PC & MobileWindows

ကွန်ပျူတာ အမည် (hostname) ကို ဘယ်လိုကြည့်မလဲ

0

ကွန်ပျူတာ အမည် (hostname)

Computer တိုင်းမှာ နာမည်လေးတွေ ရှိကြပါတယ်။ Network တစ်ခုထဲမှာ ကွန်ပျူတာ အမည် တူနေလို့ မရပါဘူး။ အမည်တူနေရင် ကွန်ယက်ထဲမှာ ပြဿနာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကွန်ယက်တစ်ခုတည်းက ကွန်ပျူတာတွေကို အမည်မတူအောင် ပေးထားရပါတယ်။ ကွန်ပျူတာ အမည် (hostname) သိပါက Network ကနေ အဲဒီ ကွန်ပျူတာရဲ့ Share file တွေကို ယူသုံးနိုင်ပါတယ်။  ဒါမှမဟုတ် IP address နဲ့ ယူသုံးရမှာပါ။ IP address တွေက နံပါတ်တွေ ဖြစ်တဲ့အတွက် မှတ်ရတာ ခက်တယ်။ ပြီးတော့ Auto DHCP ဖြစ်နေရင် IP address နဲ့ အသေမှတ်ထားလို့ မရနိုင်ပါဘူး။ အဲဒီလိုဆိုရင် ကွန်ပျူတာ အမည်နဲ့ မှတ်ပြီး ခေါ်ယူရမှာ ဖြစ်ပါတယ်။

ကွန်ပျူတာ အမည်ကို ဘယ်လိုသိနိုင်မလဲ

အလွယ်ကူဆုံးကတော့ Command Prompt ကနေ hostname လို့ ရိုက်ကြည့်လို့ ရနိုင်ပါတယ်။ ဒါမှမဟုတ် My Computer ရဲ့ Properties မှာ ကြည့်နိုင်ပါတယ်။

Command Prompt ကို ခေါ်ဖို့အတွက် Windows key ကို နှိပ်လိုက်ပါ။ Search box မှာ cmd လို့ ရိုက်ပါ။ cmd.exe ကို ဖွင့်ပါ။
ပုံမှာ ပြထားတဲ့အတိုင်း hostname လို့ ရိုက်ပြီး ကြည့်နိုင်ပါတယ်။

hostname from cmd

Command Prompt မှ hostname ရိုက်၍ ကွန်ပျူတာ အမည်ကို ကြည့်ပုံ

My Computer ရဲ့ Properties မှ ကွန်ပျူတာ အမည်ကို ပုံမှာ အဝါရောင်နဲ့ ခြယ်ပေးထားပါတယ်။

hostname from my pc's properties

ကွန်ပျူတာ အမည် ကို My Computer (My PC) Properties မှ ကြည့်ပုံ

Linux နဲ့ Mac မှာ ဆိုရင်တော့ Terminal ကနေ hostname လို့ ရိုက်ကြည့်နိုင်ပါတယ်။ ဒါမှမဟုတ် PC Detail ကနေလည်း ကြည့်နိုင်ပါတယ်။

ဘေးဘောင်မဲ့ မျက်နှာပြင်ပြည့် စမတ်ဖုန်း CAMON CM

Previous article

မြန်မာရဲ့ လူကြည့်အများဆုံး ဝဘ်ဆိုက် ၂၀ တွင် ထိပ်တန်း Porn ဝဘ်ဆိုက်ကြီး ၃ ခုပါဝင်

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in PC & Mobile