထဲမှာ ဓါတ်ငေ့ွအပြည့်ရှိရဲ့လား စစ်သည်။ ဓါငွေ့နည်းနေပြီဆိုလျှင် တစ်နေရာရာတွင် စိမ့်နေမည်။ ထိုနေရာကိုရှာကာ ဖာထေး၊ ပြုပြင်ရန် လိုပါသည်။

(ခ) လျှပ်စစ်ပိုင်းဆိုင်ရာ ဝိုင်ယာများ၊ အထိန်းခလုတ်များ စသည်တို့ကောင်းကောင်းအလုပ်လုပ်မလုပ် စစ်သည်။

(ဂ) အီဗာပိုရေတာကွိုင်နှင့် ကွန်ဒင်ဆာကွိုင်များကို သန့်ရှင်းရေးလုပ်ပေးသည်။

(ဃ) လိုအပ်လျှင် မော်တာကို ဆီထိုးပေးသည်။

(င) သာမိုစတက်ကို ပြန်လည်ချိန်ညှိပေးသည်။

(စ) ကွန်ဒင်ဆာ ကောင်းကောင်းအလုပ် လုပ်မလုပ် စစ်ဆေးသည်။

(ဆ) လေစစ်ဆန်ကာများအား စစ်ဆေးသန့်ရှင်းသည်။

၄။ လေအေးပေးစက်ပိုင်ရှင် အနေနဲ့ ဘာတွေစစ်ဆေး၊ ပြုပြင်၊ ထိန်းသိမ်းလို့ရသလဲဆိုရင်

အိမ်အပြင်ဘက်ရှိ ကွန်ဒင်ဆာယူနစ်ကို စစ်ဆေးပါ။ ကွန်ဒင်ဆာတွင် အမှိုက်သရိုက်များဖြင့် ပိတ်နေလျှင်၊ အဝတ်စများဖြင့် ဖုံးနေလျှင် ၎င်းတို့ကို သန့်ရှင်းပေးပါ။ အချို့ပိုင်ရှင်များက ကွန်ဒင်ဆာယူနစ်ကို အမှိုက်များ၊ ဖုံများမတက်အောင် ကာထား တတ်ပါသည်။ ဤသည်မှာ မှား၏။ ကွန်ဒင်ဆာယူနစ်ကို အပြင်တွင်ထားရန် ဒီဇိုင်းလုပ်ထားသည်ဖြစ်ရာ ဘာမှ ကာရံထားရန် မလိုပါ။ ဤသို့ကာထားလိုက်ခြင်းသည် ကွန်ဒင်ဆာကို အနှောက်အယှက်ဖြစ်စေ၏။

၅။ လေအေးပေးစက်ကို ကိုယ့်ဟာကိုယ် သန့်ရှင်းရေးတို့၊ ပုံမှန်ထိန်းသိမ်းခြင်းတို့ ဘယ်လိုလုပ်ရမလဲ။

(က) ပထမဦးဆုံးစစ်ရမည်မှာ အိမ်အပြင်ဘက်၌ တပ်ဆင်ထားသော ကွန်ဒင်ဆာယူနစ်ဖြစ်ပါသည်။ ကွန်ဒင်ဆာယူနစ်ကို ဘာနှင့်မှ ပိတ်ဆို့မနေပါစေနှင့်။ သန့်ရှင်းပေးပါ။

(ခ) လေအေးပေးစက်ရှေ့ရှိ ဆန်ကာကိုဖြုတ်ဆေးပေးပါ။

လေအေးပေးစက် ချွတ်ယွင်းမှု တစ်စုံတစ်ရာ ဖြစ်ပေါ်သည်ဟု သံသယရှိပါက ကျွမ်းကျင်သူများကိုသာခေါ်ယူစစ်ဆေးသင့်ပါသည်။မိမိကိုယ်တိုင် ပြင်ဆင်ခြင်း မကျွမ်းကျင်သူများအား ခေါ်လုပ်ခြင်းဖြင့် မိမိ၏တန်ဘိုးကြီးသောစက်အား ပို၍ပျက်စီးစေနိုင်ပါသည်။

၆။ မဟာထွဏ်း Air Con Serviceက ဘယ်လို ဝန်ဆောင်မှုတွေ ပေးမှာလဲ။

လူကြီးမင်းတို့ နေအိမ်အဆောက်အဦးများနှင့် စက်ရုံအလုပ်ရုံများရှိ Air Con များအား ပြုပြင်ပေးခြင်း ဆေးကြောသန့်စင်ခြင်းနှင့် အသစ်တပ်ဆင်ခြင်းများကို ဖုန်းဆက်ရုံဖြင့် အမြန်ဆုံး အိမ်အရောက် ဝန်ဆောင်မှု ပေးမှာပါ။

ဆက်သွယ်ရန်

မဟာထွဏ်း Air Con Service
အမှတ် ၅၄၁ အောက်မင်္ဂလာဒုံလမ်းမကြီး ရွာသစ်အရှေ့ အင်းစိန်မြို့နယ်
09-421132117
09-254180356

[Unicode]























09-421132117
09-254180356

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top